ဝါရှင်တန်၊ စက်တင်ဘာ ၁၉

စက်တင်ဘာ ၂၄ ရက်မှာ ဝါရှင်တန်ဒီစီမြို့ အပြင်ဖက်ရှိ စစ်အခြေစိုက်စခန်းရဲ့ လေဆိပ်ဖြစ်တဲ့ အန်ဒရူး ပူးတွဲ အခြေစိုက် လေဆိပ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် ရောက်လာချိန် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ကိုယ်တိုင်သွားရောက် ကြိုဆိုနှုတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အိမ်ဖြူတော် ခရီးစဉ်အတွက် ရှီကျင့်ဖျင်ဟာ လာမယ့် သီတင်းပတ် အမေရိကန်ကို လာရောက်ဖို့ စီစဉ်ထားပါတယ်။

ဧည့်သည် နိုင်ငံခြား ခေါင်းဆောင်တွေကို အမေရိကန် သမ္မတက လေဆိပ်အထိ သွားရောက်ကြိုဆိုတဲ့ လုပ်ရပ်ဟာ ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။

အဲဒီ ခရီးစဉ်နဲ့ပတ်သက်လို့ သတင်းထောက်တွေကို ရှင်းလင်းပြခဲ့တဲ့ အကြီးတန်း အမေရိကန် အရာရှိတွေက အိမ်ဖြူတော်ထဲသို့ ဆိုက်ရောက်မှု အခမ်းအနားတစ်ခု ပါဝင်မှာ ဖြစ်ပြီး နှင်းဆီဥယျာဉ်မှာ ဂုဏ်ပြုတပ်ဖွဲ့ စစ်ဆေးမှု ပြုလုပ်ပြီးနောက် ညနေပိုင်းမှာ နိုင်ငံတော် အဆင့် ညစာစားပွဲ ပါဝင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ညနေစာ စားပွဲသို့ တက်ရောက်မယ့် ဧည့်သည်တော်တွေထဲမှာ Amazon ကုမ္ပဏီရဲ့ ဂျက်ဖ် ဘီးဇို့၊ Alphabet ကုမ္ပဏီရဲ့ ဆွန်ဒါ ပီချိုင် ၊ OpenAI ကုမ္ပဏီရဲ့ ဆမ် အော့တ်မန်း၊ Apple ကုမ္ပဏီရဲ့ တင်မ် ကွတ်ခ် ၊ Tesla ကုမ္ပဏီရဲ့ အီလွန်မက်စ်၊ Nvidia ကုမ္ပဏီရဲ့ ဂျန်ဆန် ဟွန်းနဲ့ Dell Technologies ကုမ္ပဏီရဲ့ မိုက်ကယ် ဒဲလ်တို့ အပါအဝင် နည်းပညာလုပ်ငန်း အမှုဆောင်အရာရှိချုပ် အတော်အများများ ပါဝင်လာမှာပါ။

အဲဒီ ညစာစားပွဲ တက်ရောက်လိုသူ ထောင်ပေါင်းများစွာ ရှိတယ်လို့ ထရန့်က စက်တင်ဘာ ၁၈ ရက် ဘဲဥပုံ ရုံးခန်းမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲအတွင်း ထရန့်က သတင်းထောက်တွေကို ပြောထားပါတယ်။

ကုန်သွယ်ရေး၊ ကမ္ဘာ့ စီးပွားရေးကအစပြုလို့ မြေရှားသတ္တု စီးဝင်မှုနဲ့ AI နည်းပညာအပြင် တခြား ကိစ္စတွေကို တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

သမ္မတ ကတော်တွေ ဖြစ်တဲ့ မီလန်နီယာ ထရန့်နဲ့ ပန်း လီယွန်တို့လည်း သီးခြား တွေ့ဆုံ ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

သမ္မတ ရှီနဲ့ ဇနီး ပန်းတို့ကို တရုတ် ကိုယ်စားလှယ် အဖွဲ့နဲ့ အတူ စက်တင်ဘာ ၂၄ ရက်မှာ နိုင်ငံတော် ဂုဏ်ပြုညစာ စားပွဲရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးတွေ အဖြစ် ထရန့်က ဧည့်ခံမှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.