September 2026

ဒီမိုကရေစီ စနစ်ပြောင်းလဲရေး ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ဗင်နီဇွဲလား ယာယီ ခေါင်းဆောင် ကတိပြု

နယူးယောက်၊ ကာရာကတ်စ်၊ စက်တင်ဘာ ၂၄ မိမိတို့အနေနဲ့ ရာနှုန်းပြည့် ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပသွားမှာ ဖြစ်ကြောင်း ဗင်နီဇွဲလား ယာယီ သမ္မတ ဒယ်လ်စီ ရိုးရီဂွတ်ဇ်က စက်တင်ဘာ ၂၃ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပါတယ်။ ဒါပေမဲ့ သူက ရွေးကောက်ပွဲ ကျင်းပမယ့် အချိန် အတိအကျကိုတော့…

စစ်ဆေးရေးဂိတ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖို့ မင်းအောင်လှိုင် ညွှန်ကြား

နေပြည်တော်၊ စက်တင်ဘာ ၂၄ လုံခြုံရေးကြောင့် ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေဟာ ပေးအပ်ထားတဲ့ အခွင့်အာဏာကို မလျော်ကန်စွာ အသံုံးချနေတာကြောင့် ထိရောက်စွာ ကိုင်တွယ်ဖို့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ညွှန်ကြားလာပါတယ်။ မနေ့ စက်တင်ဘာ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တို့အား တွေဆုံစဉ် ကိုယ်တိုင်ခန့် သမ္မတ…

စစ်ပွဲမှာ လုံးဝ ဒူးထောက်အရှုံးပေးမှာ မဟုတ်ဘူးလို့ အီရန် သမ္မတ ပြော

နယူးယောက်၊ စက်တင်ဘာ ၂၄ အမေရိကန်၊ အစ္စရေးတို့နဲ့ ၇ လနီးပါးကြာ စစ်ပွဲ ဖြစ်ပွားနေပြီးနောက် အီရန်အနေနဲ့ လုံးဝ ဒူးထောက် အရှုံးပေးမှာ မဟုတ်ဘူးလို့ သမ္မတ မာဆောက် ပီဇက်ခီယန်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ မိမိတို့အနေနဲ့ စစ်ပွဲကို သံတမန်ရေးအရ ဖြေရှင်းရေး အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။ သဘောတူညီမှု မကြာခင် မရရှိဘူးဆိုရင် အီရန်ကို အမြစ်ဖြတ်…

စစ်အာဏာသိမ်း (၂၀၆၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၄၂၀)ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၄ AAPP ရဲ့ စက်တင်ဘာ ၂၃ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၆၁)ရက်အတွင်း ပြည်သူ (၈၄၂၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၉၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၆၈)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

သတင်းလုံခြုံမှု မကျိုးပေါက်အောင် နှစ်ကြိမ်ထက်မနည်း ဒုတပ်ချုပ် သတိပေးလာ

နေပြည်တော် ၊ စက်တင်ဘာ ၂၄ အာဏာသိမ်းစစ်တပ်ရဲ့ တပ်တွင်း သတင်းလုံခြုံမှု ကျိုးပေါက်ခြင်းမရှိအောင် အထူးဂရုပြုဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့မှုတွေအတွင်း ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက နှစ်ကြိမ်ထက်မနည်း သတိပေးလာပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ တပ်မတော်အရာရှိကြီးတွေနဲ့ တွေ့ဆုံချိန်မှာ သတင်းလုံခြုံရေးကို တစ်ဦးချင်းစီက အထူးဂရုပြုဆောင်ရွက်ကြရမယ်လို့…

မွန်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်အစိုးရ ဖမ်းဆီးမှုစတင်

မော်လမြိုင် ၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်တဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်တွေကို စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်လာတယ်လို့ ‌ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လိုင်စင်မဲ့ယာဉ်တွေကို စက်တင်ဘာ ၂၃ ရက်နေ့ကစလို့ စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေ ဖြစ်တဲ့ ယာဉ်ထိန်းရဲ၊ ထွေအုပ်၊…

ပေါ်တာဆွဲခံရသူ လူငယ်နှစ်ဦးနဲ့ စစ်မှုထမ်းတစ်ဦးကို ကော့သောင်း ပကဖ ကယ်ထုတ်

ကော့သောင်း၊ စက်တင်ဘာ ၂၄ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရသူ လူငယ် နှစ်ဦးနဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က မလိဝမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ ကော့သောင်းမြို့နေ အသက် ၂၁ နှစ်အရွယ် မောင်ကျော်မင်းဦးနဲ့ အသက် ၂၄ နှစ်အရွယ်…

ကမ္ဘောဒီးယားဟာ လူလိမ်လုပ်ငန်းတွေအတွက် ဘေးကင်းရာ နေရာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ပြော

ဖနွမ်းပင် ၊စက်တင်ဘာ ၂၃ ကမ္ဘာဒီးယား ဝန်ကြီးချုပ်က မိမိတို့ နိုင်ငံဟာ နိုင်ငံဖြတ်ကျော် လူလိမ်လုပ်ငန်းတွေအတွက် ဘေးကင်းရာ ခိုလှုံရာ နေရာတစ်ခု မဟုတ်ကြောင်း စက်တင်ဘာ ၂၃ ရက်က ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာ လိမ်လည်မှု ညီလာခံကို ဖွင့်လှစ်စဉ် ပြောပါတယ်။ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ ညီလာခံဖွင့်ပွဲမှာ ဝန်ကြီးချုပ် ဟွန်မာနတ်က အခုလိုမျိုးး ပြောဆိုလာတာပါ။ အမေရိကန်နဲ့…

ဂျပန်ကို စစ်မက်ကာလ ရန်သူနိုင်ငံအဖြစ် တံဆိပ်ကပ်မှု ဖယ်ရှားပေးရေး ဝန်ကြီးချုပ် တာကာအိချီ တောင်းဆို

နယူးယောက်၊ စက်တင်ဘာ ၂၃ စစ်မက်ခေတ် ၁၉၄ဝ ပြည့်နှစ်တွေက ဂျပန်ကို ရန်သူနိုင်ငံအဖြစ် သတ်မှတ်ထားမှုအပေါ် ဖယ်ရှားပေးရေး ဝန်ကြီးချုပ် ဆာနေး တာကာအိချီက သူ့ရဲ့ စက်တင်ဘာ ၂၂ ရက်မှာ ပြောကြားခဲ့တဲ့ ပထမဆုံး ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းအတွင်း တောင်းဆိုလိုက်ပါတယ်။ ၁၉၅၆ ခုနှစ်မှာ ဂျပန်နိုင်ငံ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာပြီးနောက်…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အရပ်သား တစ်ဦး သေဆုံး

ကျိုက်ထို၊ စက်တင်ဘာ ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကညင်အိုင်ကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ကညအိုင်ကျေးရွာနဲ့ ဇီးပြောင်း…