ဂျကာတာ၊ ဇူလိုင် ၁

အင်ဒိုနီးရှားမှာ ရောင်းချနေတဲ့ အီးစီးကရက်တွေထဲ မူးယစ်ဆေး ပါဝင်မှုကြောင့် ရောင်းချမှု ပိတ်ပင်တားမြစ်ရေး အဆိုပြုချက်တွေရှိနေပေမယ့် တစ်ဖက်မှာ ပြစ်တင် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အသက် ၂၂ နှစ် အရွယ် ယောကျာ်းလေး တစ်ဦး အီးစီးကရက် သောက်သုံးမိရာက အမြင်အာရုံများ ဝေဝါးလာပြီး လမ်းလျှောက်ဖို့တောင် အခက်အခဲ ရှိလာရာက အခုလို ပိတ်ပင်တားမြစ်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ရောင်းချနေတဲ့ အီးစီးကရက် တချို့ထဲ မေ့ဆေး တစ်မျိုး ပါဝင်နေတယ်လို့ အရာရှိတွေ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အာရှတိုက် တဝှမ်း အဲဒီ အီးစီးကရက် အမျိုးအစားတွေ ရောင်းချမှု ပျံ့နှံ့နေပြီး လူငယ်တွေကြား ကြိုက်နှစ်သက်မှု များလာတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားမှာ ရောင်းချနေတဲ့ အီးစီးကရက် တချို့ရဲ့ အရည်အတွင်း မေ့ဆေးနဲ့ ပုံစံတူတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

Etomidate လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းကို အီးစီးကရက် အရည်တွေထဲ ထည့်သွင်းမှု ပိုများလာကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

အင်ဒိုနီးရှားမှာ အီးစီးကရက် သုံးစွဲသူ ပိုများလာပြီး လက်ရှိမှာ လူငယ်တွေကြား သုံးစွဲမှု ပိုများလာ တယ်လို့ အရာရှိတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ်ကတည်းက အင်ဒိုနီးရှား ယစ်မျိုး အေဂျင်စီ အရာရှိတွေက အလားတူ မူးယစ်စေတဲ့ ပစ္စည်း ပါဝင်တဲ့ အီးစီးကရက်တွေကို ခြေရာခံ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝှမ်း ဖမ်းဆီးမှု စီးနင်းရှာဖွေမှုတွေအတွင်း တရားမဝင် ပစ္စည်း ၄၃ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၆ ပထမဆုံး ၄ လအတွင်း အလားတူ ဖမ်းဆီးရမိမှု ပိုများလာကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

ဧပြီလအထိ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေး ပါဝင်တဲ့ အီးစီးကရက်တွေနဲ့ ဆက်စက်တဲ့ ပစ္စည်း ၄၅ ကီလိုဂရမ်ရှိပြီး လမ်းပေါ် ပေါက်ဈေး ကန်ဒေါ်လာ ၇ ဒသမ ၅ သန်း တန်ဖိုးရှိတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားမှာ ၂၀၁၀ ပြည့်နှစ်တွေကတည်းက အီးစီးကရက်တွေကို တလွဲ သုံးစွဲလာကြတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

သက်ဆိုင်ရာ အေဂျင်စီက အလားတူ အီးစီးကရက် တားမြစ်ရေး ဧပြီလအတွင်းက တားမြစ်ဖို့ အဆိုပြုခဲ့ပေမယ့် အသေးစိတ် တားမြစ်မှုဆိုင်ရာ အချက်အလက် ထွက်ပေါ်မလာခဲ့ဘဲ ဝေဖန်ပြစ်တင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.