October 30, 2026

ရေထုညစ်ညမ်းမှု၊ မီးခိုးမြူနဲ့ ကျားဖြန့် လုပ်ငန်းအရေး ထိုင်းက တရုတ်နဲ့ ဆွေးနွေးဖို့ စီစဉ်

ဘန်ကောက် ၊ အောက်တိုဘာ ၃၀ ထိုင်း လက်ထောက်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဟာ နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဂျိုင်ထိုင်း အူပါကာနီသီကာဆက်က ပြောပါတယ်။ ဝန်ကြီး ဆီဟာဆက်အနေနဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အရ…

ခရစ်ပတို ငွေကြေးကုမ္ပဏီ Binance ရဲ့ ကွန်ပြူတာ ကွန်ရက် ချိုးဖောက်ခံရမှု ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ဆုံးရှုံး

နယူးယောက် ၊ အောက်တိုဘာ ၃၀ ရာဇဝင်မှာ အကြီးမားဆုံး ကွန်ပြူတာ ကွန်ရက်ချိုးဖောက်မှု ဖြစ်နိုင်တဲ့ ထိခိုက်မှု တစ်ခုကြောင့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း အင်တာနက် ငွေကြေး ခရစ်ပတိုကုမ္ပဏီ Binance က အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။ ကမ္ဘာမှာ အကြီးမားဆုံး အင်တာနက်…

စစ်ရေးပြင်းထန်နေတဲ့ သရက်ချောင်းမှာ အရပ်သား တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

သရက်ချောင်း၊ အောက်တိုဘာ ၃၀ စစ်ရေးပြင်းထန်နေတဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ အရပ်သားပြည်သူ တစ်ဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သတ်ဖြတ်ခံရသူဟာ ဝဲရစ်ရွာသား အသက် ၃၀ ကျော်အရွယ် ကိုဇော်ဦး ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေ့က ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ဆုံပြီး ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။ ဝဲရစ်ရွာသား…

အစ္စရေးရွေးကောက်ပွဲ နေတန်ညာဟု အုပ်စု အသာရနေပေမယ့် လူများစု အမတ်နေရာ မရရှိသေး

ဂျေရုစလင်၊ အောက်တိုဘာ ၃၀ အစ္စရေး အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ညာဟုရဲ့ အုပ်စု အတိုက်အခံတွေထက် အသာစီးရထားပေမယ့် လူများစု အမတ်နေရာ ရရှိဖို့ လိုနေသေးကြောင်း အောက်တိုဘာ ၃၀ ရက် နောက်ဆုံးရလဒ်တွေက ဖော်ပြထားပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ရလဒ်ကြောင့် ညွှန့်ပေါင်းအစိုးရ ဖွဲ့ရေး ခက်ခဲတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်သလို နောက်ထပ် ရွေးကောက်ပွဲ…

တရားရုံး ဆုံးဖြတ်ချက်ကြောင့် မြန်မာ ဒုက္ခသည် ၅၀၀၀ ကို ပြန်ပို့ရေး မလေးရှား ဆက်လက် ဆောင်ရွက်မယ်

ပူထရာဂျာယာ ၊ အောက်တိုဘာ ၃၀ မြန်မာ ဒုက္ခသည်တွေကို တရားဝင် လမ်းကြောင်းတွေကတဆင့် သူတို့ရဲ့ ဇာတိ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး မလေးရှား အစိုးရအနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒါတွတ် ဆီရီ ဆိုင်ဖူဒင် နာဆူတီယံ အစ္စမေးလ်က ပြောပါတယ်။ မလေးရှားမှာ နေထိုင်ခွင့် ရရှိရေး လျှောက်ထားမှုတွေကို ပယ်ချတဲ့…

မွန်နယ်လုံ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ရဲထွဋ်ကို အတည်ပြုခန့်အပ်

မော်လမြိုင်၊ အောက်တိုဘာ ၃၀ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ရဲထွဋ်ကို ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့ပါတယ်။ အတည်ပြုခန့်အပ်ခံရတဲ့ ဗိုလ်မှူးကြီး ရဲထွဋ်ဟာ အသက် ၄၉…