KUALA LUMPUR, 13 Ogos -- Etnik Rohingya sedang berteduh di bawah pokok ketika program agihan daging korban kepada etnik Rohingya sekitar Lembah Klang yang dianjurkan oleh Helping Hand for Relief & Developmnent di Madrasah Alrabbaneeyah, Ampang hari ini. --fotoBERNAMA (2019) HAK CIPTA TERPELIHARA

မော်လမြိုင် စက်တင်ဘာ ၄

မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးကို မိခင်နိုင်ငံဆီ ပြန်လည်ခေါ်ဆောင်နိုင်ရေး နှစ်ဖက်အစိုးရတွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ စစ်အစိုးရ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ တခြားလူဝင်မှုကြီးကြပ်ရေး စည်းကမ်းချက်တွေ ချိုးဖောက်ခဲ့တာကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းတွေမှာ ဆက်လက်ထိန်းသိမ်းခံထားရသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

မူလကတော့ ဩဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်မှာ စစ်တပ်ရဲ့ ရေယာဉ်တွေနဲ့ သွားရောက်ခေါ်ဆောင်ဖို့ စီစဉ်ထားခဲ့ပေမယ့် မလေးရှားဘက်က အဲဒီရက်တွေမှာ ခေါ်ဆောင်ဖို့ အဆင်မပြေသေးကြောင်း ပြန်လည်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မလေးရှားဘက်က အဆိုပြုထားတဲ့ စက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက် တွေမှာ ပြန်လည်ခေါ်ဆောင်နိုင်ရေး ခရီးစဉ်ကို ပြန်လည်စီစဉ်သွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီပြန်လည်ပို့ဆောင်ရေးအစီအစဉ်အပေါ် နိုင်ငံတကာဘက်ကလည်း စိုးရိမ်မှုတွေ ထွက်ပေါ်လာပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒီလို ပြန်လည်ပို့ဆောင်ရေးအစီအစဉ်မှာ သူတို့အနေဲ့ ပါဝင်ခြင်းမရှိကြောင်း ပြောဆိုထားတာ ပါ။

Human Rights Watch နဲ့ Fortify Rights အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကလည်း မလေးရှားနိုင်ငံရဲ့ ဒုက္ခသည်စီမံခန့်ခွဲမှုနဲ့ မြန်မာနိုင်ငံကို ပြန်ပို့မယ့်အစီအစဉ်တွေမှာ လူတစ်ဦးချင်းစီရဲ့ အခြေအနေကို သေချာစိစစ်ပေးဖို့နဲ့ ဒုက္ခသည်အခွင့်အရေးတွေ မထိခိုက်စေဖို့ လိုအပ်ကြောင်း စိုးရိမ်ချက်တွေ ထုတ်ဖော်ထားပါတယ်။

မလေးရှားအစိုးရဘက်ကတော့ ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ဟာ ဆန္ဒအလျောက်ပြန်လည်ပို့ဆောင်ရေး ဖြစ်ပြီး ပြန်သွားရင် အသက်အန္တရာယ်ရှိနိုင်ကြောင်း တွေ့ရှိပါက ပြန်ပို့မှာမဟုတ်ဘူးလို့ ယခင်က ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.