July 2026

ပါကစ္စတန်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတွေ လှေတွေနဲ့ထွက်ပြေးရ

မူရစ်ကီ၊ ဇူလိုင် ၂၈ ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ကျေးရွာတွေမှာ မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာတွေ ရေနစ်မြုပ်နေစဉ် ဇူလိုင် ၂၇ ရက်က ဒေသခံတွေဟာ အိုးအိမ်များ စွန့်ခွာပြီး လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ စေတနာ့ ဝန်ထမ်းများက မော်တော်ဘုတ်တွေနဲ့ ဒေသခံတွေကို ဘေးကင်းရာ ရွှေ့ပြောင်း ပေးနေတာကို အေအက်ဖ်ပီ ဂျာနယ်လစ်တွေ မြင်တွေ့ခဲ့ရပါတယ်။…

စစ်အာဏာသိမ်း (၂၀၀၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၀၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၂၈ AAPP ရဲ့ ဇူလိုင်၂၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၀၃) ရက်အတွင်း ပြည်သူ (၈၂၀၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၅၈၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၆၂)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

တိုင်းရင်းသားတွေအပါအဝင် နွေဦးအခြေပြုအင်အားစုတွေနဲ့ SCEF တို့ တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ် ချမှတ်

မော်လမြိုင် ၊ ဇူလိုင် ၂၈ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF က AA အပါအဝင် မွန်၊ ပအိုဝ်း၊ ဗမာနဲ့ နွေဦးတော်လှန်ရေးအခြေပြု အင်အားစုတွေကို တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတယ်လို့ ဇူလိုင် ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင် တတိယပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဖက်ဒရယ်ယူနစ်တွေ ကောင်စီတွေ လွှတ်တော်ကော်မတီတွေနဲ့…

မွန်ပြည်နယ်က အခြေခံပညာကျောင်းတွေမှာ စစ်အစိုးရက ငှက်ပျောပင်စိုက်ခိုင်း

မော်လမြိုင် ၊ ဇူလိုင် ၂၈ မွန်ပြည်နယ်မှာ အခြေခံ ပညာကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေကို အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် စစ်အစိုးရက ငှက်ပျောပင် တွေကို ညွှန်ကြားချက်အရ စိုက်ခိုင်းနေတယ်လို့ ကျောင်းသား မိဘတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အစိုးရ လက်အောက်ခံ ပညာရေးဌာနကတော့ ကျောင်းတွင်း မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲဆိုတဲ့ အကြောင်းပြချက်နဲ့…

မြဝတီတောင်ဘက်တိုက်ပွဲမှာ စစ်တပ်ရဲ့ တပ်သား ၆ ဦး အညံ့ခံအလင်းဝင်

မြဝတီ ဇူလိုင် ၂၈ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်အနီးတဝိုက်မှာ အာဏာသိမ်းစစ်တပ်နဲ့ KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေရာမှာ စစ်တပ်ဘက်က သေဆုံးမှု အများအပြားရှိနေပြီး တပ်သား ၆ ဦး အညံ့ခံအလင်းဝင်လာတယ်လို့ ကျားသစ်နက်စစ်ကြောင်း(ဗျူဟာအမှတ်-၃၂)က သတင်းထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်အနီးတဝိုက်မှာ KNU/KNLA ဦးဆောင်ပြီး ဗျူဟာအမှတ် ၃၂ ၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်ဩဇာခံတပ်တွေ နေ့စဉ်…

အင်ဒိုနီးရှား ဟာလာ ဥပဒေစည်းမျည်းကြောင့် ထိုင်းကဏ္ဍ ၅ ခု ကြိုတင်ပြင်ဆင်ရေး သတိပေး

ဘန်ကောက် ဇူလိုင် ၂၇ အင်ဒိုနီးရှား အစိုးရရဲ့ ဟာလာ ထုတ်ကုန်ဆိုင်ရာ ဥပဒေ သတ်မှတ်ချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က စတင်ပြီး ဟာလာ ထုတ်ကုန် ဖြစ်ကြောင်း သတ်မှတ် ဖော်ပြရမယ်လို့ဖော်ပြလိုက်တာကြောင့် ထိုင်း ထုတ်ကုန် လုပ်ငန်းစု ၅ ခုရှိ လုပ်ငန်းရှင်တွေ ကြိုတင် ပြင်ဆင်ထားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။…

ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားပြီးနောက် အိန္ဒိယ ဝန်ကြီးချုပ်က စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေး အဖွဲ့ ဖွဲ့စည်း

နယူးဒေလီ၊ ဇူလိုင် ၂၇ နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး နန်ဒန် နိုင်းလ်ကာနီ ဦးဆောင်တဲ့ အမှုဆောင်အဖွဲ့က အိန္ဒိယနိုင်ငံရဲ့ စာမေးပွဲ စနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ ဝန်ကြီးချုပ် နာရန် ဒရာမိုဒီက ဇူလိုင် ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။ အိန္ဒိယမှာ လူကြိုက်များတဲ့ ဆေးကျောင်းဝင်ခွင့် စာမေးပွဲ မေးခွန်း ပေါက်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကျောင်းသားကျောင်းသူတွေ…

မော်လမြိုင် ရထားပေါ်မှာ အော်ဟစ်ဆူညံခဲ့တဲ့ ဒေါ်မြသန်းပါ ၅၄ ဦးကို အမှုဖွင့်အရေးယူ

မော်လမြိုင်၊ ဇူလိုင် ၂၇ မော်လမြိုင်-ရန်ကုန် လေအေးပေးစက်ပါ လူစီးအမြန် ရထားပေါ်မှာ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် စည်းကမ်းမဲ့ ကခုန်ပျော်ပါးခဲ့တဲ့ ဒေါ်မြသန်းပါ ၅၄ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ စစ်တပ် အသွင်ပြောင်း အစိုးရက ဇူလိုင် ၂၆ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားခရီးစဉ်မှာ…

ရွှေကုက္ကိုလ်က ကျားဖြန့် အဆောက်အအုံ အားလုံး ဖြိုချဖျက်ဆီးလိုက်ပြီလို့ စစ်အစိုးရ ပြော

မြဝတီ၊ ဇူလိုင် ၂၇ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းတွေ အခြေချလုပ်ကိုင်ခဲ့တဲ့ အဆောက်အအုံ အားလုံး ဖြိုချဖျက်ဆီးလိုက်ပြီလို့ စစ်တပ် အသွင်းပြောင်း အစိုးရက ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားတွေနဲ့ ဖြိုချဖျက်ဆီးမယ့် အဆောက်အအုံ ၅၇ လုံး၊…

ရုရှားက မြောက်ကိုရီးယား စစ်သား ၃ သောင်းကျော် ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ ယူကရိန်း ပြော

ကိဗ် ၊ဇူလိုင် ၂၇ လေးနှစ်ကျော်ကြာလာပြီဖြစ်တဲ့ စစ်ပွဲအတွက် ရုရှားက မြောက်ကိုရီးယား စစ်သား သုံးသောင်းကျော် ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပြီး သူတို့ကို လက်ခံဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောလိုက်ပါတယ်။ နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူညီမှုအရ မြောက်ကိုရီးယားက ၂၀၂၄ ခုနှစ်အတွင်း ရုရှား ကာ့ဇ်ဒေသသို့ စစ်သား…