ဆင်ပေါင်ဝဲမြို့မှာ စစ်တပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုကြောင့် လူ ၅၀ ဦးထက်မနည်း သေဆုံး

မကွေး နိုဝင်ဘာ ၂၈

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ ဦးဝန်းကျင်သေဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နိုဝင်ဘာ၂၆ ရက် မနက် ၁၁ နာရီ ဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က ဆင်ပေါင်ဝဲ မြို့က အင်းယုံကျေးရွာစာသင်ကျောင်း ကို ကာမီကာဇေ ၄ စီး၊ လေယာဉ်ဗုံး ၂ လုံး၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

“ချောတိုင်တက်ပွဲ လုပ်နေချိန်မှာ ပစ်သွားတာ။ ဆေးရုံတွေမှာ ခွေးတွေစောင့်နေကြတော့ အချိန်မီ ကုသမှုတွေလည်း မရကြဘူး။” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဆဲ ဖြစ်ပြီး ဆေးကုသနိုင်မယ့် နေရာတွေမှာ နေရာယူထားတာတွေ ရှိနေတာကြောင့် လက်ရှိအချိန်ထိ မကုသနိုင်သူတွေ ရှိနေသေးပြီး သေဆုံးမှု ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။

လေကြောင်း တိုက်ခိုက်ခံရတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၄၀ ဝန်းကျင်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးတယ်လို့ သိရပါတယ်။

ဆင်ပေါင်ဝဲမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်ဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ် ကျောက်တော်စျေး တိုက်ခိုက်ခံရမှုအပြီး ဒုတိယ ပြည်သူ ထိခိုက်သေဆုံးမှု အများဆုံးလည်းဖြစ်ပါတယ်။

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ ဦးဝန်းကျင်သေဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကသံလွင်တိုင်းမ်ကိုပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.