August 2026

ကရင်နီ ခေါင်းဆောင် ဦးအောင်ဆန်းမြင့် ကွယ်လွန်မှု ကြီးမားတဲ့ ဆုံးရှုံးမှုလို့ သဝဏ်လွှာ ပေးပို့

မော်လမြိုင် ၊ ဩဂုတ် ၃၁ ကရင်နီအမျိုးသားတိုးတက်‌‌ရေးပါတီ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ဥက္ကဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဝမ်းနည်းကြောင်း သဝဏ်လွှာ ကိုယ်စီပေးပို့ကြပါတယ်။ အသက် ၆၃ နှစ်အရွယ် ဦးအောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ရုံမှာ ဆေးဝါးကုသမှုခံယူနေစဉ် ဩဂုတ် ၃၀…

တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ကျော်လွန်လာလို့ လူပေါင်း ထောင်ချီ အရေးပေါ်ရွှေ့ပြောင်း

တနင်္သာရီ၊ ဩဂုတ် ၃၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ တနင်္သာရီမြစ်ရေဟာ အန္တရာယ်ရေမှတ်ထက် ကျော်လွန်တာကြောင့် လူပေါင်း ထောင်ချီ အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ သြဂုတ် ၃၁ ရက်နေ့ မနက်ပိုင်း တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေမှတ် ၁၇ ပေ၊ အန္တရာယ်ရေမှတ် ၂၄ ပေထက် ကျော်လွန်ပြီး ၂၅ ပေ…

အစ္စရေးသံရုံးရှေ့မှာ ဆန္ဒပြဖို့ ထိုင်းအမျိုးသားရေးအဖွဲ့ စီစဉ်

ဘန်ကောက် ဩဂုတ် ၃၁ ဘန်ကောက်မြို့က အစ္စရေးသံရုံးအနီးမှာ စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဆန္ဒပြပွဲပြုလုပ်သွားမယ်လို့ ထိုင်းအမျိုးသားရေးအဖွဲ့တစ်ခုဖြစ်တဲ့ Thai Mai Thon က ကြေညာလိုက်ပါတယ်။ ဆန္ဒပြရတဲ့ အဓိကအကြောင်းရင်းကတော့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အစ္စရေးနိုင်ငံသား တချို့ရဲ့ ထိုင်းလူမျိုးတွေအပေါ် မလေးမစားပြုမူတာတွေရှိနေတယ်လို့ အဖွဲ့ဘက်က ယူဆတာကြောင့် အစ္စရေးသံအမတ်ကြီးအနေနဲ့ အရေးယူတားဆီးပေးဖို့…

အနာဂတ် စစ်ခေါင်းဆောင်တွေကို နိုင်ငံ့အာဏာရယူနိုင်အောင် စစ်တပ်လမ်းကြောင်းနေ

နေပြည်တော် ၊ ဩဂုတ် ၃၀ အာဏာသိမ်းစစ်တပ်ရဲ့ အင်စတီကျူးရှင်းကို အမြစ်တွယ်ခိုင်မာအောင် တည်ဆောက်ထားတဲ့ စစ်တက္ကသိုလ်မှာ တက်ရောက်နေကြတဲ့ မျိုးဆက်သစ် အနာဂတ် စစ်ခေါင်းဆောင်တွေကို နိုင်ငံ့အာဏာရယူနိုင်အောင် လမ်းကြောင်းလာနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းတွင်ခဲ့တဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဗိုလ်လောင်းတွေ ဘွဲ့လွန်သင်တန်းသားတွေနဲ့ အရာရှိစစ်သည်တွေကို တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဝါဒမှိုင်းတစ်ခု…

မွန်မှာ DKBA ၊ PC နဲ့ BGF အဖွဲ့တွေ တရားမဝင် လုပ်ငန်းတွေနဲ့ ထင်တိုင်းကြဲခွင့်ရနေ

မော်လမြိုင် ၊ ဩဂုတ် ၃၀ မွန်ပြည်နယ်မှာ စီးပွားရေးလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DKBA ၊ PC နဲ့ BGF တို့ဟာ စစ်တပ်နဲ့ပူးပေါင်းပြီး တရားမဝင် လုပ်ငန်းတွေနဲ့ ထင်တိုင်းကြဲခွင့်ရနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်းမှာ DKBA ၊ PC နဲ့ BGF တပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေ သယ်ယူပို့ဆောင်တာ၊…

