September 3, 2026

စစ်အာဏာသိမ်း (၂၀၄၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၃၄) ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၄ AAPP ရဲ့ စက်တင်ဘာ ၃ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၁) ရက်အတွင်း ပြည်သူ (၈၃၃၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၇၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၃)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်မှုထမ်းပြီးသူတွေအတွက် အလုပ်ခေါ်စာတွေနဲ့ မက်လုံးပေး ဝါဒဖြန့်နေ

နေပြည်တော်၊ စက်တင်ဘာ ၄ ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့သူတွေကို အလုပ်အကိုင် ရရှိရေးအတွက် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာ အလုပ်ခေါ်စာတွေနဲ့ မက်လုံးပေးပြီး ဝါဒဖြန့်လာပြန်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းတွေကို ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက အလုပ်ခေါ်စာတွေ ကမ်းလှမ်းနေတယ်ဆိုပြီး အလုပ်အကိုင်အမျိုးအစား လစာနှုန်းထား အချိန်ပိုကြေး လူမှုဖူလုံရေးနဲ့ အထွေထွေ စတဲ့ အကျိုးခံစားခွင့်တွေကို…

မလေးရှားကနေ မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကို ပြန်ခေါ်မယ်လို့ စစ်အစိုးရ ပြော

မော်လမြိုင် စက်တင်ဘာ ၄ မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးကို မိခင်နိုင်ငံဆီ ပြန်လည်ခေါ်ဆောင်နိုင်ရေး နှစ်ဖက်အစိုးရတွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ စစ်အစိုးရ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဒီ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ တခြားလူဝင်မှုကြီးကြပ်ရေး စည်းကမ်းချက်တွေ ချိုးဖောက်ခဲ့တာကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းတွေမှာ ဆက်လက်ထိန်းသိမ်းခံထားရသူတွေ ဖြစ်တယ်လို့…

တနင်္သာရီမှာ PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူအပါအဝင် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

တနင်္သာရီ၊ စက်တင်ဘာ ၄ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရေခမ်းချောင်းကျေးရွာမှာ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူအပါအဝင် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခံရတယ်လို့ သိရပါတယ်။ သတ်ဖြတ်ခံရသူတွေက တော်လှန်ရေးအဖွဲ့နဲ့နီးစပ်သူ ရေခမ်းချောင်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ကိုမျိုးလွင်နဲ့အသက် ၂၀ ကျော်အရွယ် လူငယ်တို့ဖြစ်ပြီး ဩဂုတ် ၃၁ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်စစ်ကြောင်းက…

မကွေးတိုင်းမှာ ကြက်သွန်နီဈေး အဆမတန် မြင့်တက်လာ

မကွေး စက်တင်ဘာ ၃ မကွေးတိုင်းမှာ ၂၀၂၅ ခုနှစ်နဲ့ ယှဉ်ရင် ကြက်သွန်နီစျေး အဆ ၂၀ မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၂၅ ခုနှစ်က ကြက်သွန်နီ တစ်ပိသာ ၃၀၀ ကျပ် စျေးသာရှိပေမဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ တစ်ပိသာ ၆၀၀၀ ကျပ် စျေးအထိ မြင့်တက်လာတာပါ။ “မနှစ်က…

ရခိုင်ဖြစ်စဉ်နဲ့ပတ်သက်တဲ့ နိုင်ငံ တချို့ရဲ့ ထုတ်ပြန်ချက်တွေကို စစ်အစိုးရ ပယ်ချ

နေပြည်တော်၊ စက်တင်ဘာ ၃ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံ တချို့ရဲ့ ကြေညာချက်နဲ့ သတင်းဖော်ပြမှုတွေဟာ ဖြစ်စဉ်ရဲ့ အရင်းခံအကြောင်းတရားနဲ့ မြေပြင်အခြေအနေမှန်တွေကို လျစ်လျူရှုထားတယ်လို့ အသွင်ပြောင်း စစ်အစိုးရလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။ စစ်အစိုးရကတော့ ၂၀၁၆ ခုနှစ်ကတည်းက အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး၊ ၂၀၁၇…

ပြည်ပထောက်ပံ့မှုနဲ့ ဒရုန်းတွေကြောင့် ဆူဒန် စစ်ပွဲကို လောင်စာဖြည့်ပေးသလို ဖြစ်နေတယ်လို့ ကုလ ပြော

ဂျီနီဗာ ၊ စက်တင်ဘာ ၃ ပြည်ပ လက်နက်တွေ၊ စစ်ရေးနည်းပညာ၊ တိုက်ခိုက်ရေးသမားတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တွေက ဆူဒန် စစ်ပွဲကို အားဖြည့်ဖို့ အထောက်အကူ ပြုနေတယ်လို့ ကုလသမဂ္ဂ အချက်အမှန် ရှာဖွေရေး အဖွဲ့ရဲ့ စက်တင်ဘာ ၃ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီလို လောင်စာ ဖြည့်တင်းပေးမှုတွေကြောင့် စစ်ခင်းနေတဲ့ အဖွဲ့တွေဟာ အရပ်သားတွေ…

အငြင်းပွား သန္တာကျောက် ကျွန်းခွေမှာ တရုတ် သင်္ဘော အစီး ၂၀၀ ကျော် တွေ့ရှိထားတယ်လို့ ဂျပန် ပြော

တိုကျို၊ စက်တင်ဘာ ၃ တရုတ်နဲ့ တခြား နိုင်ငံတွေက သူတို့ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ တောင်တရုတ် ပင်လယ်ရှိ အငြင်းပွားနေတဲ့ သန္တာကျောက် ကျွန်းခွေမှာ ကျောက်ချရပ်တန့်ထားတဲ့ တရုတ် ငါးဖမ်းသင်္ဘော အစီးရေ ၂၀၀ ကျော်ကို တွေ့ရှိကြောင်း ဂျပန်နိုင်ငံက ဂြိုဟ်တုပုံရိပ် လေ့လာမှု တစ်ခုအရ သိရပါတယ်။ ဂျပန်ရှိ အမြတ်မယူတဲ့ ပုဂ္ဂလိက ထောက်လှမ်းရေး အဖွဲ့အစည်း…

ရေဖြူတိုက်ပွဲမှာ အရပ်သား တစ်ဦး ဒဏ်ရာရ

ရေဖြူ၊ စက်တင်ဘာ ၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲတလင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ မနက် ၅ နာရီအချိန်က ကျွဲတလင်းကျေးရွာ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့်…

ဘီးလင်း ဇုတ်သုတ်မှာ စက်မှုဇုန် ဖော်ဆောင်မယ်

ဘီးလင်း၊ စက်တင်ဘာ ၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာမှာ စက်မှုဇုန် ဖော်ဆောင်သွားမယ်လို့ ဒီကနေ့ထုတ် စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ စက်မှုဇုန် ဖော်ဆောင်မယ့် မြေနေရာကို မနေ့ စက်တင်ဘာ ၂ ရက်နေ့က စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနဲ့ တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။ အဲဒီစက်မှုဇုန်ကိုတော့…