ယူကရိန်းကို လက်နက်ပေးပို့မှု အရှိန်မြှင့်မယ်လို့ နေတိုးအဖွဲ့အကြီးအကဲ ကတိပြု

0
29
Ukraine's President Volodymyr Zelenskiy and NATO Secretary-General Jens Stoltenberg attend a press conference, amid Russia’s attack on Ukraine, in Kyiv, Ukraine, April 29, 2024. REUTERS/Thomas Peter

ကိဗ်၊မေ ၁

မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်နက်ပေးပို့ကူညီရေး ကတိတွေအတိုင်း ဆောင်ရွက်ဖို့ မကြာသေးခင်လတွေက ပျက်ကွက်ခဲ့ပေမယ့် အခုချိန်မှာတော့ ယူကရိန်းကို လက်နက်တွေ တိုးမြှင့်ပေးပို့သွားမှာဖြစ်တယ်လို့ နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုးလ်တန်ဘာဂ့်က ကတိပြုလိုက်ပါတယ်။

ယူကရိန်းကို မကြေညာဘဲသွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ စတိုးလ်တန်ဘာ့ဂ်က ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်းလွှတ်တော်မှာ ရှင်းလင်းတင်ပြသွားမှာ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်ပြီးနောက်ပိုင်း တတိယအကြိမ်အဖြစ် နေတိုးအဖွဲ့အကြီးအကဲရဲ့ ခရီးစဉ်ဟာ ယူကရိန်းတပ်တွေ စစ်မြေပြင်အခက်ကြုံနေချိန် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းရဲ့ တန်ပြန်တိုက်စစ်မအောင်မြင်ဖြစ်ခဲ့ပြီး အနောက်တိုင်းရဲ့ လက်နက်ပေးပို့မှုတွေ ရပ်တန့်နေတာကြောင့် ရုရှားတပ်တွေဟာ လတ်တလော အောင်ပွဲတွေရရှိနေတယ်လို့ သိရပါတယ်။

မိမိတို့အဖွဲ့ဝင်နိုင်ငံတွေဟာ ပြီးခဲ့တဲ့လတွေက မိမိတို့ ကတိပြုထားကြသလို လက်နက်တွေ ပေးပို့မှုမရှိခဲ့ဘူးလို့ ရိုးရိုးသားသားပြောလိုတယ်လို့ စတိုးလ်တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။

ယူကရိန်းကို အကူအညီပေးပို့ခွင့်ပြုဖို့ အမေရိကန်က ခြောက်လအချိန်ယူခဲ့ရပြီး မိမိတို့ ဥရောပ နိုင်ငံတွေက ကတိပေးထားသလို လက်နက်တွေပေးပို့မှုမရှိခဲ့ပေမယ့် အခုချိန်မှာတော့ အခြေအနေပြောင်းလဲလာမယ်လို့ မျှော်လင့်ကြောင်း နေတိုးအကြီးအကဲက ဆိုခဲ့တာပါ။

နယ်သာလန်က ယူကရိန်းအတွက် အကူအညီပေးပို့မှု တိုးမြှင့်ထားပြီး ဂျာမန်ကလည်း ပက်ထရိုက်လေကြောင်း ကာကွယ်ရေးစနစ်တွေ ပေးပို့ဖို့ ကတိပြုထားတယ်လို့ သိရပါတယ်။

ရုရှားဟာ နယ်မြေအနည်းငယ်သိမ်းပိုက်ရရှိရေး ပေးဆပ်မှုတွေ အများကြီးရှိခဲ့ပြီး ယူကရိန်းအနေနဲ့ တိုက်ပွဲအခြေအနေတွေ ပြောင်းလဲအောင် လုပ်ဆောင်ဆဲဖြစ်တယ်လို့ သိရပါတယ်။

နေတိုးအဖွဲ့အနေနဲ့ ကတိပေးထားတဲ့အတိုင်း ယူကရိန်းကို လက်နက်တွေပေးပို့ဖို့ အချိန်ကျပြီလို့ မိမိအနေနဲ့ ယုံကြည်ကြောင်း နေတိုးအကြီးအကဲက ပြောခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.