ဘာစီလိုနာ၊ သြဂုတ် ၁

နယ်စပ် ကုန်းလမ်း ရေလမ်းကနေဖြတ်ကျော်ပြီး စပိန်နိုင်ငံရဲ့ မြောက်အာဖရိက ကျွန်း သေဥတာသို့ ရောက်ရှိလာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ၅၀၀၀ ကျော်ဟာကိုယ့်သဘောနဲ့ကိုယ် ပြန်သွားကြပြီလို့ စပိန် အစိုးရက ဇူလိုင် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။

စပိန်နယ်စပ်မှာ အလောင်း ၅၇ လောင်း ရှာတွေ့ထားတယ်လို့ သေဥတာကျွန်းရှိ စပိန်အစိုးရ ကိုယ်စားလှယ်က ပြောကြားပြီး မော်ရိုကိုဖက်ခြမ်းမှာ နောက်ထပ် သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

တချို့က ရေနစ် သေဆုံးတာ ဖြစ်ပြီး တချို့ဟာ နယ်စပ် ခြံစည်းရိုးကို ထိန်းထားပေးတဲ့ လှိုင်းကာ တံတိုင်းကို ကျော်တက်ဖို့ ကြိုးစားရင်း လူအုပ်ပိပြီး သေဆုံးတာ ဖြစ်ပါတယ်။

ဇူလိုင် ၃၀ ရက် မနက်ပိုင်းကတည်းက လူ ၅၀၀၀၀ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ဇူလိုင် ၃၁ ရက် ညနေ ၆ နာရီက လူပေါင်း ၄၈၃၀၀ ပြန်ထွက်သွားတယ်လို့ စပိန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

သေဥတာ အစိုးရ အဖွဲ့ ခေါင်းဆောင် ဟွန် ဂျီးဆပ်စ် ဗီဗက်စ်က ပြီးခဲ့တဲ့ နှစ်ရက်က လူပေါင်း ၆၀၀၀၀ လောက်အထိ နယ်စပ် ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မော်ရိုကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်သလို မျက်ရည်ယိုဗုံးတွေနဲ့လည်း ပစ်ခတ်ခဲ့ပြီး စပိန် နယ်မြေထဲသို့ မဝင်နိုင်အောင် တားဆီးခဲ့ကြပါတယ်။

နယ်စပ်မှာ ထွက်ပြေးရတဲ့ အခြေအနေကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပြီးနောက် ဥရောပကို သဘောထား ကွဲလွဲစေခဲ့ပြီး အီးယူ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ စပိန်ကို တိုက်တွန်းထားပါတယ်။

အီတလီက စပိန်နဲ့ သဘောတူထားတဲ့ ဥရောပသမဂ္ဂရဲ့ လွတ်လပ်တဲ့ နယ်စပ် ရှန်ဂန် အစီအစဉ်တွေကို ဆိုင်းငံ့လိုက်ကြောင်း ပြောပါတယ်။

အဲဒီ အစီအစဉ်ကို အကောင်အထည်ဖော်မယ်ဆိုရင် နှစ်နိုင်ငံကြား လေယာဉ် ဒါမှမဟုတ် လှေနဲ့ ခရီးသွားသူတွေအပေါ် သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

အဲဒီ လုပ်ရပ်ဟာ အီးယူ သဘောတူညီမှုတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ မက်ဒရစ် အစိုးရက ပြောပါတယ်။

မော်ရိုကို နယ်စပ် ခြံစည်းရိုးတွေအနီး စုဝေးလာတဲ့ လူအုပ်ထဲက တချို့ကို လူစုခွဲဖို့ မော်ရိုကို ရဲတပ်ဖွဲ့က ဖျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မီးသတ်ကားတွေလည်း ချထားပြီး လူအုပ်ကြီးနဲ့ ပဋိပက္ခ ဖြစ်ပွားရာ နေရာမှာ ဘတ်စ်ကား တစ်စီးနဲ့ တခြား ကား ၇ စီး မီးလောင်ကျွမ်းနေတာ မြင်တွေ့ခဲ့ရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

တခြား တစ်ဖက် နယ်စပ်မှာ စပိန် စစ်ကားတွေက နယ်စပ်တလျှောက် ပိတ်ထားပြီး မော်ရိုကိုဖက် တောင်ကုန်းပေါ်က ရွှေ့ပြောင်းနေထိုင်သူတွေ ငေးမော ကြည့်ရှုနေကြပြီး နယ်စပ်ကို မဖြတ်သန်းနိုင် ဖြစ်ခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေဟာ စပိန်နိုင်ငံ သေဥတာကျွန်းကို ရောက်ရှိနိုင်ခဲ့ပေမယ့် စားစရာနဲ့ ရေရှာလို့ မရခဲ့ဘူးလို့ သိရပါတယ်။

မော်ရိုကိုကနေ ၅ နာရီကျော်ကြာ ရေကူးပြီး သေဥတာကျွန်းသို့ ရောက်ရှိလာခဲ့ပေမယ့် ကောင်းတာ တစ်ခုမှ ဖြစ်မလာသလို ကျေနပ်စရာလည်း ဘာတစ်ခုမှ မရှိတာကြောင့် မော်ရိုကိုသို့ ပြန်လာတာ ဖြစ်တယ်လို့ အသက် ၂၀ အရွယ် ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးက ပြောပါတယ်။

သေဥတာကျွန်းမှာ ကျွန်တော်တို့အတွက် ဘာစားစရာမှာ မရှိဘဲ စပိန် စစ်တပ်က ကျွန်တော်တို့ကို ဆိုးဆိုးရွားရွား မောင်းထုတ်ခဲ့တယ်လို့ မောရိုကိုနိုင်ငံ လာရာချီမြို့မှာ ဆံသဆရာ အဖြစ် အလုပ်လုပ်သူ တန်ဂျီရာက ပြောပါတယ်။

စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် ဇူလိုင် ၃၁ ရက်မှာ သေဥတာကျွန်းသို့ သွားရောက်ခဲ့ပြီး သူ့ကို ဆန္ဒပြသူတွေက ဆဲရေးတိုင်းထွာခဲ့ကြပါတယ်။

လူတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုဟာ စပိန်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်တာ ဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကို နှင်ထုတ်ဖို့ အာဏာပိုင်တွေ အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒီလို လုပ်ဆောင်ရာမှာလည်း မော်ရိုကိုက အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ စပိန်ဝန်ကြီးချုပ်က ပြောပါတယ်။

မော်ရိုကို မြောက်ပိုင်းရှိ သေဥတာနဲ့ မယ်လီလာမြို့ဆို့ဟာ စပိန်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ ဖြစ်ပြီး ဥရောပသမဂ္ဂနဲ့ အာဖရိကကြား တစ်ခုတည်းသော ကုန်းလမ်းနယ်စပ် ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.