September 2026

ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်က ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းနေရ

ဘားအံ၊ စက်တင်ဘာ ၂ ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်လာတာကြောင့် မြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်က ဒေသခံပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာ ၁ ရက်နေ့ နေ့လည်ပိုင်း ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေကျော် ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ…

ရေ ခါးလယ်အထိ မြုပ်နေတဲ့ ဘုရားကျောင်းထဲမှာ မင်္ဂလာဆောင်ခဲ့တဲ့ ဖိလစ်ပိုင်စုံတွဲ

မနီလာ၊ စက်တင်ဘာ ၁ ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေချိန် စုံတွဲတစ်တွဲက ရေခါးလယ်အထိ မြုပ်နေတဲ့ ကက်သလစ်ဘုရားကျောင်းထဲမှာ မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့ပါတယ်။ အသက် ၃၀ ကျော်အရွယ် လီအန်လိုင်ဇာဂါလန်နဲ့ ဂီဘတ်ချီကိုတို့ဟာ စက်တင်ဘာ ၁ ရက်နေ့မှာ မနီလာမြို့မြောက်ဘက် ဟန်ဂိုနွိုင်မြို့ရှိ Saint John the Baptist ဘုရားကျောင်းမှာ လက်ထပ်ထိမ်းမြားခဲ့ကြတာပါ။ သတို့သမီး…

မြိတ်မှာ စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၉ လုံး မီးရှို့

မြိတ်၊ စက်တင်ဘာ ၁ တနင်္သာရီတိုင်း မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၉ လုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇောကျေးရွာအုပ်စုရှိ…

အလုပ်အချိန်ပို ရှောင်ရှားဖို့ လူပျောက်မှုတွေကို ပိတ်သိမ်းခဲ့ကြောင်း တောင်ကိုရီးယား ရဲအရာရှိ ဝန်ခံ

ဆိုးလ် ၊ စက်တင်ဘာ ၁ အလုပ်ချိန် အပို မလုပ်ချင်တာကြောင့် လူပျောက်မှုများစွာကို စုံစမ်း စစ်ဆေးမှုတွေ မလုပ်ဘဲ အမှု ပိတ်ပစ်ခဲ့ကြောင်း တောင်ကိုရီးယားရဲအရာရှိ တစ်ဦးက ဝန်ခံထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လူအများ သဘောကျတဲ့ အားလပ်ရက် ခရီးထွက်စရာ ဂျယ်ဂျူကျွန်းမှာ လူပျောက် တိုင်ကြားထားတဲ့ မိသားစုတွေကို လိမ်လည်ပြီး အမှုတွေကို အချိန်မတိုင်ခင် ပိတ်သိမ်းခဲ့ကြောင်း…

မလေးရှားက မြန်မာသို့ ဒုက္ခသည် ပို့ဆောင်မယ့် အစီအစဉ်မှာ ပါဝင်မှု မရှိဘူးလို့ UNHCR ပြော

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁ မြန်မာ ဒုက္ခသည်တွေကို ပြန်လည် ပို့ဆောင်ရေး မလေးရှား အစိုးရက စီစဉ်ထားမှုမှာ မိမိတို့ ပါဝင်ပက်သက်မှု မရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ UNHCR က ပြောပါတယ်။ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဟာ ဒုက္ခသည်တွေ ပြန်သွားဖို့ ဘေးကင်းလုံခြုံမှု မရှိသေးဘူးလို့လည်း UNHCR က ပြောထားပါတယ်။ စက်တင်ဘာ…

အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ ထရန့် ခြိမ်းခြောက်

တီဟီရန် စက်တင်ဘာ ၁ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တုံ့ပြန်သွားမယ်လို့ ပြောဆိုလာပါတယ်။ အမေရိကန်နဲ့ အီရန်တို့ကြားမှာ ရက်သတ္တပတ်အတော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တစ်ဖက်နဲ့တစ်ဖက် စစ်ရေးတိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာပြီးနောက် သမ္မတထရန့်က အခုလို သတိပေးလိုက်တာပါ။ အီရန်ဘက်က ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ တုံ့ပြန်မှုရှိလာမှာဖြစ်ပြီး သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်”လို့ Fox News…

ရေအားလျှပ်စစ် ဥမင်လမ်းထဲ ရာနဲ့ချီတဲ့ ပိတ်မိနေသူတွေကို နီပေါ ကယ်ဆယ်ရေးသမားတွေ ကယ်ဆယ်ဖို့ ပြင်

ခတ္တမန္တူ ၊ စက်တင်ဘာ ၁ အလုပ်သမား ၆၀၀ ကျော် ပိတ်မိနေတယ်လို့ ယုံကြည်ရတဲ့ ရေအားလျှပ်စစ် ဥမင်လိုဏ်ခေါင်းထဲ ရောက်ရှိနိုင်ရေး နီပေါ ကယ်ဆယ်ရေး အလုပ်သမားတွေက တောင်နံရံကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖေါက်ခွဲ ဖျက်ဆီး ဖွင့်ချလိုက်ပါတယ်။ ထရီရှူလီ မြစ်တလျှောက် ရွှံ့နွှံတွေ ပြည့်နေတဲ့ ဥမင်လိုဏ်ခေါင်း ကွန်ရက်တွေအတွင်း အလုပ်သမား ရာနဲ့ချီ ပိတ်မိနေပြီး…

၁၀ ရက်နီးပါးကြာ ရေကြီးနေတဲ့ ကျိုက်မရောက ကျေးရွာအများစု အကူအညီ မရောက်သေး

ကျိုက်မရော၊ စက်တင်ဘာ ၁ ၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ကျေးရွာအများစု အကူအညီ မရောက်သေးတာကြောင့် သောက်ရေသန့်၊အစားအစာနဲ့ဆေးဝါးကအစ လိုအပ်ချက်မြင့်မားလာတယ်လို့ ရေဘေးသင့် ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္တရံမြစ်ရေ ဆက်တိုက် မြင့်တက်လာတာကြောင့် ရပ်ကွက်ကျေးရွာအုပ်စု ၁၅…