July 2026

ချင်းတောင်ပိုင်းက စစ်ဆင်ရေးတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အသာစီးရနေ

မကွေး ဇူလိုင် ၂ ချင်းပြည်နယ်တောင်ပိုင်းက စစ်ဆင်ရေးတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေကအသာစီးရနေတယ်လို့ ချင်းပြည်သူ့တပ်မတော် (CNA) က သတင်းထုတ်ပြန်ထားပါတယ်။ မင်းတပ်နဲ့ ကန်ပက်လက်ကို အင်အားထောင်ချီ အသုံးပြုပြီးစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တစ်လကျော်ကြာတဲ့အထိ စစ်ရေးအသာစီးနဲ့ တိုက်ပွဲဖော်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မေ ၁၆ ရက်ကစပြီး အင်အားထောင်ချီအသုံးပြုပြီး စစ်ကြောင်းဝင်ရောက်နေတာကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်ဘက်ကအင်အား ရာနဲ့ချီ ကျဆုံးပြီး…

မွန်ပြည်နယ် ရေးဒေသမှာ တိုက်ပွဲ ပြင်းထန်လာနိုင်

ရေး၊ ဇူလိုင် ၂ မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဏာသိမ်း စစ်တပ် အင်အားအလုံးအရင်း အသုံးပြုပြီး စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစလို့ ရေးမြို့နယ် မြောက်ပိုင်း၊တောင်ပိုင်းနဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ…

စစ်မှုထမ်း ဖမ်းဆီးတာ မရှိဘူးလို့ စစ်တပ် အသွင်ပြောင်း အစိုးရ ဗြောင်လိမ်ပြန်

နေပြည်တော်၊ ဇူလိုင် ၂ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို နည်းလမ်းမျိုးစုံ သုံးပြီး စစ်သားစုဆောင်းနေတဲ့ စစ်တပ် အသွင်းပြောင်း အစိုးရက စစ်မှုထမ်း ဖမ်းဆီးတာ မရှိဘူးလို့ ဒီကနေ့ ဇူလိုင် ၂ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ထပ်မံလိမ်ညာပါတယ်။ ပြည်သူ့စစ်မှုထမ်း ခေါင်းစဉ် အသုံးပြုပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံမှုအပေါ် တာဝန်ရှိသူတွေ ဖော်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး…

လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ဆက်ထားမယ်

ဂျေရုဆလင်၊ ဇူလိုင် ၂ လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာမှာ သတ်မှတ်ထားတဲ့ လုံခြုံရေးဇုံတွေလို့ခေါ်တဲ့ နေရာတွေမှာ အစ္စရေးတပ်ဖွဲ့တွေ ဆက်ရှိနေမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ဇူလိုင် ၁ ရက်မှာ ပြောလိုက်ပါတယ်။ ဂျီဟတ်ဝါဒီ အကြမ်းဖက်တွေ ရန်ကနေ အစ္စရေး ဒေသခံတွေကို ကာကွယ်ရေး လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာရှိ လုံခြုံရေးဇုံတွေမှာ အစ္စရေး တပ်ဖွဲ့ဝင်တွေ…

တောင်အာဖရိက ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင် ဆန္ဒပြပွဲအတွင်း လူ ၉၀၀ ကျော် ဖမ်းဆီးခံရ

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂ ဇွန် ၃၀ ရက်က တောင်အာဖရိက နိုင်ငံတဝှမ်း ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း လူ ၉၀၀ ကျော်ကို ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဆန္ဒပြသူ အများစုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပေမယ့် အကြိမ်များစွာမှာ အကြမ်းဖက်မှုတွေ ဈေးဆိုင်တွေကို လုယက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ဇူလိုင် ၁…

စစ်အာဏာသိမ်း (၁၉၇၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၄၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၂ AAPP ရဲ့ ဇူလိုင်၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၇၇) ရက်အတွင်း ပြည်သူ (၈၁၄၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၂၈၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၀၂)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

စစ်တပ်အသွင်းပြောင်းအစိုးရရဲ့ ငြိမ်းချမ်းရေးဗျူဟာ ဖိအားပေးခြိမ်းခြောက်တဲ့ မူဝါဒရှိနေ

မော်လမြိုင် ၊ ဇူလိုင် ၂ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ရက်ပေါင်း ၁၀၀ စီမံချက်ထဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ် သက်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မှုအပေါ် ငြင်းပယ်မယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်ဖို့ ဖိအားပေးခြိမ်းခြောက်တဲ့ မူဝါဒတစ်ရပ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်ချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့အပေါ် လက်ရှိမှာ…

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားခရီးစဉ် စတင်ပြေးဆွဲ

မော်လမြိုင်၊ ဇူလိုင် ၂ မော်လမြိုင် – ရန်ကုန် နေ့ချင်းပြန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားခရီးစဉ်ကို ဇူလိုင် ၁ ရက်မှာ စတင်ပြေးဆွဲလိုက်ပြီလို့ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ မြန်မာ့မီရထားထံကနေ သိရပါတယ်။ DEMU လူစီးအမြန်ရထား အမှတ် ၈၃ အဆန် ရန်ကုန် – မော်လမြိုင် ၊…

မြဝတီ ဖလူးဒေသမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

မြဝတီ၊ ဇူလိုင် ၂ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ တစ်နေ့ကုန်နီးပါးအကြာ ဖြစ်ပွားနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်းကစလို့ အာဏာသိမ်း စစ်တပ်က မင်းလက်ပံနဲ့ ဖလူးဒေသထဲကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။…

အီးစီးကရက်ကို အင်ဒိုနီးရှားမှာ တားမြစ်ဖို့ အဆိုပြု

ဂျကာတာ၊ ဇူလိုင် ၁ အင်ဒိုနီးရှားမှာ ရောင်းချနေတဲ့ အီးစီးကရက်တွေထဲ မူးယစ်ဆေး ပါဝင်မှုကြောင့် ရောင်းချမှု ပိတ်ပင်တားမြစ်ရေး အဆိုပြုချက်တွေရှိနေပေမယ့် တစ်ဖက်မှာ ပြစ်တင် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အသက် ၂၂ နှစ် အရွယ် ယောကျာ်းလေး တစ်ဦး အီးစီးကရက် သောက်သုံးမိရာက အမြင်အာရုံများ ဝေဝါးလာပြီး လမ်းလျှောက်ဖို့တောင် အခက်အခဲ ရှိလာရာက အခုလို ပိတ်ပင်တားမြစ်ဖို့…