ပူထရာဂျာယာ၊ ဇူလိုင် ၂

မလေးရှားနိုင်ငံရှိ အိမ်ထောင်စုတွေရဲ့ အစားအစာ ဖြုန်းတီးမှုဟာ နှစ်စဉ် တစ်ဦးချင်း ၃၁ ဒသမ ၉ ကီလိုဂရမ်ကနေ ၉၇ ဒသမ ၃ ကီလိုဂရမ် ကြားရှိကြောင်း စာရင်းစစ်ချုပ် ဒေါက်တာ မိုဟာမက် အူဇာ မာဟီဒင်က ပြောပါတယ်။

၂၀၂၅ နိုင်ငံတော် အိမ်ထောင်စုများ ညွှန်းကိန်း စစ်တမ်းကောက်ယူမှုအရ အစားအစာ အစိမ်းတွေထက် တာရှည်ခံအောင် လုပ်ထားတဲ့ စားစရာတွေ၊ချက်ပြုတ်ပြီးသား စားစရာတွေ ဖြုန်းတီးမှု ပိုများကြောင်း သိရပါတယ်။

အိမ်ထောင်စုတွေရဲ့ စားစရာ လွှင့်ပစ်မှုဟာ အစားအစာ အစိမ်း ၈၈ ဒသမ ၇ ရာခိုင်နှုန်း ရှိပြီး ချက်ပြုတ်ပြီးသားနဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ စားစရာ လွှင့်ပစ်မှု ၉၄ ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်။

အစားအစာတွေကို ချက်ပြုတ် ပြင်ဆင်ပြီးနောက် ဖြုန်းတီးမှု ပိုများနေတာ ဖြစ်ပြီး အိမ်ထောင်စုတွေရဲ့ အစားအသောက် ပြင်ဆင်မှု စီမံခန့်ခွဲပုံ ပိုကောင်းလာဖို့ လိုအပ်နေတယ်လို့ ဒေါက်တာ မိုဟာမက် အူဇာ မာဟီဒင်က ဆိုပါတယ်။

အိမ်ထောင်စု ၇၉ ဒသမ ၃ ရာခိုင်နှုန်းဟာ တခြား အိမ်ထောင်စု စွန့်ပစ်ပစ္စည်းတွေနဲ့အတူ စားစရာတွေကို လွှင့်ပစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအလေ့အကျင့်တွေကြောင့် အောဂန်းနစ် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ထိရောက်အောင် လုပ်ဆောင်ရဖို့ လိုအပ်နေပြီး အမှိုက် စွန့်ပစ်တဲ့ နေရာတွေအပေါ် မှီခိုအားကိုးမှု လျှော့ချရမှာ ဖြစ်ကြောင်း ဒေါက်တာ မိုဟာမက် အူဇာ မာဟီဒင်က ပြောပါတယ်။

မလေးရှား မိသားစုတွေ ဖြုန်းတီးတဲ့ အစားအစာထဲမှာ ဟင်းသီးဟင်းရွက် အများဆုံး ဖြစ်ပြီး သစ်သီးတွေက ဒုတိယ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

သစ်သီးတွေပြီးရင် ငါးနဲ့ ပင်လယ်စာတွေ စွန့်ပစ် ဖြုန်းတီးမှုက တတိယ အများဆုံး ဖြစ်ကြောင်း သိရပါတယ်။

တာရှည်ခံအောင် လုပ်ထားတာ ဒါမှမဟုတ် ချက်ပြုတ်ပြီး အစားအစာတွေ ဖြုန်းတီးမှုအနေနဲ့ ထမင်း စွန့်ပစ်မှု အများဆုံး ဖြစ်ပါတယ်။

စွန့်ပစ်ရမှု အဓိက အကြောင်းရင်ကတော့ သက်တမ်း ကျော်လွန်သွားတာ ရေခဲသေတ္တာတွေထဲမှာ အကြာကြီး သိမ်းထားမိတာကြောင့် ဖြစ်ပါတယ်။

မလေးရှား အိမ်ထောင်စုတွေရဲ့ အစားအစာ ဖြုန်းတီးမှုဟာ ကမ္ဘာတဝှမ်း ဖြုန်းတီးမှု ပုံစံနဲ့ အညီ ဖြစ်ကြောင်း သိရပါတယ်။’

Ref:BERMANA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.