ရွှေကျင်မှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ၆၀၀၀ နီးပါး ထွက်ပြေးနေရ

0
20

ရွှေကျင်၊ ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူလူထု ၆၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီ ၂၆ ရက်နေ့ကစပြီး ရွှေကျင်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျောက်တန်း၊ အင်္ဂနီ၊ သရက်ချောင်း၊ပဇင်းပင်ကျောက်ပုံစိတ်နဲ့ ရုံးဒိုင်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

KNU ရဲ့ အချက်အလက်တွေအရ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာ ၅ ရွာက အိမ် ထောင်စု ၁၁၄၈ စုမှ ကျေးရွာနေပြည်သူလူထု ၅၈၁၉ ဦး ကြောက်ရွံ့ထိတ်လန့်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ လမ်းတစ်လျှောက်မှာ လက်နက် ကြီးလက်နက်ငယ် ပစ်ခတ်တာ၊ ပြည်သူလူထုတွေကို လမ်းပြအဖြစ် အသုံးပြုတာ၊အကြောင်းမဲ့ဖမ်းဆီးမှုတွေကြောင့် ပြည်သူလူထုအနေနဲ့ ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ KNU က ဆိုပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ ၇ သိန်းခွဲကျော် နေ ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.