နယူးယောက်၊ ကာရာကတ်စ်၊ စက်တင်ဘာ ၂၄
မိမိတို့အနေနဲ့ ရာနှုန်းပြည့် ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပသွားမှာ ဖြစ်ကြောင်း ဗင်နီဇွဲလား ယာယီ သမ္မတ ဒယ်လ်စီ ရိုးရီဂွတ်ဇ်က စက်တင်ဘာ ၂၃ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပါတယ်။
ဒါပေမဲ့ သူက ရွေးကောက်ပွဲ ကျင်းပမယ့် အချိန် အတိအကျကိုတော့ ပြောဆိုသွားတာ မရှိပါဘူး။
ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲတွေ ရှိလိမ့်မယ်ဆိုတာကို ဒီအထွေထွေ ညီလာခံမှာ မိမိအနေနဲ့ အရမ်း ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောချင်တယ်လို့ မစ္စစ် ရိုဒရီဂွတ်ဇ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက စီးနင်းမှုအတွင်း အဲဒီအချိန်က သမ္မတ နီကိုလပ်စ် မာဒူရိုကို အမေရိကန် တပ်ဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် မစ္စစ် ရိုဒရီဂွတ်ဇ် အာဏာရလာတာ ဖြစ်ပါတယ်။
အစိုးရက အတိုက်အခံတွေနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီး နိုင်ငံရေး အင်အားစုအားလုံး ပါဝင်ရေး အာမခံမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
အားလုံးအတွက် ပိုလွတ်လပ်ပြီး ပိုမို သာယာဝပြောတဲ့ နိုင်ငံတွင်း ပိုမို ရင်ကြားစေ့မှုရှိတဲ့ နိုင်ငံ တစ်နိုင်ငံ တည်ဆောက်ရေး အတည်ပြုနိုင်တဲ့ လုပ်ငန်းစဉ်နဲ့ စီစဉ်တကျရှိတဲ့ အသင့်အဖွဲ့နဲ့ ဆိုင်တဲ့ နိုင်ငံ ပြန်လည် မွေးဖွားရေး ဒီမိုကရေစီ အသွင် ပြောင်းလဲရေး လုပ်ငန်းစဉ် တစ်ရပ် ဗင်နီဇွဲလား စတင်ထားပြီး ဖြစ်တယ်လို့ မစ္စစ် ရိုဒရီဂွတ်ဇ်က ဆိုတာပါ။
ဗင်နီဇွဲလားနဲ့ အမေရိကန် အရာရှိတွေက ရွေးကောက်ပွဲ တစ်ရပ် ကျင်းပဖို့ လိုအပ်ကြောင်း အရင်က အလေးထား ပြောဆိုခဲ့ကြပေမယ့် ရက်စွဲသတ်မှတ်ထားတာ မရှိသေးပါဘူး။
အဲဒီလို ရွေးကောက်ပွဲ ကျင်းပရေး လွတ်လပ်စွာဆုံးဖြတ်နိုင်တဲ့ နိုင်ငံတော် တရားရုံးနဲ့ အမျိုးသား ရွေးကောက်ပွဲ ကောင်စီတို့ မရှိမဖြစ် လိုအပ်ကြောင်း အတိုက်အခံတွေက ရှုမြင်ထားပါတယ်။
အမေရိကန်က ဗင်နီဇွဲလား အတိုက်အခံတွေဖက်က ရပ်တည်နေတယ်လို့ ဝေဖန်သူတွေက ပြောထားပါတယ်။
အတိုက်အခံတွေနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ မစ္စစ် ရိုဒရီဂွတ်ဇ်ကဆိုပေမယ့် ဗင်နီဇွဲလားရဲ့ အထင်ရှားဆုံး အတိုက်အခံ ခေါင်းဆောင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် မာရီယာ ကော်ရီနာ မာချာဒို ဆွေးနွေးမှုတွေမှာ မပါဝင်သေးပါဘူး။
ဗင်နီဇွဲလားသို့ မစ္စစ် မာချာဒို ပြန်လာဖို့ ကြိုးပမ်းရာမှာ ၇ ကြိမ်တိုင် တားဆီးခံခဲ့ရတယ်လို့ သူ့ရဲ့ နိုင်ငံရေး ကော်မတီက လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။
ယာယီ ခေါင်းဆောင် မစ္စစ် ရိုဒရီဂွတ်ဇ်က အားလုံး တန်းတူညီမျှတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောထားပေမယ့် အတိုက်အခံ ခေါင်းဆောင် မစ္စစ် မာချာဒို အပါအဝင် နိုင်ငံရေးသမား အများအပြားအပေါ် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် တားမြစ်ထားတဲ့ ကိစ္စကို မဖြေရှင်းပေးသေးဘူးလို့ လေ့လာသူတွေက ပြောဆိုထားပါတယ်။
Ref:Reuters

