မြဝတီ သုံးထပ်ကွေ့ဘုရားကုန်း ဗုံးကြဲခံရလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
မြဝတီ၊ ဇူလိုင် ၂၉ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါ်လေကားလမ်း သုံးထပ်ကွေ့ ဘုရားကုန်း လေကြောင်းဗုံးကြဲခံရတာကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီတောင်ဘက် မင်းလက်ပံဖလူးဒေသအတွင်း ထိုးစစ်ဆင်နေတဲ့ စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ နေ့စဉ်ပြုလုပ်နေလေ့ရှိရာ မနေ့ ဇူလိုင် ၂၈ ရက်နေ့က မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ ဘုရားကုန်းကို ပစ်မှတ်ထားဗုံးကြဲသွားခဲ့တာပါ။ အာဏာသိမ်း…
