ဘဏ္ဍာရေး စောင့်ကြည့်မှု အမည်ပျက် စာရင်းကနေ မြန်မာကို ဖယ်ရှားရေး ဂျပန် တွန်းအားပေး

တိုကျို၊ အောက်တိုဘာ ၃၁

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဖို့ ပိုမို လွယ်ကူစေရေး ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ရာဇဝတ်မှု စောင့်ကြည့်မှု စာရင်းရဲ့ အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးရေး ဂျပန်နိုင်ငံက တွန်းအားပေးနေပါတယ်။

အထီးကျန်ဖြစ်နေတဲ့ မြန်မာ စစ်တပ်ထောက်ခံတဲ့ အစိုးရကို ဘဏ္ဍာရေးစနစ်ကနေ ဘေးဖယ်ထားမှုကို ရုတ်သိမ်းပေးဖို့ ကြိုးပမ်းနေတဲ့ အဓိက နိုင်ငံ တချို့ ရှိလာနေပါတယ်။

ငွေကြေး ခဝါချမှု ရှောင်ရှားရေး ငွေကြေး အပေးအယူဆိုင်ရာ စစ်ဆေးမှု အားဖြည့်ရေး ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေး အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက သတ်မှတ်ထားချက်ကို ဂျပန် အစိုးရက ရုတ်သိမ်းပေးစေလိုကြောင်း ဂျပန် အစိုးရ အကြီးတန်း အရာရှိ တစ်ယောက်နဲ့ အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

အဲဲဒီ စာရင်းကနေ ဖယ်ရှားပေးလိုက်မယ်ဆိုရင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်ပနိုင်ငံ တစ်ခုခုနဲ့ စီးပွားရေးလုပ်ခွင့်ဆိုင်ရာ စစ်ဆေးမှုတွေ ပြေလျော့သွားမှာ ဖြစ်ပါတယ်။

နေပြည်တော် အစိုးရဟာ ကျားဖြန့် စင်တာတွေ၊ တရားမဝင် ငွေကြေးရှာဖွေမှုတွေ အတွက် စစ်ဆေးခံနေရဆဲ ဖြစ်ပါတယ်။

အဲဒီ စာရင်းမှာ ပါဝင်နေဆဲ နိုင်ငံတွေကတော့ အီရန်နဲ့ မြောက်ကိုရီးယား ဖြစ်ပါတယ်။

အဖွဲ့ဝင် ၄၀ နိုင်ငံ ပါဝင်တဲ့ အဲဒီ အဖွဲ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ သူတို့ အဖွဲ့ရဲ့ တတိယမြောက်နဲ့ အခုနှစ် နောက်ဆုံး အစည်းအဝေး ကျင်းပသွားဖို့ ရှိပါတယ်။

အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က အစည်းအဝေးတွေကို ဆက်လက် ကျင်းပနေပြီး ဆွေးနွေးမှုတွေကို လျှို့ဝှက်ထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ မြန်မာစစ်တပ် တင်မြှောက်ထားတဲ့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ပြည်တွင်းစစ် ဖြစ်လာပြီးတဲ့နောက် ၂၀၂၂ ခုနှစ်က အဲဒီ စာရင်းမှာ ထည့်သွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးနိုင်မှု မရှိတဲ့ အခြေအနေတွေကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ ရွှေတြိဂံဒေသမှာ လုပ်ငန်းနယ်ပယ်အဆင့် ကျားဖြန့် လုပ်ငန်းတွေကို စစ်တပ် ထောက်ပံ့ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ နေပြည်တော် အစိုးရက ကျားဖြန့် လုပ်ငန်း တိုက်ဖျက်ရေး နိုင်ငံစုံ ကြိုးပမ်းမှုမှာ ပါဝင်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

အီရန်နိုင်ငံက တင်ပို့ခွင့် တားမြစ်ခံထားရတဲ့ လေယာဉ်ဆီတွေကို မြန်မာက စာရွက်စာတမ်းတွေ အတု ပြုလုပ်ပြီး ဝယ်ယူနေတယ်လို့လည်း ထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.