2026

ယူကရိန်း မဟာမိတ်တွေ စစ်ရေး လေ့ကျင့်နေစဉ် ပိုလန်ကို ရုရှားရဲ့ ဒရုန်းနဲ့ဒုံးကျည်တွေ ထိမှန်

ဝါဆော ၊ နိုဝင်ဘာ ၂၁ နိုဝင်ဘာ ၂၀ ရက် စောစောပိုင်းက မိမိတို့ လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ အရာဝတ္ထု သုံးခုထဲမှာ ရုရှား ခရု့ဇ် ဒုံးကျည် တစ်စင်း ပါဝင်တယ်လို့ ပိုလန်က ပြောပါတယ်။ ဒေသတွင်း အနောက်တိုင်း စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေချိန် မတော်မဆ ဖြစ်ခဲ့တာမျိုး ဖြစ်ပုံမပေါ်ဘူးလို့ ပိုလန် ဝန်ကြီးချုပ်…

စစ်အာဏာသိမ်း (၂၁၁၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၇၁၃)ဦးထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ၂၁ AAPP ရဲ့ နိုဝင်ဘာ ၂၀ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၁၁၉) ရက်အတွင်း ပြည်သူ (၈၇၁၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၄၂၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၄၅၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ICJ စီရင်ချက် ပြစ်ဒဏ်ကင်းလွတ်ခွင့် သံသရာကို အဆုံးသတ်နိုင်မလား

နေပြည်တော် ၊ နိုဝင်ဘာ ၂၁ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကနေတဆင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့ သမိုင်းဝင် စီရင်ချက်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ သံသရာကို အဆုံးသတ်ဖို့ လမ်းစလို့ ရှုမြင်မှုတွေ ရှိနေပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တာဟာ…

ICJ စီရင်ချက်ကို KNU ထောက်ခံ

မော်လမြိုင်၊ နိုဝင်ဘာ ၂၁ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ရဲ့ ဆင်နွှဲခဲ့‌တဲ့ စစ်ဆင်ရေးတွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်တဲ့အပေါ် ကြိုဆိုတယ်လို့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လာပါတယ်။ KNU အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုကို…

ကျားဖြန့်ဂိုဏ်းတွေနဲ့ဆက်စပ်တဲ့ DKBA ခေါင်းဆောင်နှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ဘားအံ နိုဝင်ဘာ ၂၁ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေထဲမှာ တိုက်ချမ်း (Tai Chang) ကျားဖြန့်စင်တာကို သတင်းပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုကြေးပေးသွားမယ်လို့ အမေရိကန်က ထပ်မံထုတ်ပြန်ထားအပြီး ရက်ပိုင်းမှာပဲ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝနဲ့ အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်းကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပါတယ်။ အွန်လိုင်ငွေလိမ်ဂိုဏ်း(ကျားဖြန့်)နဲ့ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်ကူညီပေးနေတယ်လို့ဆိုပြီး…

ရေးမြို့နယ်မှာ ခလရ ၃၁ တပ်ရေးဗိုလ်ကြီး မိသားစုကား ပစ်ခတ်ခံရပြီး ၅ ဦး သေဆုံး

ရေး၊ နိုဝင်ဘာ ၂၀ မွန်ပြည်နယ် ရေးမြို့နယ် ရင်းဒိန်ကျေးရွာနဲ့ ကဗျာကြီးရွာကြား လမ်းပိုင်းမှာ ခလရ ၃၁ တပ်မှ တပ်ရေးဗိုလ်ကြီး မိသားစုပါလာတဲ့ ကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ်လို့ ၅ ဦး သေဆုံးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်မှာ ရေးကနေ ခေါဇာဘက်ကို ကားနဲ့ပြန်လာတဲ့…

ပွင့်ဖြူမှာ စစ်တပ်က လုံခြုံရေး အပြည့်ယူထားလို့ ပေါ်တာဆွဲခံရမှာ ဒေသခံတွေ စိုးရိမ်

မကွေး နိုဝင်ဘာ ၂၀ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လုံခြုံရေးအပြည့်ယူထားတဲ့အတွက် ပေါ်တာဆွဲခံရမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းကစပြီး ပွင့်ဖြူနဲ့ ရှောက်တော လမ်းတ​​လျှောက်မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေနေရာယူထားကြတာပါ။ “လမ်းဆုံလမ်းခွတွေမှာ သုံးယောက် တစ်စုစီ နေရာယူထားတာ။ အရင်တခါ ပေါ်တာဆွဲတုန်းကလည်း အဲဒီလို လမ်းဆုံတွေမှာ ဆွဲသွားတာ။”…

မလေးရှားနဲ့ စင်ကာပူသို့ ရထားလမ်း ချိတ်ဆက်ရေး ထိုင်းနဲ့ တရုတ် တိုက်တွန်း

ရှန်ကျန်း၊ နိုဝင်ဘာ ၂၀ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့က တရုတ်၊ လာအိုနဲ့ ထိုင်းကို မလေးရှား၊ စင်ကာပူတို့နဲ့ ရထားလမ်း ချိတ်ဆက်ရေး ဖော်ဆောင်မှု အရှိန်မြှင့်တင်ဖို့ သဘောတူလိုက်ပါတယ်။ ဒါက ဒေသဆိုင်ရာ ပို့ဆောင်ရေး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ၃၃…

ထရန့်၊ ရှီနဲ့ ပူတင်တို့ သုံးပွင့်ဆိုင်တွေ့ဆုံနေချိန် ယူကရိန်း မဟာမိတ်တွေ ဘာလင်မှာ တွေ့ဆုံ

ဘာလင် ၊ နိုဝင်ဘာ ၂၀ တရုတ်နိုင်ငံမှာ ထရန့် ၊ ရှီနဲ့ ပူတင်တို့ မကြုံစဖူး သုံးပွင့်ဆိုင် တွေ့ဆုံပြီးနောက် မကြာခင် ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ယူကရိန်းရဲ့ မဟာမိတ်တွေဟာ နိုဝင်ဘာ ၁၉ ရက်က တွေ့ဆုံခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ကူညီဖို့ ဆန္ဒရှိတဲ့ နိုင်ငံများ ညွှန့်ပေါင်း အဖွဲ့ ထိပ်သီး…

ICJ ဆုံးဖြတ်ချက် နှောင့်နှေးမှု မရှိဘဲ အကောင်အထည်ဖော်ရေး မြန်မာကို အီးယူ တိုက်တွန်း

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၀ နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အပြည့်အဝ အကောင်အထည် ဖော်ရေး မြန်မာကို ဥရောပသမဂ္ဂ (အီးယူ) က နိုဝင်ဘာ ၁၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဆုံးဖြတ်ချက် လိုက်နာရေးဟာ နိုင်ငံတကာ ဥပဒေတွေအရ တာဝန်တစ်ရပ် ဖြစ်တယ်လို့ အီးယူက ဖော်ပြထားပါတယ်။ တရားရုံး…