နယ်စပ်မှာ ထိုင်းနဲ့ KNU ပူးပေါင်းပြီး တရားမဝင်သစ်တွေ ဖမ်းဆီးခဲ့

ဖာပွန်၊ သြဂုတ် ၃၀ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းတစ်လျှောက်မှာ ထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး တရားမဝင်သစ်တွေ ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲရာထာစစ်ဆေးရေးဂိတ်မှာ တရားမဝင် သစ်လုံး ၄၅ လုံး၊ သြဂုတ် ၂၆ ရက်နေ့က သံလွင်မြစ်ကမ်း ထိုင်းဘက်ခြမ်းမှာ တရားမဝင် သစ်လုံး…

မဲပေးခွင့်နဲ့ အရပ်သား အခွင့်အရေး ရုတ်သိမ်းခံရမှုတွေအတွက် ဝါရှင်တန်မှာ လူထောင်ချီ ဆန္ဒပြ

ဝါရှင်တန်၊ သြဂုတ် ၂၉ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခုကျော်က မာတင် လူသာကင်း ဂျူနီယာ တိုက်ပွဲဝင်ပြီး အသက်ပေးခဲ့ရတဲ့ မဲပေးခွင့်တွေနဲ့ တခြား လွတ်လပ်ခွင့်တွေ တခါပြန် ခြိမ်းခြောက်ခံလာနေရပြီ ဖြစ်ကြောင်း သတိပေးဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ သြဂုတ် ၂၈ ရက်က လူထောင်ချီ ချီတက်ခဲ့ကြပါတယ်။ အရပ်သား အခွင့်အရေး တောင်းဆိုနေတဲ့ ခေါင်းဆောင်တွေက…

စစ်မှုထမ်းခေါ်ယူမယ်ဆိုတဲ့ သတင်းကြောင့် ရုရှားနိုင်ငံသား တစ်သိန်းကျော် ဂျော်ဂျီယာသို့ ထွက်ခွာ

မော်စကို၊ သြဂုတ် ၂၉ စစ်မှုထမ်း ခေါ်ယူမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေထွက်ပေါ်လာပြီးနောက် တစ်ပတ်အတွင်း ရုရှားနိုင်ငံသား ၁၁၃၀၀၀ ဟာ ဗာခနီလားစ် စစ်ဆေးရေးဂိတ်က တဆင့် ဂျော်ဂျီယာနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရပါတယ်။ သြဂုတ် ၂၀ ရက် တစ်ရက်တည်းမှာ လူ ၂၀၀၀၀ ကျော် အဲဒီ နယ်စပ်ဂိတ်က ဖြတ်သန်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အရေအတွက်ဟာ…

ကျိုက်မရောမှာ ကျေးရွာပေါင်း ၃၀ နီးပါး ရေနစ်မြှုပ်

ကျိုက်မရော၊ ဩဂုတ် ၂၉ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္ထရံမြစ်ရေ ဆက်လက်မြင့်တက်လာတာကြောင့် ကျေးရွာပေါင်း ၃၀ နီးပါး ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္ထရံမြစ်ရေ ဆက်တိုက်မြင့်တက်လာတာကြောင့် ကျိုက်မရောမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တွေအပါအဝင် အတ္ထရံမြစ်ကမ်းဘေးက ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ…

မော်လမြိုင် ဓါးပြတိုက်မှုမှာ သံသယရှိသူ တစ်ဦး ဖမ်းဆီးရမိ

မော်လမြိုင်၊ဩဂုတ်၂၉ မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ် ဓါးပြတိုက်ခံရမှုမှာ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ သြဂုတ် ၂၈ ရက်နေ့ မနက် ၄ နာရီအချိန်လောက်မှာ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ်ကို ပစ္စတို သေနတ် သုံးလက် ကိုင်ဆောင်ကာ မျက်နှာဖုံစွပ်ထားတဲ့ အမည်မသိ လူသုံးဦးက…