2026

ချောင်းဆုံ ညောင်လန်းရွာက အဖိုးအဖွား လင်မယား နေအိမ်မှာ အသတ်ခံရ

ချောင်းဆုံ၊ ဩဂုတ် ၂၂ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ညောင်လန်းကျေးရွာမှာ အသက် ၇၆ နှစ်အရွယ် အဖိုးအဖွား လင်မယားဟာ နေအိမ်မှာ အသတ်ခံထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖြစ်စဉ်အရ ဒီကနေ့ သြဂုတ်၂၂ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က ညောင်လန်းကျေးရွာနေ အသက် ၇၆ နှစ်အရွယ် ဦးမောင်တင်နဲ့ ဒေါ်ရင်မေတို့ လင်မယား…

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ အီရန် ခြိမ်းခြောက်

ဒူဘိုင်း၊ ဝါရှင်တန်၊ သြဂုတ် ၂၂ အီရန်အစိုးရကို ဖြတ်ချပစ်ဖို့ ရည်ရွယ်ထားပြီး ရာဇဝင်မှာ အပြင်းထန်ဆုံး ဘဏ္ဍာရေး ပြစ်ဒဏ်ခတ်မှုတွေ လုပ်ဆောင်မယ်လို့ ဝါရှင်တန်က ပြောကြားထားပြီးနောက် အမေရိကန်ရဲ့ ထပ်မံခြိမ်းခြောက်မှု မှန်သမျှကို စစ်ရေးအရ လက်တုံ့ပြန်မှာ ဖြစ်ကြောင်း အီရန်က သြဂုတ် ၂၁ ရက်မှာ ပြောလိုက်ပါတယ်။ အီရန် အသက်ဆက်ဖို့ ပုံစံ တစ်မျိုးမျိုးနဲ့ ကူညီပေးနေတဲ့…

ထိုင်းမြောက်ပိုင်းမှာ မုန်တိုင်း ၉ လုံး တိုက်ခတ်နိုင်ကြောင်း သတိပေး

ဘန်ကောက်၊ သြဂုတ် ၂၂ နန်ခရိုင်နဲ့ ဆူခိုထိုင်းခရိုင်မှာ ရေဘေးတွေ သက်သာလာပေမယ့် မိုးထပ်မံရွာသွန်းမှုကြောင့် သြဂုတ် ၂၅ ရက်၊ ၂၆ ရက်နဲ့ ၂၉ ရက်တို့မှာ ဒေသ လေးခုအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ထိုင်း ရာသီဥတုနဲ့ သဘာဝဘေး အထူးကျွမ်းကျင်သူများအဖွဲ့ Assoc ရဲ့ ပါမောက္ခ ဒေါက်တာ သီရိ ဆူပရက်တစ်က သတိပေးပြောဆိုပါတယ်။…

လူ့အခွင့်အရေးကော်မရှင် ဖွဲ့ဖို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကို ဖျက်သိမ်း

နေပြည်တော် ၊ ဩဂုတ် ၂၁ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ၂၀၂၁ ခုနှစ် မေလဆန်းမှာ ဖွဲ့စည်းထားရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ဩဂုတ် ၂၁ ရက် ညပိုင်းမှာ အသိပေးကြေညာပါတယ်။ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အတည်ပြုပြဋ္ဌာန်းပြီး လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်အဖြစ် ဖွဲစည်းကာ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ စီစဉ်နေတာကြောင့်လို့…

စစ်အာဏာသိမ်း (၂၀၂၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၀၀) ဦးထိရှိလာ

မော်လမြိုင်၊ သြဂုတ်၂၂ AAPP ရဲ့ သြဂုတ်၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၂၈) ရက်အတွင်း ပြည်သူ (၈၃၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၀၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ဘယ်လာရုစ်လုပ်ငန်းရှင်တွေကို မင်းအောင်လှိုင် ဖိတ်ခေါ်

မင့်စ် ၊ ဩဂုတ် ၂၂ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး စတင်ဆောင်ရွက်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ အခြားကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဘယ်လာရုစ်က စီးပွားရေးလုပ်ငန်းရှင်တွေကို ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။ အာဏာသိမ်းစစ်တပ်က‌နေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အပြီး ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ကို ရောက်ရှိကာ ဩဂုတ် ၂၀ ရက်နေ့က…

ကရင်မှာ ရေကြီးမှုကြောင့် လူပေါင်း ၂၀၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်း

ဘားအံ၊ သြဂုတ် ၂၂ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတွေ ကျဆင်းလာမှုကြောင့် ကရင်ပြည်နယ်က ဘားအံမြို့အပါအဝင် မြို့တချို့မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး လူဦးရေ အနည်းဆုံး ၂၀၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်းထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့်မြင့်တက်လာနိုင်ကာ…

တစ်လအတွင်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်သား ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ NUG ပြော

စစ်ကိုင်း၊ ဩဂုတ် ၂၂ နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တစ်လအတွင်း တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ဘက်က စစ်သား ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြီးခဲ့ ဇူလိုင် ၁ ရက်နေ့မှာ ၃၁ ရက်နေ့အထိ တစ်လအတွင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရာရှိအပါအဝင် စစ်သား…

မြောင်မြို့နယ်မှာ တရားစခန်းကို စစ်တပ် ဗုံးကြဲလို့ ၁၄ ဦး သေဆုံး

စစ်ကိုင်း ဩဂုတ် ၂၁ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆွဲလဲအို ​ကျေးရွာတရားစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းက ဗုံးကြဲတာကြောင့် ၁၄ ဦးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆွဲလဲအိုရွာ တရားစခန်းကို သြဂုတ် ၂၁ ရက် မနက်ပိုင်းက လေကြောင်းကနေ တိုက်ခိုက်တာဖြစ်ပြီး ညနေ ၅ နာရီအထိ ၁၄ ဦးသေဆုံးပြီးဖြစ်တယ်လို့ သိရပါတယ်။ “တရားစခန်းရဲ့ အမျိုးသားဆောင်ပေါ်ကို တည့်တည့်ကျတော့…

ထားဝယ် ဆိပ်ကမ်း စီမံကိန်းအတွက် မြေနေရာရရှိရေး မြန်မာ စစ်တပ် ပစ်မှတ်ထား ထိုးစစ်ဆင်နေ

ဘန်ကောက်၊ သြဂုတ် ၂၁ နိုင်ငံ တောင်ပိုင်းမှာ ရုရှား ထောက်ပံ့ထားတဲ့ အထူးစီးပွားရေး ဇုန်သတ်မှတ်ထားတဲ့ ဒေသတွေကို အင်အားသုံး ရှင်းလင်းရေး မြန်မာ စစ်တပ်က စစ်သား ရာပေါင်းများစွာ စေလွှတ်ထားပြီး ကျေးရွာတွေကို မီးရှို့နေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူ တစ်ဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီ မြေနေရာ…