ဆန္ဒပြနေတဲ့ Gen Z တို့ရဲ့ အသံကို အစိုးရက နားထောင်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊ နိုဝင်ဘာ ၂၁

ဆန္ဒပြပွဲတွေ ဥပဒေနဲ့ အညီဆက်ရှိနေသရွေ့ Gen Z ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှု တွေကို အစိုးရက နားထောင်ပေးသွားမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောပေမယ့် ဘယ် အဆိုပြုချက် တစ်ခုအတွက်မှာ ကတိပြုထားတာ မရှိသေးပါဘူး။

ထိုင်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ တခြား နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲနေလို အရှိန် မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကိုတော့ ဝန်ကြီးချုပ် အနုတင်က ပယ်ချထားပါတယ်။

သူဦးဆောင်တဲ့ အစိုးရအဖွဲ့ နုတ်ထွက်ပေးရေး Gen Z ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို အစိုးရက နားထောင်ပေးဖို့ အသင့်ပြင်ထားတယ်လို့ အနုတင်က အခိုင်အမာ ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးရာထူးကိုလည်း ရယူထားတဲ့ အနုတင်က နိုဝင်ဘာ ၂၁ ရက်က သတင်းထောက်တွေကို ပြောကြားရာမှာ သဘောထား ဖော်ထုတ်ဖို့ ဆန္ဒပြပွဲတွေ ကျင်းပဖို့ ပြည်သူတွေရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အခွင့်အရေးတွေကို အစိုးရအနေနဲ့ လေးစားကြောင်းနဲ့ အဲဒီလို လှုပ်ရှားမှုတွေကို ဥပဒေဘောင်ထဲက ဆက်လက် ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ကိစ္စ တချို့ကို အစိုးရ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ကျေနပ်မှု မရှိကြောင်း ဖော်ပြထားပြီး နိုင်ငံရေး ပြောင်းလဲရေး တောင်းဆိုနေတဲ့ လူငယ်တွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန် အခုလို ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစိုးရက ဆန္ဒပြပွဲတွေကို လျစ်လျူရှူမထားဘဲ သူတို့ရဲ့ တောင်းဆိုမှုတွေကို လက်ခံဖို့၊ အစီရင်ခံဖို့ လေ့လာဖို့ ယန္တယားတွေ ရှိထားပြီး ဖြစ်တယ်လို့ အနုတင်က ပြောပါတယ်။

ဘယ်အဆိုပြုချက်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မလဲ၊ နောက်ထပ် အရေးယူဆောင်ရွက်မှု လုပ်ဆောင်ဖို့ တာဝန်ရှိတဲ့ ဌာနတွေကို ဖော်ထုတ်ရေး သက်ဆိုင်ရာ အရာရှိတွေက စိစစ်ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဥပဒေဘောင်ထဲက ဖွဲ့စည်းပုံဆိုင်ရာ အခွင့်အရေးတွေအတိုင်း တောင်းဆိုနေသရွေ့ တောင်းဆိုမှုတိုင်းကို နားထောင်ပေးဖို့ အစိုးရ အသင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီ လုပ်ငန်းစဉ်ဟာ ဆန္ဒပြသူတွေရဲ့ စိုးရိမ်မှုတွေကို ရိုးရိုးရှင်းရှင်း အသိအမှတ်ပြုရုံနဲ့ မပြီးဘဲ အရာရှိတွေက ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းချက်တွေကို စဉ်းစားဖို့ ကိစ္စတွေကို တင်ပြဖို့ဆောင်ရွက်နေကြောင်း လူထုကို အာမခံဖို့ လိုတယ်လို့ အနုတင်က အလေးထား တုံ့ပြန်ထားပါတယ်။

အဆိုပြုချက်တွေအတိုင်း ဆက်လက် ဆောင်ရွက်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့မယ် ဆိုရင် အကောင်အထည်ဖော်ရေး သင့်တော်တဲ့ အစိုးရဌာနက ဆောင်ရွက်ဖို့ လွှဲပေးသွားမှာ ဖြစ်ကြောင်း သူက ဖြည့်စွက်ပြောဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဆန္ဒပြ လူငယ်တွေက လက်သုံးချောင်းထောင် ဆန္ဒပြတာတွေ ပြုလုပ်နေပြီး ပညာရေး အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။

Ref:TheNationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.