ဝါရှင်တန်၊ သြဂုတ် ၂၉

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခုကျော်က မာတင် လူသာကင်း ဂျူနီယာ တိုက်ပွဲဝင်ပြီး အသက်ပေးခဲ့ရတဲ့ မဲပေးခွင့်တွေနဲ့ တခြား လွတ်လပ်ခွင့်တွေ တခါပြန် ခြိမ်းခြောက်ခံလာနေရပြီ ဖြစ်ကြောင်း သတိပေးဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ သြဂုတ် ၂၈ ရက်က လူထောင်ချီ ချီတက်ခဲ့ကြပါတယ်။

အရပ်သား အခွင့်အရေး တောင်းဆိုနေတဲ့ ခေါင်းဆောင်တွေက မာတင် လူသာကင်း တောင်းဆိုခဲ့တဲ့ အချက်တွေကိုပဲ တောင်းဆိုကြပြီး တန်းတူညီမျှမှုအတွက် တိုက်ပွဲ မပြီးဆုံးသေးဘူးလို့ ပြောဆိုနေကြတာပါ။

၂၀၂၆ ဝါရှင်တန် ချီတက်ပွဲ၊ ရွေးကောက်ပွဲ ကာကွယ်ရေး ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ အဲဒီ ချီတက်ပွဲမှာ သမဂ္ဂ ခေါင်းဆောင်တွေ၊ ကျောင်းသားတွေ၊ Black Greek-letter အဖွဲ့အစည်း အဖွဲ့ဝင်တွေနဲ့ နိုင်ငံတဝှမ်းက ရောက်လာတဲ့ အရွယ်စုံ လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။

အခုနှစ်အတွင်း မဲပေးခွင့်ဆိုင်ရာ အက်ဥပဒေရဲ့ အဓိက ပုဒ်မ တစ်ခုကို နိုင်ငံတော် တရားရုံးက အားနည်းသွားအောင် လုပ်ဆောင်ခဲ့ပြီးနောက် အခုလို ချီတက် ဆန္ဒပြပွဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲအတွက် ရီပက်ဘလေကန်တွေ ဦးဆောင်တဲ့ လွှတ်တော်တွေက လွှတ်တော်ဆိုင်ရာ လမ်းပြ မြေပုံတွေကို အလျင်အမြန် ပြန်လည် ရေးဆွဲရေး ရက်ပိုင်းအတွင်း ဆောင်ရွက်ခဲ့ကြပါတယ်။

အခု တိုက်ပွဲမှာ မိမိတို့အနေနဲ့ အားကြီးတဲ့ အင်အားစုတွေကို တိုက်ခိုက်နေရတယ်ဆိုတာ သိပေးမယ့် အဲဒီ အချက်ကြောင့်ပဲ မိမိတို့ ဒီကနေ့ ချီတက် ဆန္ဒပြတာ ဖြစ်တယ်လို့ အရပ်သားများ အခွင့်အရေးအဖွဲ့ အမျိုးသား မြို့ပြလိဂ်ရဲ့ အမှုဆောင်အရာရှိချုပ် မာ့စ် မိုရီရယ်က ပြောပါတယ်။

အမေရိကန် နိုင်ငံသားတွေအတွက် လူမျိုးတွေအားလုံး ကဏ္ဍတွေ အားလုံးရဲ့ စိတ်သဘောထားကောင်းများ ထွက်ပေါ်လာရေး မိမိတို့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး တတ်နိုင်သလောက်အားနဲ့ ပြန်တွန်းသွားမယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ ချီတက် ဆန္ဒပြပွဲကို Al Sharpton’s National Action Network နဲ့ Martin Luther King 3 အဖွဲ့ Arndrea ⁠Waters King’s Drum Major Institute တို့က ဦးဆောင်ခဲ့တာ ဖြစ်ပြီး အရပ်ဖက် အဖွဲ့ ၉၀ ကျော် လက်တွဲ ပါဝင်ခဲ့ကြပါတယ်။

မဲပေးခွင့်ကို ကာကွယ်ရေးဟာ မိမိတို့ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်ကို ကာကွယ်တဲ့ သဘော ဖြစ်တယ်လို့ Martin Luther King 3 ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို အရေးကြီးတဲ့ အချိန်တွေမှာ အမေရိကန် ပြည်သူတွေရဲ့အခွင့်အရေးတွေကို ပြန်ရုတ်သိမ်းမှုအပေါ် ထိပ်တိုက်ရင်ဆိုင်ရေး ချီတက်လာတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြား ပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်က အဝေးရောက် မဲပေးမှုတွေကို တားဆီးဖို့ ကြိုးပမ်းနေပြီး ဖက်ဒရယ်အစိုးရ အဖွဲ့ တဝှမ်း ခွဲခြားမှု တားဆီးရေး အကာအကွယ်တွေ အားနည်းအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.