မကွေးနဲ့ချင်းအစပ်မှာ စစ်ကြောင်းထိုးဖို့ အာဏာသိမ်း စစ်တပ် ပြင်
မကွေး စက်တင်ဘာ ၁၉ မကွေးတိုင်းနဲ့ချင်းပြည်နယ်အစပ်ကို စစ်ကြောင်းထိုးဖို့ အာဏာသိမ်းစစ်တပ်က စစ်ကားအစီးရေ ၁၈၀ နီးပါးအသုံးပြုလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက ကားအစီးရေ ၁၈၀ နီးပါးပါတဲ့ စစ်ယာဉ်တန်းဟာ မကွေးကတဆင့် စလင်းမြို့နယ်ကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ချင်းပြည်နယ်နဲ့ ယောဒေသဘက်ကို ဦးတည်ထားတယ်လို့ သိရပါတယ်။ “ဂျမ်မာကားတွေ လက်နက်ကြီးတစ်ချောင်းထောက်တွေ အတွဲလိုက်ပစ်တဲ့လက်နက်ကြီးတွေပါတယ်။…
