July 2026

PDF တွေ အလင်းဝင်နိုင်ရေး ဖိတ်ခေါ်ဖို့ မွန်လွှတ်တော် ဥက္ကဋ္ဌ ပြော

မော်လမြိုင်၊ ဇူလိုင် ၃ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်နိုင်ရေး တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီအနေနဲ့ အလေးထား ဖိတ်ခေါ်ဖို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောပါတယ်။ မနေ့ ဇူလိုင် ၂ ရက်နေ့က မွန်ပြည်နယ် လွှတ်တော်မှာ ပြုလုပ်တဲ့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစည်းအဝေးမှာ ဦးသက်ထွေးက တိုက်တွန်းမှာကြားခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ ဦးသက်ထွေးက…

မွန်ပြည်သစ်ပါတီနဲ့ စစ်တပ် အသွင်းပြောင်း အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၃ ဝါရင့်မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ မွန်ပြည်သစ်ပါတီ NMSP နဲ့ စစ်တပ် အသွင်းပြောင်း အစိုးရဲ့ NSPNC ကော်မတီတို့ဟာ…

ဟောမု့ဇ် ရေလက်ကြားမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မသွားတဲ့ သင်္ဘောတွေကို အင်အားသုံး တုံ့ပြန်မယ်လို့ အီရန် ခြိမ်းခြောက်

ဒူဘိုင်း၊ ဇူလိုင် ၃ ဟောမု့ဇ် ရေလက်ကြားကနေ ဖြတ်သန်းသွားတဲ့ သင်္ဘောတွေအနေနဲ့ မိမိတို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မသွားလာရင် အင်အားသုံး တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း အီရန် ပူးတွဲ စစ်ရေးဌာနချုပ်က ဇူလိုင် ၂ ရက်မှာသတိပေးလိုက်ပါတယ်။ နိုင်ငံတကာ စွမ်းအင်ထောက်ပံ့မှုအတွက် အရေးပါတဲ့ အဲဒီ ရေလက်ကြားနဲ့ ပတ်သက်လို့ အီရန်က အခုလို ခြိမ်းခြောက်မှုကြောင့်…

အသက်မပြည့်သေးသူ မောင်းလာတဲ့ ကား ဝင်တိုက်မှုကြောင့် ထိုင်း ဘုန်းတော်ကြီး ၉ ပါး ပျံလွန်တော်မူ

ဘန်ကောက်၊ ဇူလိုင် ၃ ဇူလိုင် ၂ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ မက်ခ်ဒါဟမ်ခရိုင် မူအမ်းဒေသမှာ ဘုရားဖူးခရီးအတွက် တန်းစီ လမ်းလျှောက်လာတဲ့ ဘုန်းတော်ကြီးတွေကို အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေး တစ်ယောက် မောင်းလာတဲ့ ပစ်ကပ်ကား ဝင်တိုက်မှုကြောင့် ဘုန်းတော်ကြီး ၉ ပါး ပျံလွန်တော်မူပြီး တခြား လူ ၁၃ ဦး…

စစ်အာဏာသိမ်း (၁၉၇၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၄၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၃ AAPP ရဲ့ ဇူလိုင်၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၇၈) ရက်အတွင်း ပြည်သူ (၈၁၄၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၂၉၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၀၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

စစ်မှုထမ်းကာလပြည့်ပေမယ့် ပြန်မလွှတ်ဘဲ ဆက်လက်ထိန်းသိမ်းခံရသူတွေ ရှိနေ

နေပြည်တော် ၊ ဇူလိုင် ၃ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သတ်မှတ်ကာလ ၂ နှစ် ပြည့်မြောက်သူတွေကို တပ်ကနေ ပြန်လည်စေလွှတ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာနိုင်သူတွေ ရှိနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကနေ သိရပါတယ်။ အကြမ်းမျဉ်းအနေနဲ့ သတ်မှတ်ချက်နဲ့ အကျုံးဝင်သူတွေကို ပြန်လွတ်ပြီး တချို့ အခြေအနေတွေကြောင့် တပ်တွင်းမှာ ဆက်လက်ဆွဲခေါ်ထားတာ ဆေးရုံတက်နေရတာတွေနဲ့ တချို့ အရေးယူခံရတာတွေကြောင့်…

မွန်မှာ အုပ်ချုပ်ရေးမှူးတွေကို လက်သိပ်ထိုးခန့်အပ်မှု လွှတ်တော်စာပို့မယ်လို့ ဆို

မော်လမြိုင် ၊ ဇူလိုင် ၃ မွန်ပြည်နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးဘဲ လက်သိပ်ထိုး ခန့်အပ်ပြီး သင်တန်းပေးနေမှုအပေါ် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရထံ လွှတ်တော်က စာပို့မေးမြန်းသွားဖို့ ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေထံက သိရပါတယ်။ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရဟာ အုပ်ချုပ်ရေးမှူးတွေကို ပြန်မရွေးဘဲ အရင် အုပ်ချုပ်ရေးမှူး…

လောင်းလုံးမြို့အနီးမှာ တိုက်ပွဲထပ်မံဖြစ်ပွားနေ

လောင်းလုံး၊ ဇူလိုင် ၃ တနင်္သာရီတိုင်း လောင်းလုံးမြို့အနီး စစ်ပြဲကျေးရွာမှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ စစ်ပြဲကျေးရွာကို ပြန်လည်ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ စစ်ပြဲကျေးရွာအတွင်းမှာ ဖြစ်ပွားခဲ့တဲ့…

မလေးရှား အိမ်ထောင်စုတွေ နှစ်စဉ် တစ်ဦးချင်း အစားအစာ ဖြုန်းတီးမှု ၉၇ ကီလိုဂရမ်ကျော် ရှိ

ပူထရာဂျာယာ၊ ဇူလိုင် ၂ မလေးရှားနိုင်ငံရှိ အိမ်ထောင်စုတွေရဲ့ အစားအစာ ဖြုန်းတီးမှုဟာ နှစ်စဉ် တစ်ဦးချင်း ၃၁ ဒသမ ၉ ကီလိုဂရမ်ကနေ ၉၇ ဒသမ ၃ ကီလိုဂရမ် ကြားရှိကြောင်း စာရင်းစစ်ချုပ် ဒေါက်တာ မိုဟာမက် အူဇာ မာဟီဒင်က ပြောပါတယ်။ ၂၀၂၅ နိုင်ငံတော် အိမ်ထောင်စုများ ညွှန်းကိန်း စစ်တမ်းကောက်ယူမှုအရ အစားအစာ…

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ပဋိပက္ခကြောင့် သေဆုံးသူ ၁ သိန်းကျော် ရှိလာ

ရန်ကုန်၊ ဇွန် ၂ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ပြည်တွင်းစစ်အတွင်း လူ ၁ သိန်းကျော် သေဆုံးခဲ့ပြီး ၅ နှစ်နီးပါးကြာ တိုက်ခိုက်မှုတွေရဲ့ ဆိုးရွားလှတဲ့ အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။ ပဋိပက္ခ စောင့်ကြည့်ရေး လက်နက်ကိုင် ပဋိပက္ခ တည်နေရာနဲ့ အခင်းအကျင်းဆိုင်ရာ အချက်အလက်အဖွဲ့ (ACLED) က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နောက်ပိုင်း…