September 2026

ဂျပန် စစ်တပ်အတွက် နိုင်ငံခြားသား ခေါ်ယူရေး အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ပယ်ချ

တိုကျို၊ စက်တင်ဘာ ၄ တပ်သားသစ် စုဆောင်းရေး အခက်အခဲ ရှိနေချိန် နိုင်ငံခြားသားတွေကို ခေါ်ယူရေးနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေကို တတ်သိပညာရှင်များ အဖွဲ့တစ်ဖွဲ့က အစဖော်ခဲ့ပြီးနောက် ဂျပန် စစ်တပ်ထဲ နိုင်ငံခြားသားတွေ ဝင်ရောက်နိုင်မယ့် အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက စက်တင်ဘာ ၄ ရက်မှာ ပယ်ချလိုက်ပါတယ်။ ဂျပန် စစ်တပ်အတွက် နိုင်ငံခြားသား ခေါ်ယူရေး…

ထားဝယ်မှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၅ ရွာက ဒေသခံတွေ တိမ်းရှောင်နေရ

ထားဝယ်၊ စက်တင်ဘာ ၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစလို့ ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာအုပ်စုကို လေကြောင်းဗုံးကြဲပြီးနောက် မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာ…

စစ်အုပ်စုကို ထောက်ပံ့နေတဲ့ ဗီယက်နမ်ရဲ့ ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ဖို့ JFM တောင်းဆို

ဟနွိုင်း ၊ စက်တင်ဘာ ၄ မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဆက်လုပ်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ဗီယက်နမ်နိုင်ငံက ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar (JFM) က ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ…

ပစိဖိတ်မှာ ကြုံတောင့်ကြုံခဲ ဟာရီကိန်း မုန်တိုင်း သုံးလုံး အယ်လ်နီညိုရာသီဥတုကြောင့် အားပိုကောင်းလာ

ဝါရှင်တန်၊ စက်တင်ဘာ ၄ ကြုံတောင့်ကြုံခဲ ဟာရီကိန်း မုန်တိုင်း သုံးလုံးဟာ စက်တင်ဘာ ၃ ရက်က ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်း မွှေနှောက် တိုက်ခတ်လာနေပြီး သမိုင်းတလျောက် အားအကောင်းဆုံး အယ်လ်နီညို ရာသီဥတု အခြေအနေကြောင့် ပူနွေးလာတဲ့ ရေပြင်ကြောင့်လို့ ယူဆရကြောင်း ပညာရှင်တွေက ပြောပါတယ်။ အပူပိုင်း မုန်တိုင်း မာရီဟာ ဘာဂျာဟာ ကယ်လီဖိုးနီးယား…

ကမ္ဘာ့ မြေပုံအသစ် အသုံးပြုရေး ကုလသမဂ္ဂ မဲခွဲ ဆုံးဖြတ်

နယူးယောက်၊ စက်တင်ဘာ ၄ အာဖရိကတိုက်ရဲ့ အရွယ်အစားကို ပိုပြီး တိတိကျကျ ဖော်ပြထားတဲ့ ကမ္ဘာ့မြေပုံအသစ် လက်ခံအသုံးပြုရေး အစဉ်အလာအတိုင်း အသုံးပြုနေတဲ့ မာကာတာ မြေပုံ အသုံးပြုမှု တရားဝင် အဆုံးသတ်ရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံက စက်တင်ဘာ ၄ ရက်မှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို အာဖရိကသမဂ္ဂ အဖွဲ့ တခြား…

စစ်အာဏာသိမ်း (၂၀၄၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၃၄) ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၄ AAPP ရဲ့ စက်တင်ဘာ ၃ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၁) ရက်အတွင်း ပြည်သူ (၈၃၃၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၇၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၃)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်မှုထမ်းပြီးသူတွေအတွက် အလုပ်ခေါ်စာတွေနဲ့ မက်လုံးပေး ဝါဒဖြန့်နေ

နေပြည်တော်၊ စက်တင်ဘာ ၄ ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့သူတွေကို အလုပ်အကိုင် ရရှိရေးအတွက် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာ အလုပ်ခေါ်စာတွေနဲ့ မက်လုံးပေးပြီး ဝါဒဖြန့်လာပြန်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းတွေကို ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက အလုပ်ခေါ်စာတွေ ကမ်းလှမ်းနေတယ်ဆိုပြီး အလုပ်အကိုင်အမျိုးအစား လစာနှုန်းထား အချိန်ပိုကြေး လူမှုဖူလုံရေးနဲ့ အထွေထွေ စတဲ့ အကျိုးခံစားခွင့်တွေကို…

မလေးရှားကနေ မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကို ပြန်ခေါ်မယ်လို့ စစ်အစိုးရ ပြော

မော်လမြိုင် စက်တင်ဘာ ၄ မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးကို မိခင်နိုင်ငံဆီ ပြန်လည်ခေါ်ဆောင်နိုင်ရေး နှစ်ဖက်အစိုးရတွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ စစ်အစိုးရ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဒီ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ တခြားလူဝင်မှုကြီးကြပ်ရေး စည်းကမ်းချက်တွေ ချိုးဖောက်ခဲ့တာကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းတွေမှာ ဆက်လက်ထိန်းသိမ်းခံထားရသူတွေ ဖြစ်တယ်လို့…

တနင်္သာရီမှာ PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူအပါအဝင် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

တနင်္သာရီ၊ စက်တင်ဘာ ၄ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရေခမ်းချောင်းကျေးရွာမှာ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူအပါအဝင် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခံရတယ်လို့ သိရပါတယ်။ သတ်ဖြတ်ခံရသူတွေက တော်လှန်ရေးအဖွဲ့နဲ့နီးစပ်သူ ရေခမ်းချောင်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ကိုမျိုးလွင်နဲ့အသက် ၂၀ ကျော်အရွယ် လူငယ်တို့ဖြစ်ပြီး ဩဂုတ် ၃၁ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်စစ်ကြောင်းက…

မကွေးတိုင်းမှာ ကြက်သွန်နီဈေး အဆမတန် မြင့်တက်လာ

မကွေး စက်တင်ဘာ ၃ မကွေးတိုင်းမှာ ၂၀၂၅ ခုနှစ်နဲ့ ယှဉ်ရင် ကြက်သွန်နီစျေး အဆ ၂၀ မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၂၅ ခုနှစ်က ကြက်သွန်နီ တစ်ပိသာ ၃၀၀ ကျပ် စျေးသာရှိပေမဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ တစ်ပိသာ ၆၀၀၀ ကျပ် စျေးအထိ မြင့်တက်လာတာပါ။ “မနှစ်က…