September 2026

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး တစ်ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

ကျိုက်ထို၊ စက်တင်ဘာ ၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျလာတဲ့ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အာဏာသိမ်း စစ်တပ်က အရပ်သားပြည်သူတွေ…

မွန်မှာ PDF ၁၇ ဦး အလင်းဝင်လာတယ်လို့ စစ်တပ် ဝါဒဖြန့်

မော်လမြိုင်၊ စက်တင်ဘာ ၅ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင် ၁၇ ဦး အလင်းဝင်လာတယ်လို့ ဒီကနေ့ထုတ် စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အလင်းဝင်လာသူတွေမှာ PDF တပ်ဖွဲ့ဝင် အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး တစ်ဦး ပါဝင်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတာလို့ ဆိုပါတယ်။ အလင်းဝင်လာသူတွေဟာ…

အမေရိကန် ခရီးစဉ်မှာ စီးပွားရေးလုပ်ငန်း အကြီးအကဲတွေကို တရုတ်သမ္မတ ခေါ်သွားဖို့ ရှိနေ

ဘေဂျင်း၊ စက်တင်ဘာ ၅ တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း စီးပွားရေး ခေါင်းဆောင် အများအပြား ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သွားမှာ ဖြစ်ကြောင်း သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်က ပြစ်တင် ဝေဖန်နေပြီး ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ ဘေဂျင်းရဲ့ ဆက်ဆံရေး တင်းမာနေချိန်…

အင်ဒိုနီးရှား မြို့တော်သစ်အနီးသို့ တောမီးတွေ ပျံ့နှံ့လာ

ဂျာကာတာ စက်တင်ဘာ ၅ အင်ဒိုနီးရှားနိုင်ငံရဲ့ တည်ဆောက်ဆဲ မြို့တော်သစ် နူဆန်တရာအနီးအထိ တောမီးတွေ စတင်ပျံ့နှံ့လာတာကြောင့် မိုးရွာအောင် လုပ်ဆောင်ဖို့၊ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ရေဖြန်းငြှိမ်းသတ်ဖို့ အရေးပေါ်ဆောင်ရွက်ပေးရေး တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။ လက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘော်နီယိုနဲ့ ဆူမားတြားကျွန်းတွေမှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေပြီး ပြည်နယ် ၆ ခုမှာ အခြေအနေအဆိုးဆုံးဖြစ်နေပါတယ်။ စုစုပေါင်း မီးလောင်ကျွမ်းတဲ့ဧရိယာဟာ ၇၃,၃၁၁…

စစ်အာဏာသိမ်း (၂၀၄၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၃၄) ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၅ AAPP ရဲ့ စက်တင်ဘာ ၄ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၂) ရက်အတွင်း ပြည်သူ (၈၃၃၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၈၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မြဝတီ ဖလူးဒေသမှာ စစ်တပ်ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

မြဝတီ၊ စက်တင်ဘာ ၅ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးဒေသမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ကလေး တစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက် ကျောက်ခက်နယ်မြေအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဖလူးနယ်မြေမှာ စစ်တပ်က ဒရုန်းတိုက်ခိုက်ခဲ့လို့…

မွန်စစ်အစိုးရ ဖော်ဆောင်တဲ့ လှိုင်ရတနာမြို့သစ် မြေကွက်တွေ ရေမြုပ်နေ

မော်လမြိုင် ၊ စက်တင်ဘာ ၅ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် စစ်အစိုးရက မော်လမြိုင်မြို့မှာ ဖော်ဆောင်နေတဲ့ လှိုင်ရတနာ မြို့သစ် မြေကွက် အများစု ရေမြုပ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်စစ်အစိုးရဟာ လှိုင်ရတနာ မြို့သစ် မြေကွက်စီမံကိန်းကိုတော့ ဇုန်အလိုက် ဇုန် A ၊ ဇုန် B နဲ့…

‎ရေးဘီလူးအကောင့်မှာ မှတ်ချက်ဝင်ရေးသူ ထောင် ၇ နှစ်ချမှတ်ခံရ

မုဒုံ၊ စက်တင်ဘာ ၅ မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်မှာ Comment ဝင်ရေးတဲ့ မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းရွာသား ထောင်ဒဏ် ၇ နှစ် ချမှတ်ခံလိုက်ရတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာနေ အသက် ၅၀ အရွယ် ဦးဇင်မင်းခိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၈…

ဆော သီးကုန်းလမ်းဆုံကို စစ်တပ်နေရာယူထားလို့ ဆက်သွယ်ရေး ပြတ်တောက်မှာ ဒေသခံတွေ စိုးရိမ်

မကွေး စက်တင်ဘာ ၄ သုံးလကြာတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ မကွေးတိုင်း ဆောမြို့နယ်က သီးကုန်းလမ်းဆုံကို အာဏာသိမ်းစစ်တပ်က နေရာယူထားတာကြောင့် ဆက်သွယ်ရေးပြတ်တောက်နိုင်တယ်လို့ ဒေသခံတွေကြား စိုးရိမ်မှုရှိနေပါတယ်။ သြဂုတ် ၃၀ ရက်ကစပြီး စက်တင်ဘာ ၄ ရက် လက်ရှိအချိန်ထိ အင်အား ၁၅၀ ဝန်းကျင်နဲ့ ဆော-ရင်းခေါ်-မင်းလယ်- သီးကုန်းဘက်အထိ အာဏာသိမ်းစစ်တပ်က ဖြန့်ကျက်နေရာယူထားတာပါ။ “သီးကုန်းက အဓိကလမ်းမကြီး လမ်းဆုံပေါ့။…

ကျောင်းသား ၂၀၀၀ ခန့် အဆိပ်သင့်မှုကို စုံစမ်းစစ်ဆေးပေးရေး အင်ဒိုနီးရှား ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့ တောင်းဆို

ဂျကာတာ ၊ စက်တင်ဘာ ၄ ကျောင်းသားတွေကို အစားအစာ အခမဲ့ ကျွေးမွေးရေး သမ္မတ ပရာဘိုဝို ဆူဘီယံနိုရဲ့ အထင်ကရ စီမံကိန်းနဲ့ ဆက်စပ်ပြီး ကျောင်းသား ၂၀၀၀ ခန့် အဆိပ်မိမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပေးဖို့ အင်ဒိုနီးရှား ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့က စက်တင်ဘာ ၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်စက သမ္မတ…