ကုလသမဂ္ဂမှာ နေတန်ညာဟု မိန့်ခွန်း ပြောချိန် ကိုယ်စားလှယ်တွေ ထွက်ခွာသွား
နယူးယောက်၊ စက်တင်ဘာ ၂၅ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစ္စရေး ဝန်ကြီးချုပ် မိန့်ခွန်း ပြောချိန် ခန်းမထဲက ကိုယ်စားလှယ်တွေ ထွက်ခွာသွားခဲ့ကြပါတယ်။ သူက အီရန်၊ ဂါဇာနဲ့ အရှေ့အလယ်ပိုင်းဒေသရှိ တခြားနေရာတွေမှာ အစ္စရေးရဲ့ စစ်ဆင်ရေး ဆင်နွှဲမှုတွေကို ပြင်းပြင်းထန်ထန် ကာကွယ် ပြောဆိုခဲ့ပါတယ်။ နေတန်ညာဟု စင်မြင့်ထက်သို့ တက်လာချိန်မှာ ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ ကိုယ်စားလှယ် ဒါဇင်ပေါင်းများစွာ…
