အမေရိကန် AI တပ်ဖွဲ့ဖွဲ့ပြီး AI ဘုရင်ခန့်ထားမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ စက်တင်ဘာ ၂၁

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က AI တပ်ဖွဲ့ ဖွဲ့စည်းပြီး ဉာဏ်ရည်တု ဘုရင် တစ်ပါး ခန့်အပ်သွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အဲဒီ ထွန်းသစ်စ နည်းပညာရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ သတိပေးမှုတွေ ထွက်ပေါ်နေချိန်မှာ ထရန့်က အခုလိုမျိုး ကြေညာလာတာပါ။

စက်တင်ဘာ ၁၉ ရက်က လူမှုမီဒီယာ ပို့စ်တစ်ခုမှာ ထရန့်က သူ့ရဲ့ အစိုးရအဖွဲ့ အနေနဲ့ AI လုပ်ငန်း နယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက် တားဆီးမှု တစ်စုံတစ်ရာ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ပိုကောင်းတဲ့ ဘေးကင်းရေး အစီအစဉ်တွေ ထွက်ပေါ်လာချိန်အထိ AI နည်းပညာ ဖွံ့ဖြိုးမှု နှေးကွေးသွားအောင် လုပ်ဆောင်ဖို့ တိုက်တွန်းမှုတွေကို ပယ်ချသွားမှာ ဖြစ်ကြောင်းလည်း ထရန့်က ရေးပါတယ်။

AI နည်းပညာရဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ သတိပေးချက်တွေ အများကြီး ထွက်ပေါ် နေပြီး နည်းပညာ ဖန်တီးမှုနဲ့ပတ်သက်လို့ စုပေါင်း အရေးယူ ဆောင်ရွက်ရေး တိုက်တွန်းမှုတွေ ထွက်ပေါ်နေချိန်မှာ သူက အဲဒီလို ဖော်ပြတာ ဖြစ်ပါတယ်။

ထရန့်က သူ့ရဲ့ အစီအစဉ်အတွက် အသေးစိတ် အချက်အလက်တွေ ဒါမှမဟုတ် သတ်မှတ်ချိန်တွေ ဖော်ပြထားတာ မရှိပါဘူး။

AI ဟာ နောက်ထပ် စက်မှုတော်လှန်ရေးရဲ့အင်တာနက် ဖြစ်ပေမယ့် မိမိတို့ နိုင်ငံ GDP ရဲ့ ၂၅ ရာခိုင်နှုန်းလောက်အထိ ပိုမို သက်ရောက်စေနိုင်ပြီး အဲဒီထက်တောင် ပိုပြီး သက်ရောက်မှု ကြီးမားနိုင်တယ်လို့ သူက လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

AI နည်းပညာနဲ့ ပတ်သက်လို့ အမေရိကန်က တရုတ်ကို ဆက်လက် ဦးဆောင်နေတာ မြင်တွေ့လိုတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

လာမယ့် သီတင်းပတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ထရန့် တွေ့ဆုံချိန် AI နည်းပညာနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ဒီအတောအတွင်း မိမိတို့ အစိုးရအနေနဲ့ AI ကို သုံးတဲ့ မကောင်းသူ မှန်သမျှကို လက်ရှိ ရာဇဝတ်မှုဆိုင်ရာ အရပ်ဖက် ဥပဒေနဲ့ အရေးယူသွားမယ်လို့ ထရန့်က ပြောပါတယ်။

AI နည်းပညာရဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ စိုးရိမ်မှုတွေဟာ ခြောက်လုံးလှန့်လုံးတွေ ဖြစ်တယ်လို့လည်း ထရန့်က ပြောထား ပါတယ်။

AI ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ OpenAI နဲ့ Google စတဲ့ ကုမ္ပဏီတွေဟာ Claude၊ ChatGPT နဲ့ Gemini စတဲ့ နည်းပညာတွေ ဖန်တီးထားကြပါတယ်။

သူတို့ရဲ့ စကားပြော ဆော့ဖ်ဝဲလ်တွေကို မလိုမုန်းထား လုပ်ရပ်တွေအတွက် သုံးခဲ့တဲ့ ဖြစ်ရပ်တွေ လုံခြုံရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့ ဖြစ်ရပ်တွေကို ဖော်ပြထားကြပါတယ်။

AI နည်းပညာကြောင့် လူသားမျိုးနွယ် အန္တရာယ်ကျရောက်လာနိုင်တယ်လို့ လက်ရှိနဲ့ အရင်က သုတေသီတွေက ပြောထားပါတယ်။

သုတေသီ တစ်ယောက်က လူသားတွေအားလုံး AI ရဲ့ သတ်ဖြတ်ခံရနိုင်ခြေ ၁၀ ရာခိုင်နှုန်း ရှိတယ်လို့ သတိပေးထားတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.