အီရန် ဒုံးကျည်တွေ ဥရောပသို့ ပစ်ခတ် ရောက်ရှိနိုင်ပြီး နျူ ကပ်ဘေး ဖြစ်လာနိုင်တယ်လို့ ထရန့် သတိပေး

ဖလော်ရီဒါ ၊ နိုဝင်ဘာ ၂၈

အီရန်နိုင်ငံသာ နျူကလီးယား လက်နက် ပိုင်ဆိုင်သွားမယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာ နျူကလီးယား ကပ်ဘေးဆိုက်လာနိုင်ပြီး တီဟီရန်ရဲ့ ဒုံးကျည်တွေ ဥရောပအထိ ပစ်ခတ် ရောက်ရှိလာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ်ရှိ သူ့ရဲ့ Mar-a-Lago အိမ်ကနေ အမေရိကန် စစ်မှုထမ်းတွေဆီ ကျေးဇူးတော်နေ့ ဆက်သွယ်မှုအတွင်း ထရန့်က အခုလိုမျိုး သတိပေးလာတာပါ။

အီရန်က ဥရောပ ပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်တယ်လို့ သူက ပြောကြားပေမယ့် အမေရိကန်နိုင်ငံအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်း မရှိဘူးလို့ သူက ပြောပါတယ်။

သူတို့မှာ ဥရောပအထိ ပစ်ခတ် ရောက်ရှိနိုင်တဲ့ စွမ်းပကား ရှိပြီး မိမိတို့ဆီကို မရောက်ရှိနိုင်ပေမယ့် ဥရောပအထိ ပစ်ခတ် ရောက်ရှိနိုင်စွမ်း သူတို့မှာ ရှိတယ်လို့ ထရန့်က ပြောပါတယ်။

အီရန်အနေနဲ့ သူ့တို့ရဲ့ သဘောထား ရပ်တည်ချက်ကို ပြန်လည် စဉ်းစားဖို့ ဝါရှင်တန်က အခွင့်အရေး ပေးထားတယ်လို့လည်း သမ္မတက ပြောပါတယ်။

စစ်ရေးအရ အရေးယူဖို့ လိုအပ်လာရင် အမေရိကန်က အဓိက တည်နေရာ တစ်ခုကို ပစ်မှတ်ထားနိုင်တယ်လို့ သူက သတိပေးထားပါတယ်။

အီရန်ကို နျူကလီးယား လက်နက်တွေ ထုတ်လုပ်ခွင့် ပေးလိုက်ရင် အရှေ့အလယ်ပိုင်း ဒေသတဝန်း ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပြီး ဒေသတွင်းရှိ အစ္စရေးနဲ့ တခြားနိုင်ငံတွေ အန္တရာယ် ကျရောက်လာမှာ ဖြစ်ကြောင်း ထရန့်က သတိပေးထားပါတယ်။

အီရန် ခေါင်းဆောင်တွေဟာ ရူးသွပ်နေသူတွေ ဖြစ်ပြီး တီဟီရန်ကို နျူကလီးယား လက်နက် ပိုင်ဆိုင်ခွင့် အမေရိကန်က လုံးဝ ခွင့်ပြုမှာ မဟုတ်ကြောင်း သမ္မတထရန့်က ထပ်မံအတည်ပြုပါတယ်။

အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ရေနံတွေ အပေါ် မှိခိုနေတာ မဟုတ်ပေမယ့် ဒေသတွင်း ငြိမ်းချမ်းရေး လိုချင်တယ်လို့လည်း ထရန့်က ပြောပါတယ်။

ဒေသတွင်း နိုင်ငံတွေအနေနဲ့ သူတို့ကို သူတို့ ကာကွယ်နိုင်တဲ့ အခြေအနေရောက်တဲ့အထိ အမေရိကန်က ဆက်လက် ကူညီ ထောက်ပံ့ပေးသွားမယ်လို့လည်း ဆိုပါတယ်။

နေတိုး အဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ် ရူသီနဲ့ တွေ့ဆုံချိန်ကလည်း အီရန် အကြောင်းကို ဆွေးနွေးခဲ့တယ်လို့ ထရန့်က ပြောပါတယ်။

ရုရှားနဲ့ တရုတ်က အီရန်ကို ထောက်လှမ်းရေး သတင်းတွေ ပို့ပေးနေပြီး အမေရိကန် စစ်ရေး ပစ်မှတ်တွေကို တီဟီရန်က ဖော်ထုတ်နိုင်အောင် ကူညီပေးနေတာ ဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထန့်ရန့်က ပယ်ချထားပါတယ်။

အမေရိကန်က တခြားနိုင်ငံတွေကို ထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ထရန့်က အသိပေးထားပါတယ်။

ရုရှားက အီရန်ကို ထောက်လှမ်းရေး သတင်းတွေ ပေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ထရန့်က မော်စကိုအနေနဲ့ အကူအညီ များများစားစား ပေးတာမရှိဘူးလို့ ယုံကြည်ကြောင်း တုံ့ပြန်ပါတယ်။

ရုရှားနဲ့ တရုတ် နှစ်နိုင်ငံစလုံးက စစ်ပွဲ အဆုံးသတ်စေလိုပြီး စစ်ပွဲ အဆုံးသတ်ရေး မိမိကို ကူညီပေးနေကြတယ်လို့ သမ္မတထရန့်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:GulfNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.