မလေးရှား နယ်စပ် ထိုင်းတောင်ပိုင်း ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးဖို့ရှိ
ဘန်ကောက်၊ ဇူလိုင် ၁ ထိုင်းနိုင်ငံ တောင်ဖက်စွန်း မလေးရှား နယ်စပ်ပြည်နယ်တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အဲဒီ ကိစ္စရပ်တွေကို ဖြေရှင်းရေး ထိုင်းဝန်ကြီးချုပ်က မလေးရှား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အဲဒီ ဒေသမှာ ကာလကြာရှည် ဖြစ်ပေါ်နေတဲ့ အုံကြွမှုအတွက် ပိုမို ခိုင်မာအားကောင်းတဲ့ ဖြေရှင်းချက်တွေ ရရှိရေးအတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က…
