ကင်းလွတ်ခွင့်ကလွဲရင် ကျန်သူတွေ အလှည့်ကျ စစ်မှုထမ်းရမယ်လို့ စစ်အစိုးရ ပြော
နေပြည်တော် ၊ စက်တင်ဘာ ၂၆ အာဏာသိမ်း စစ်တပ်ရဲ့ မြေပြင်တိုက်ခိုက်ရေးအင်အားကို ဖြည့်တင်းပေးနေတဲ့ စစ်မှုထမ်းနဲ့ပတ်သက်ပြီး ကင်းလွတ်ခွင့် ရရှိနိုင်တဲ့သူတွေကလွဲရင် ကျန်တဲ့သူတွေ အလှည့်ကျ တာဝန်းထမ်းဆောင်ရမယ်လို့ စစ်အစိုးရခန့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ပြောပါတယ်။ စက်တင်ဘာ ၂၄ ရက်က ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ဗိုလ်တထောင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ ပတ်သက်ပြီး…
