သံလွင်တိုင်းမ်းအကြောင်း

ဒေသတွင်း သတင်းမီဒီယာဖွံ့ဖြိုးအားကောင်းရေး၊ တိုင်းရင်းသားတို့၏ အသံကို မြှင့်တင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် မွန်ပြည်နယ်ရှိ အများအရေးစိတ်ဝင်စားသူများက စုပေါင်းပြီး သံလွင်တိုင်းမ်သတင်းဌာနကို ၂၀၁၂ ခုနှစ်၊ မေလ(၇)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။

ယခုအခါ သံလွင်တိုင်းမ်သတင်းဌာနမှာ သက်တမ်း (၁၀)နှစ်ကျော်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။

သံလွင်တိုင်းမ်၏ ဆောင်ပုဒ်မှာ ဆိုခဲစေမြဲစေ အခြေခံကျကျသိပါစေဖြစ်သည်။

စတင်ထုတ်ဝေသည့်ကာလတွင် တစ်လတစ်စောင်ထွက်ရှိသည့် ပုံစံမျိုးဖြင့် ဂျာနယ်ကို ထုတ်ဝေခဲ့သည်။

၂၀၁၃ ခုနှစ်မှ စတင်ကာ နှစ်ပတ်လျှင်တစ်ကြိမ်ဖြင့် မွန်၊ မြန်မာနှစ်ဘာသာဖြင့် စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။

၂၀၁၅ ခုနှစ် ဩဂုတ်လမှ စတင်ကာ အပတ်စဉ်ထုတ် သတင်းဂျာနယ်အဖြစ် ၂၀၁၇ ခုနှစ်အထိ ထုတ်ဝေခဲ့သည်။

၂၀၁၈ ခုနှစ်မှ စတင်ကာ အွန်လိုင်းသတင်းဌာနအဖြစ် ရုပ်သံသတင်းများကိုပါ ထပ်ဆင့်တိုးချဲ့ဆောင်ရွက်လာခဲ့သည်။

လက်ရှိတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မြန်မာနိုင်ငံနယ်စပ်တို့တွင် အခြေစိုက်ပြီး နိုင်ငံရေးဖြစ်စဉ်သတင်း၊ စစ်ပွဲနှင့် ပဋိပက္ခသတင်း၊ လူမှုစီးပွားဆိုင်ရာသတင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုသတင်း၊ ဒေသတွင်းသတင်း၊ တိုင်းရင်းသားသတင်း၊ ငြိမ်းချမ်းရေးသတင်းနှင့် ရွေးကောက်ပွဲသတင်းများကို ထုတ်လုပ်လျက်ရှိသည်။

သံလွင်တိုင်းမ်သတင်းဌာနမှ နေ့စဉ် ည(၈)နာရီတွင် သံလွင်တိုင်းမ်တီဗီအစီအစဉ်ကိုလည်းကောင်း၊ ည (၈)နာရီတွင် ရေဒီယိုသံလွင်တိုင်းမ် (မွန်ဘာသာ)အစီအစဉ်ကိုလည်းကောင်း၊ ည(၉)နာရီတွင် ရေဒီယိုသံလွင်တိုင်းမ်အစီအစဉ်ကိုလည်းကောင်းထုတ်လွှင့်လျှက်ရှိပြီး နေ့စဉ်ဖြစ်ပေါ်နေတဲ့သတင်းများကိုလည်း အချိန်နှင့် တပြေးညီထဲ ပရိတ်သတ်တို့ထံအရောက်ပေးပို့လျှက်ရှိပါသည်။

သံလွင်တိုင်းမ် သတင်းများကို မြန်မာ၊ မွန်၊ အင်္ဂလိပ် သုံးဘာသာဖြင့် သံလွင်တိုင်းမ်၏ Website, Facebook, Twitter, Telegram, Instragram, Youtube Channel နှင့် TLT News Application တို့တွင် ရယူနိုင်ပါပြီ။