ဝါရှင်တန်၊ စက်တင်ဘာ ၂၄
သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော် အဆောက်အဦထဲသို့ ဝင်ရောက်ခွင့် တားမြစ်ခဲ့တဲ့ သတင်းဌာန သုံးခုကို ပြန်လည်ဝင်ရောက်ခွင့်ပြုရေး အမေရိကန် တရားသူကြီး တစ်ဦးက ညွှန်ကြားလိုက်ပါတယ်။
ကိုလမ်ဘီယာဒေသဆိုင်ရာ တရားသူကြီး တစ်ဦးက ထရန့်ရဲ့ တားမြစ်မှုကို ယာယီ ပယ်ချပြီး မီဒီယာတွေကို ပြန်လည် ဝင်ရောက်ခွင့်ပြုဖို့ ညွှန်ကြားလိုက်တာကြောင့် CNN ၊ MS NOW နဲ့ Politico သတင်းဌာနတွေ အနေနဲ့ အိမ်ဖြူတော်သို့ ၁၄ ရက်ကြာ ပြန်လည် ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
အဲဒီ သတင်းဌာနတွေရဲ့ သတင်းထောက်တွေရဲ့ အိမ်ဖြူတော် ဝင်ခွင့်ကတ်တွေ သိမ်းယူခံရပြီး ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ပြီးနောက် သူတို့က ဥပဒေအရ စိန်ခေါ်ခဲ့ပြီး တားမြစ်မှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောထားပါတယ်။
ထရန့် အစိုးရက သူတို့ရဲ့ လုပ်ရပ်ကို တရားရုံးမှ ကာကွယ်ပြောဆိုဖို့ ကြိုးပမ်းခဲ့ပြီး အဲဒီ သတင်းဌာနတွေဟာ သတင်းအမှားတွေ ဖော်ပြပြီး အမျိုးသား လုံခြုံရေးကို အန္တရာယ် ပြုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ထရန့် အစိုးရရဲ့ အဲဒီလို စောဒက တက်မှုကို တရားရုံးက ပယ်ချခဲ့လိုက်တာလည်း ဖြစ်ပါတယ်။
အခုလို တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အိမ်ဖြူတော်က မှတ်ချက် မပေးသေးဘဲ သမ္မတရဲ့ ရှေ့နေတွေက နောက်ထပ် ဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်ရေး ရွေးချယ်ဖွယ် ရှိနေပါတယ်။
တရားသူကြီး တီမိုသီ ကယ်လီက အိမ်ဖြူတော်အနေနဲ့ တားမြစ်ချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်ကို လုံလောက်အောင် လုပ်ဆောင်မှု မရှိခဲ့တာကြောင့် CNN ၊ Politico နဲ့ MS NOW တို့အနေနဲ့ အောင်မြင်နိုင်ခြေရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
တားမြစ်မှုဟာ အမျိုးသား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့်လို့ ဆိုတဲ့ ထရန့် အစိုးရရဲ့ စောဒက တက်မှုနဲ့ ပတ်သက်လို့လည်း တရားသူကြီးက သံသယရှိနေပြီး သမ္မတဟာ ကနဦး ကြေညာချက်မှာ အဲဒီ အချက်ကို ထည့်သွင်း ပြောဆိုမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။
တားမြစ်မှုကို ကာကွယ်ပြောဆိုရာမှာ ထရန့် အစိုးရက ကပွဲခန်းမ အသစ် ဆောက်လုပ်ရေး အပါအဝင် အိမ်ဖြူတော်မှာ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဖော်ပြချက် တချို့ အပါအဝင် သတင်းဌာနတွေရဲ့ ဖော်ပြချက် အတော်များများကို ကိုးကားဖော်ပြခဲ့ပါတယ်။
တရားရုံးသို့ လျှောက်ထားမှုအတွင်း ထရန့် အစိုးရက တားမြစ်မှုကို ထောက်ခံတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်တွေကို ကိုးကားထားတာ တွေ့ရပါတယ်။
အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတင်းဌာနတွေရဲ့ သတင်းရေးသား တင်ဆက်မှု ပုံစံကြောင့် သတင်းဌာနတွေကို အစိုးရက ခွဲခြား မဆက်ဆံသင့်ဘူးလို့ သတ်မှတ်ထားပါတယ်။
Ref:BBC

