2026

ကျုံဒိုးမှာ လက်နက်ကြီးကျလို့ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသေဆုံး

ကျုံဒိုး၊ စက်တင်ဘာ ၄ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ကျုံဒိုးအခြေစိုက် အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၃၁၂ အမြောက်တပ်နဲ့ တပ်သစ်မြောက်ကုန်းတို့ကနေ စက်တင်ဘာ ၂၅ ရက်နေ့ကနေ ၃၀…

မလေးရှားမှာ အခုနှစ်အတွင်း တရားမဝင် နိုင်ငံခြားသား ၃၇,၀၀၀ ကျော် ဖမ်းဆီးခံရ

ကွာလာလမ်ပူ အောက်တိုဘာ ၃ မလေးရှားနိုင်ငံမှာ အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်းမှာ စစ်ဆင်ရေးပေါင်း ၁၀,၃၇၄ ကြိမ် ပြုလုပ်ခဲ့ပြီး တရားမဝင် နိုင်ငံခြားသား ၃၇,၃၁၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီး ဒါတွတ် စရီ ဆိုင်ဖူဒင် နူဆူရှင် အစ္စမေးလ်က ပြောပါတယ်။ ဒီကာလအတွင်း မလေးရှား…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ ကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရ

ကျိုက်ထို၊ အောက်တိုဘာ ၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာနဲ့ မဲရုံးကြီးကျေးရွာတွေမှာ လက်နက်ကြီးကျလို့ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်မှာ တပ်မ ၄၄ ကနေ…

သဘာဝဘေးအတွက် ထိုင်းအစိုးရက အိမ်ထောင်စု သန်း ၃၀ ကို အာမခံ စတင်ပေး

ဘန်ကောက် အောက်တိုဘာ ၃ ထိုင်းနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ရတဲ့ ပြည်သူတွေကို အကူအညီ ပိုမိုမြန်ဆန်စွာ ပေးနိုင်ဖို့အတွက် အစိုးရက အိမ်ထောင်စု သန်း ၃၀ ကို လွှမ်းခြုံပေးမယ့် သဘာဝဘေးအာမခံအစီအစဉ်ကို အောက်တိုဘာ ၁ ရက်ကစပြီး စတင်လိုက်ပါတယ်။ ဒုတိယပြည်ထဲရေးဝန်ကြီး ဂျီဆက်ထိုင်ဆက် ရဲ့ ပြောကြားချက်အရ အာမခံအစီအစဉ်ဟာ အောက်တိုဘာ ၁ ရက်…

ကရင်ပြည်နယ်နေ့ ပွဲတော် စည်စည်ကားကား ကျင်းပဖို့ ပြည်နယ်စစ်အစိုးရ ပြင်ဆင်နေ

ဘားအံ အောက်တိုဘာ ၃ လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ပျော်ပွဲရွှင်ပွဲတွေနဲ့ ကရင်ပြည်နယ် စစ်အစိုးရက စည်စည်ကားကား ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်နယ်နေ့လက်ဝှေ့ပွဲပြိုင်ပွဲကို ဆုကြေးငွေများစွာနဲ့ KNA ထိပ်သီးခေါင်းဆောင် စောချစ်သူရဲ့ မိသားစုက အဓိကပံ့ပိုးသွားမယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်နေ့ပွဲတော်ကို ကရင်ရိုးရာဒုံးအကပြိုင်ပွဲ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွေ ပြခန်းတွေ အားကစားပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေနဲ့…

ရေဘေးနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် နီပေါ ရေခဲမြစ် ရေကန် ၄ ခုကို ရေစုပ်ထုတ်ဖို့ စီစဉ်

ခတ္တမန္တူ ၊ အောက်တိုဘာ ၃ မကြာသေးခင်က လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့တဲ့ ရေဘေးနဲ့ ကြုံခဲ့ရပြီးနောက် ရေကြီးနိုင်တဲ့ အန္တရာယ် လျှော့ချရေး နီပေါ အာဏာပိုင်တွေက တောင်တန်း မြင့်မြင့်ပေါ်မှာ ကပ်သီးကပ်သတ် ရှိနေတဲ့ ရေခဲမြစ် ရေကန် ၄ ခုကို အခု ဘဏ္ဍာရေးနှစ်အတွင်း စတင်ပြီး ရေစုပ်ထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့…

ပြင်သစ်မှာ ကျောင်းသားဆန္ဒပြမှုတွေ ပြင်းထန်လာပြီး လူပေါင်း ၁,၇၀၀ ကျော် ဖမ်းဆီးခံရ

ပဲရစ် အောက်တိုဘာ ၃ ပြင်သစ်နိုင်ငံတစ်ဝန်း ပညာရေးအခြေအနေတွေကို မကျေနပ်လို့ ကျောင်းသားတွေ ဆန္ဒပြမှုတွေ ဆက်လက်ပြင်းထန်နေပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားနေပါတယ်။ ဆရာ၊ ဆရာမ မလုံလောက်တာ၊ စာသင်ခန်းတွေမှာ ကျောင်းသားအရေအတွက် များပြားလွန်းတာ၊ ကျောင်းအဆောက်အအုံတွေ ဟောင်းနွမ်းပျက်စီးနေတာနဲ့ ပညာရေးအသုံးစရိတ် လျှော့ချမယ့် အစီအစဉ်တွေကို မကျေနပ်တာကြောင့် အထက်တန်းကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြနေကြတာပါ။ ဒီဆန္ဒပြမှုဟာ ပြီးခဲ့တဲ့သီတင်းပတ်က…

စစ်အာဏာသိမ်း (၂၀၇၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၄၇၇)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၃ AAPP ရဲ့ အောက်တိုဘာ ၂ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၇၀)ရက်အတွင်း ပြည်သူ (၈၄၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၀၄၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၄၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မလေးရှားကနေ မြန်မာနိုင်ငံဆီ နေရပ်ပို့ခံရသူတွေ စစ်မှုထမ်းအန္တရာယ် ရင်ဆိုင်ရနိုင်

နေပြည်တော် ၊ အောက်တိုဘာ ၃ နှစ်ဘက်အစိုးရရဲ့ နိုင်ငံရေး အကျိုးစီးပွားတွေကြား မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ခံရတဲ့သူတွေအနေနဲ့ စစ်မှုထမ်းအန္တရာယ် ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ မလေးရှားအစိုးရက သူတို့နိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်တွေကြောင့် ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကို စက်တင်ဘာ ၂၉ ရက်နေ့မှာ စစ်အစိုးရက စေလွှတ်တဲ့ စစ်‌သင်္ဘောတွေနဲ့…

မော်လမြိုင်မှာ လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုဆိုးရွားလာလို့ လူမှုစီးပွားဘဝ အခက်ကြုံနေရ

မော်လမြိုင် အောက်တိုဘာ ၃ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ လက်ရှိ မိုးရာသီမကုန်ခင်ကာလမှာ ကတည်းက လျှပ်စစ်မီး ပြတ်တောက်မှုဟာ တစ်နေ့တခြား ပိုမို ဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လျှပ်စစ်မီးဟာ မိုးရာသီကာလအတွင်းက တစ်ရက် ၂၄ နာရီမှာ ၁၄ နာရီ ဝန်းကျင်ခန့် ရရှိခဲ့ရာမှ လက်ရှိမှာတော့ ရပ်ကွက် အများစုမှာ အများဆုံး…