September 2026

အိမ်ဖြူတော်မှာ သတင်းယူခွင့် ထရန့်ရဲ့ တားမြစ်မှုကို CNN ၊ MS NOW နဲ့ Politico သတင်းဌာနတို့ တရားစွဲ

ဝါရှင်တန်၊ စက်တင်ဘာ ၂၂ CNN ၊ MS NOWနဲ့ Politico သတင်းဌာနသုံးခုကို အိမ်ဖြူတော်ကနေ သတင်းယူခွင့် တားမြစ်ခဲ့ပြီးနောက် ထရန့် အစိုးရကို တရားစွဲမယ်လို့ အဲဒီ သတင်းဌာန သုံးခုက ပြောပါတယ်။ အဲဒီ သတင်းဌာနတွေဟာ မိမိရဲ့အဖွဲ့နဲ့ ပတ်သက်လို့ စိတ်ကူးယဉ်ပြီးတော့ ဒါမှမဟုတ် လိမ်လည်ပြီးတော့ ရေးသားဖော်ပြနေတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က…

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ထိုင်ဝမ်ကို ထောက်ခံကြောင်း ကြေညာ

နယူးယောက်၊ စက်တင်ဘာ ၂၂ စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြင်ပမှာ သုံးပွင့်ဆိုင် တွေ့ဆုံမှုအတွင်း အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ထိပ်တန်း သံတမန်တွေက ထိုင်ဝမ်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဝါရှင်တန်မှာ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တို့ မတွေ့ဆုံခင် ရက်ပိုင်း အလိုမှာ အဲဒီ သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက…

အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရဲ့ အခွင့်အရေး အနိမ့်ဆုံးရောက်ရှိ

အိုးဘို၊ စက်တင်ဘာ ၂၂ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရရှိရမယ့် အနိမ့်ဆုံးစံနှုန်းကိုပင် မရရှိဘဲ နည်းလမ်းမျိုးစုံနဲ့ အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်အုပ်စု လက်အောက်ရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေရဲ့ ထောင်တွင်းအခြေအနေဟာ အနိမ့်ဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်အတွင်း အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုတွေနဲ့ အခွင့်အရေးချိုးဖောက်မှုတွေကြောင့်…

KTLA တပ်ဖွဲ့ဝင် ၂၅ ဦး KNLA ထံ ပြန်လည်ဝင်ရောက်

ထားဝယ်၊ စက်တင်ဘာ ၂၂ တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကော်သူးလေတပ်မတော် KTLA ဆာကပေါ်တပ်ရင်းက တပ်ဖွဲ့ဝင် ၂၅ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ထံ ပြန်လည်ဝင်ရောက်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ ဗိုလ်စောအဲ့ဖိုးဦးဆောင်တဲ့ ကော်သူးလေတပ်မတော် KTLA ဆာကပေါ်တပ်ရင်းက တပ်ဖွဲ့ဝင် ၂၅ ဦးကို မနေ့ စက်တင်ဘာ…

စစ်အာဏာသိမ်း (၂၀၅၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၄၁၄)ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၂ AAPP ရဲ့ စက်တင်ဘာ ၂၁ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၅၉) ရက်အတွင်း ပြည်သူ (၈၄၁၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၉၅၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၄၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

လူဟောင်းတွေ နေရာပြန်ရတဲ့ ကြံ့ခိုင်ရေးပါတီမှာ ကိုယ်တိုင်ခန့်သမ္မတ ပါတီဝင်ဖြစ်လာ

နေပြည်တော် ၊ စက်တင်ဘာ ၂၂ စစ်တပ်ကျော‌ထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ညီလာခံကနေ ပါတီထိပ်ပိုင်းရာထူးတွေကို လူဟောင်းတွေကပဲ နေရာပြန်ရပြီး အာဏာသိမ်းမှုကို ဦးဆောင်သူ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်လည်း ပါတီဝင်ဖြစ်လာပါတယ်။ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ စတုတ္တကြိမ် ညီလာခံကို စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့က နေပြည်‌‌တော်ရှိ ပါတီဌာချုပ်မှာ ကျင်းပခဲ့ပြီး…

မော်လမြိုင်မှာ ယာဉ်ထိန်းရဲတွေ ငွေရှာကြမ်းနေ

မော်လမြိုင် ၊ စက်တင်ဘာ ၂၂ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်တပ် အသွင်ပြောင်း အစိုးရ လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ ယာဉ်မောင်းတွေအပေါ် အကြောင်းအမျိုးမျိုးပြပြီး ငွေရှာ ကြမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ယာဉ်ထိန်းရဲတွေဟာ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းထိန်းသိမ်းရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းဆုံလမ်းခွ နေရာတွေ၊ မီးပွိုင့်နေရာတွေ၊ မြို့ဝင် မြို့ထွက် နေရာတွေအပြင် မထင်မှတ်တဲ့နေရာတွေမှာ…

သထုံမှာ ရထားလမ်းကူးနေရာ အပိတ်ခံရလို့ ကျေးရွာနှစ်ရွာ ဒေသခံတွေအခက်ကြုံ

သထုံ၊ စက်တင်ဘာ ၂၂ မွန်ပြည်နယ် သထုံမြို့နယ် ဆင်ဖြူကျွန်းကျေးရွာနဲ့ သထုံမြို့သွားလမ်းပေါ်က ရထားလမ်းကူးမှာ ရထားတိုက်မှုဖြစ်တဲ့ လမ်းကူးကို ပိတ်လိုက်တာကြောင့် ကျေးရွာ နှစ်ရွာက ပြည်သူတွေ သွားရေးလာရေး အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ဆင်ဖြူကျွန်းကျေးရွာနဲ့ သထုံမြို့ကို ကူးတဲ့ မီးရထားမိုင်တိုင်အမှတ် ၁၃၆/၂ နဲ့…

ယခုနှစ်အတွင်း မလေးရှားက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၇၀၀၀ ကျော် ဖမ်းဆီးထား

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၁ မလေးရှားနိုင်ငံမှာ အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၁၇ ရက်အထိ စစ်ဆင်ရေး ၉၇၀၀ ပြုလုပ်ခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၇၀၀၀ကျော်ကို ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး (JIM) လက်ထောက် ညွှန်ကြားရေးမှူးချုပ် အီဖန်ဒီ ရမ်လီက ပြောလိုက်ပါတယ်။ အမျိုးမျိုးသော ဥပဒေချိုးဖောက်မှုတွေအတွက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးခဲ့တာ…

ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေက ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား ပြော

ဆိုးလ်၊ စက်တင်ဘာ ၂၁ တခြား နိုင်ငံတွေနဲ့ မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုကို ရန်လိုတဲ့ အင်အားစုတွေက တားဆီးဖို့ ကြိုးပမ်းနေပြီး မိမိတို့အနေနဲ့ သည်းခံနေမှာ မဟုတ်ကြောင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ဘယ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေကမှ မြောက်ကိုရီးယားရဲ့ ဖွံ့ဖြိုးမှုနဲ့ မိမိတို့ရဲ့ ပင်မ အကျိုးစီးပွားတွေအပေါ် ကာကွယ်မှုကို တားဆီးနိုင်မှာ မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို…