ရေထုညစ်ညမ်းမှု၊ မီးခိုးမြူနဲ့ ကျားဖြန့် လုပ်ငန်းအရေး ထိုင်းက တရုတ်နဲ့ ဆွေးနွေးဖို့ စီစဉ်

ဘန်ကောက် ၊ အောက်တိုဘာ ၃၀

ထိုင်း လက်ထောက်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဟာ နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဂျိုင်ထိုင်း အူပါကာနီသီကာဆက်က ပြောပါတယ်။

ဝန်ကြီး ဆီဟာဆက်အနေနဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အရ ၁၁ ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မှာ ဖြစ်ပါတယ်။

ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံ အားလုံး ၆ နိုင်ငံ စလုံးက ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အစည်းအဝေးကို ဆီဟဆက်က ပူးတွဲ ဦးဆောင်မှာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးမှုရဲ့ အဓိက ရည်ရွယ်တွေက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အရ တိုးတက်မှု အခြေအနေကို ပြန်လည် သုံးသပ်ရေး ဖြစ်ပါတယ်။

ပဉ္စမမြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင်များ အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ရေး အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း စဉ်းစားသွားမှာ ဖြစ်ပါတယ်။

ထိုင်းအနေနဲ့ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှု၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ နယ်မြေ ဖြတ်ကျော် မီးခိုးမြူတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ အဲဒီ အစည်းအဝေးမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အစည်းအဝေးကို အခုနှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကွန်းချီ ရှူအန်းရှိ ကုအီလင်မြို့မှာ ကျင်းပမယ့် ပဉ္စမအကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးကို ပူးတွဲ ဦးဆောင်ဖို့ အဆင်သင့် ရှိကြောင်းလည်း ထိုင်းက ပြောပါတယ်။

မဲခေါင်-လန်ချန်း အစည်းအဝေးမှာ ထိုင်း-ကမ္ဘောဒီးယား အနေအထားကို ဆွေးနွေးသွားမှာ မဟုတ်ကြောင်းနဲ့ နှစ်နိုင်ငံကြား အစည်းအဝေးအတွင်း တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

ဆွေးနွေးမှုတွေအတွက် သင့်တော်တဲ့ အခွင့်အလမ်း ရရှိအောင် မကြာခင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ အဆင့်တိုးမြှင့်ရေး ကိစ္စတွေကို ထိုင်းက အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဝန်ကြီး ဆီဟာဆက်ဟာ နိုဝင်ဘာ ၃ ရက် ကျင်းပမယ့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး (APEC) အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

Ref:TheNationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.