အခုနှစ်ရာသီမှာ မွန်ပြည်နယ်က ငါးဖမ်းလုပ်ငန်းတွေ အရှုံးပေါ်

0
20
23 NOVEMBER 2017 - YANGON, MYANMAR: Sorting fish in the San Pya Fish Market. San Pya Fish Market is one of the largest fish markets in Yangon. It's a 24 hour market, but busiest early in the morning. Most of the fish in the market is wild caught but aquaculture is expanding in Myanmar and more farmed fresh water fish is being sold now than in the past. PHOTO BY JACK KURTZ

မော်လမြိုင် ၊ မေ ၁

မွန်ပြည်နယ်အတွင်းရှိ ကမ်းနီးကမ်းဝေးငါးလုပ်ငန်းတွေဟာ ကုန်ဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် အခုနှစ်ငါးဖမ်းရာသီမှာ အရှုံးပေါခဲ့တယ်လို့ ငါးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းရာသီကို နှစ်စဉ်ဇူလိုင်လကနေ ဧပြီလကုန်အထိ သတ်မှတ်ထားပေမယ့် ဒီနှစ်မှာတော့ ငါးရရှိမှု သိသိသာသာ ကျဆင်းလာတာ၊ ကုန်ကျစရိတ်ကြီးမြင့်တာနဲ့ ငါးဈေးထင်သ လောက် မကောင်းတာကြောင့် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ဒါ့အပြင် ငါးဖမ်းရာသီအတွင်း သဘာဝဘေးဖြစ်တဲ့ မုန်တိုင်းကြောင့် ငါးအထိအမိနည်းပါးခဲ့ရသလို တရားမဝင် ငါးဖမ်းလှေတွေနဲ့ တရားမဝင်သံဇကာပိုက်တွေကြောင့် ငါးရရှိမှု သိသိသာသာ ကျဆင်းခဲ့ရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

ငါးလုပ်ငန်းရှင် တစ်ဦးကတော့ ငါးလုပ်ငန်းတွေမှာ အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်ပြီး အရင်ကထက် ငါးရရှိမှုနည်းတာကြောင့် ငါးလုပ်ငန်းရှင် အများစုအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

“အားလုံး အရှုံးပေါ်ကြတယ်။ အဓိက နံပါတ် ၁ ဆီဈေးကြီးတယ်။ ရေခဲဈေးကြီးတယ်။ လုပ်သားစရိတ်တွေတက်တယ်။ နောက်ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်သွားတယ်။ ဆိုတော့ပင် လယ်ပြင် ငါးရရှိမှုကလည်း အခါတိုင်းနှစ်ထက် စာရင်လျော့သွားတာပေါ့နော်။ အဲဒီလိုဆိုတော့ ပုံစံကဘာဖြစ်လဲဆိုတော့ ရငွေနဲ့ ထွက်ငွေမှာ ထွက်ငွေက ပိုများသွားတာပေါ့”လို့ ဆိုပါတယ်။

ကမ်းနီးကမ်းဝေးငါးလုပ်ငန်းရှင်တွေဟာ ကုန်ကျစရိတ်ကြီးမြင့်ပြီး ငါးရရှိမှုနည်းတဲ့အတွက် ငါးဖမ်းရာသီမကုန်ခင်မှာဘဲ လုပ်ငန်းလျော့ချခဲ့တာတွေရှိသလို တချို့လုပ်ငန်းရှင်တွေက လုပ်ငန်းလည် ပတ်ရုံလောက်သာ လုပ်ကိုင်တာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေက တရားမဝင် ငါးဖမ်းလှေတွေနဲ့ တရားမဝင် သံဇကာပိုက်တွေကို အရင်လို ထိထိရောက်ရောက် အရေးယူမှုမရှိတဲ့အတွက် ငါးသ ယံဇာတတွေ ပြုန်းတီးပြီး ငါးရရှိမှု သိသိသာသာ လျော့နည်းခဲ့တာပါ။

ကမ်းနီးကမ်းဝေးငါးလုပ်ငန်းတွေဟာ ငါးဖမ်းရာသီအစကတည်းက ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ခဲ့ရသလို ငါးဖမ်းလှေနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်း ဈေးနှုန်းကြီးမြင့်မှုတွေကိုပါ ခံစားခဲ့ရပါတယ်။

မွန်ပြည်နယ်မှာတော့ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပေါင်း ၃၀၀၀ ကျော် ရှိပြီး နှစ်စဉ်ငါးလုပ်ငန်းမှ ငါးတန်ချိန် သိန်းနဲ့ချီ ထွက်ရှိနေကာ ထွက်ရှိလာတဲ့ ငါးတွေကိုတော့ တရုတ်နိုင်ငံထံ အဓိကတင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.