အစ္စရေးရွေးကောက်ပွဲ နေတန်ညာဟု အုပ်စု အသာရနေပေမယ့် လူများစု အမတ်နေရာ မရရှိသေး

ဂျေရုစလင်၊ အောက်တိုဘာ ၃၀

အစ္စရေး အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ညာဟုရဲ့ အုပ်စု အတိုက်အခံတွေထက် အသာစီးရထားပေမယ့် လူများစု အမတ်နေရာ ရရှိဖို့ လိုနေသေးကြောင်း အောက်တိုဘာ ၃၀ ရက် နောက်ဆုံးရလဒ်တွေက ဖော်ပြထားပါတယ်။

လက်ရှိ ရွေးကောက်ပွဲ ရလဒ်ကြောင့် ညွှန့်ပေါင်းအစိုးရ ဖွဲ့ရေး ခက်ခဲတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်သလို နောက်ထပ် ရွေးကောက်ပွဲ တစ်ခုလည်း ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုရဲ့ လက်ယာယိမ်း၊ လက်ယာစွန်းပါတီတွေရဲ့ ညွှန့်ပေါင်းအဖွဲ့က အစ္စရေးလွှတ်တော် အမတ်နေရာ ၁၂၀ ရှိတဲ့အထဲက ၅၃ နေရာ ရရှိထားပြီး သူ့ရဲ့ လီကွတ်ပါတီက အမတ်နေရာ ၂၇ နေရာနဲ့ အများဆုံး အနိုင်ရထားဆဲ ဖြစ်ပါတယ်။

ဗဟို ဝါဒီ ဂါဒီ အီဆန်ကော့ ဦးဆောင်တဲ့ အတိုက်အခံ အုပ်စုက အမတ်နေရာ ၄၈ နေရာ ရရှိထားပါတယ်။

ဗဟို ရွေးကောက်ပွဲ ကော်မတီက ထုတ်ပြန်တဲ့ ရလဒ်တွေက ပါတီ နှစ်ခုပေါင်း အမတ်နေရာ ၁၉ နေရာ ရရှိထားတဲ့ အာရပ်ပါတီ အုပ်စုတွေ ဖြစ်တဲ့ ရာအမ်မဲ့ ဂျွိုင့်လစ် ပါတီတို့ရဲ့ ခေါင်းဆောင်တွေ ရွေးချယ်နိုင်ခြေ ရှိကြောင်း ဖော်ပြထား ပါတယ်။

အကွဲကွဲ ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရလဒ်ကြောင့် အစိုးရ တစ်ရပ် ဖွဲ့စည်းရေး ခက်ခဲတဲ့ ညှိနှိုင်းမှုတွေ လုပ်ရနိုင်ပြီး သီတင်းပတ်များစွာ ကြာမြင့်နိုင်ပါတယ်။

တစ်ပါတီတည်း အစိုးရ ဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အမတ်နေရာ ၆၁ နေရာအထိ ဘယ်ပါတီမှ အနိုင်မရ ဖြစ်နေပြီး ညွှန့် ပေါင်းအစိုးရ ဖွဲ့ရေး ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ရင် နောက်ထပ် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရနိုင်ခြေလည်း ရှိနေပါတယ်။

အာရပ်-အစ္စရေး အုပ်စုတွေက ရွေးကောက်ပွဲအပေါ် သြဇာလွှမ်းမိုးရေး ပြည်ပက ရန်ပုံငွေတွေ လက်ခံထားတယ်ဆိုတဲ့ အတည်မပြုရသေးတဲ့ စွပ်စွဲချက်ကို နေတန်ညာဟု အဖွဲ့က ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံး ရလဒ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နေတန်ညာဟု အဖွဲ့ရဲ့ စွပ်စွဲချက်တွေကို အာရပ် လူများစုနဲ့ ကာတာတို့ နှစ်ဖက် စလုံးက ပယ်ချထားပါတယ်။

သံသယဖြစ်စရာ မူမမှန်မှုတွေကို စုံစမ်း စစ်ဆေးနေတယ်လို့ အစ္စရေး ရှင်းဘတ် ပြည်တွင်း လုံခြုံရေးဌာနက ပြောပါတယ်။

စုံစမ်း စစ်ဆေးမှုက ဘယ် အဖွဲ့အစည်းကိုမှ ဂုဏ်သိက္ခာ ထိခိုက်စေဖို့ မရည်ရွယ် သလို ပါတီ တစ်ခုခုကို အပြစ်တင်ဖို့ ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြည်တွင်းလုံခြုံရေးဌာနက ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က တင်းမာမှုတွေ ပြေလည်စေဖို့လည်း ကြိုးပမ်းထားပြီး ယာယီ ညွှန်ကြားရေးမှူးချုပ် ဒီယန် လီဗနီက ကျယ်ပြန့်တဲ့ ကိစ္စတွေ ရှိနေကြောင်း ပြောဆိုမှု မှန်သမျှ အခြေအမြစ် မရှိဘူးလို့ ပြောထားပါတယ်။

ဒီအတောအတွင်း လာမယ့် ညွှန့်ပေါင်း အစိုးရအဖွဲ့မှာ အစ္စရေးရှိ အစ္စရေး-အာရပ် ပါတီတွေ ပါဝင်ခွင့် ရရှိရေး ဆန္ဒပြ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၆ ရွေးကောက်ပွဲ နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှု အရှုပ်တော်ပုံဟာ နိုင်ငံရေး ငလျင် တစ်ခု ဖြစ်ပြီး အစ္စရေး ရွေးကောက်ပွဲတွေ ခြေပုန်းခုတ်ခံလိုက်ရပြီလို့ နေတန်ညာဟုရဲ့ လီကွတ် ပါတီက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။

ရာအမ်ပါတီ ခေါင်းဆောင် မန်ဆော အဘတ်စ်က အမှား လုပ်ထားတာ တစ်ခုမှ မရှိကြောင်း ငြင်းဆိုထားပြီး စုံစမ်း စစ်ဆေးမှုကို ကြိုဆိုကြောင်း ပြောထားပါတယ်။

နေတန်ညာဟုအနေနဲ့ အစိုးရဖွဲ့ရေး လူများစု အမတ်နေရာ မရရှိခဲ့တဲ့နောက် ရွေးကောက်ပွဲ ရလဒ်တွေ အပေါ် ယုံကြည်မှု လျော့နည်းအောင် လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ အတိုက်အခံတွေဘက်က စွပ်စွဲထားပါတယ်။

နေတန်ညာဟုက ရွေးကောက်ပွဲ ရလဒ်တွေကို စိန်ခေါ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ လက်ဝဲယိမ်း ကိုယ်စားလှယ်လောင်း ယာအာ ဂိုလန်က ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.