ဘန်ကောက် ဇူလိုင် ၂၇
အင်ဒိုနီးရှား အစိုးရရဲ့ ဟာလာ ထုတ်ကုန်ဆိုင်ရာ ဥပဒေ သတ်မှတ်ချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က စတင်ပြီး ဟာလာ ထုတ်ကုန် ဖြစ်ကြောင်း သတ်မှတ် ဖော်ပြရမယ်လို့ဖော်ပြလိုက်တာကြောင့် ထိုင်း ထုတ်ကုန် လုပ်ငန်းစု ၅ ခုရှိ လုပ်ငန်းရှင်တွေ ကြိုတင် ပြင်ဆင်ထားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
ဇူလိုင် ၁၇ ရက်က စတင်ပြီး အင်ဒိုနီးရှား နိုင်ငံတွင်း ရောင်းချတဲ့ သောက်စရာတွေနဲ့ စားစရာတွေ အားလုံး ဟာလာ စည်းကမ်းချက်နဲ့ ကိုက်ညီရမှာ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အပြောင်းအလဲတွေကြောင့် ထိုင်းလုပ်ငန်းတွေက ရောင်းချနေတဲ့ တာရှည်ခံ အစားအစာတွေ၊ ပင်လယ်စာတွေ၊ သစ်သီး အခြောက်တွေ၊ ယမကာတွေနဲ့ ထပ်တိုး ဖြည့်စွက်ပစ္စည်းတွေ ပါဝင်တဲ့ ထုတ်ကုန်တွေအပေါ် သက်ရောက်မှု ရှိမယ်လို့ မျှော်လင့်ရပါတယ်။
ထိုင်း စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို ပြန်လည် ထိန်းညှိတာမျိုး လုပ်ဆောင်ဖို့ လိုအပ်နေသလို အင်ဒိုနီးရှား ဈေးကွက်အတွင်း အပြိုင်အဆိုင် ဖြစ်နိုင်ရေး ဟာလာ အစာအသောက် ဖြစ်ကြောင်း အသိအမှတ်ပြုချက် လိုအပ်လာတော့မှာဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ ရောင်းချမယ့် အစားအသောက်တွေ အားလုံး အစ္စလာမ်မစ် ဥပဒေအတိုင်း ဟာလာ လုပ်ထားပြီး ဖြစ်ကြောင်း အသိအမှတ်ပြု ဖော်ပြရမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား ဥပဒေကြောင့် ထိခိုက်နိုင်တဲ့ ထိုင်းနိုင်ငံရဲ့ ပို့ကန်ုတွေထဲမှာ ပင်လယ်စာ၊ သစ်သီးခြောက်၊ ဖယောင်းသွင်း သစ်သီးတွေ၊ အသင့်စား အစားအစာတွေ၊ မုန့်ပဲ သရေစာတွေ၊ ကျန်းမာရေး အစားအစာတွေနဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ပါဝင်ပါတယ်။
အင်ဒိုနီးရှားသို့ တင်ပို့မယ့် ထိုင်းလုပ်ငန်းတွေ အားလုံးအနေနဲ့ ထုတ်လုပ်ရေး လုပ်ငန်းစဉ် အားလုံး ဟာလာနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစဉ်တွေ အားလုံး အလေးထား လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ကြာင်း သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
အပေါ်ယံ အလွှာအုပ်မိုးမှု မရှိတဲ့ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အပါအဝင် တာရှည်ခံအောင် ကြိုတင် ပြင်ဆင်ထားမှု လုံးဝ မရှိတဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေကိုတော့ အင်ဒိုနီးရှားက တင်သွင်းရေး မီးစိမ်းပြထားပြီး ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ကုန်ပစ္စည်း တင်းပို့သူတွေအနေနဲ့ နိုင်ငံတကာ ဟာလာ အဖွဲ့အစည်းက အသိအမှတ်ပြုထားတဲ့ အသိအမှတ်ပြုချက် ရယူကောင်း ရယူရနိုင်တယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။
အင်ဒိုနီးရှားဟာ ထိုင်းနိုင်ငံက တင်ပို့တဲ့ ပစ္စည်းတွေကို အများကြီး သုံးစွဲနေတဲ့ နိုင်ငံအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံကနေ အင်ဒိုနီးရှားရဲ့ ကုန်တင်ပို့မှု တန်ဖိုး ကန်ဒေါ်လာ ၉ ဒသမ ၃၃ ဘီလီယံ တန်ဖိုးရှိခဲ့တာ ဖြစ်ပါတယ်။
ထိုင်းကလည်း စိုက်ပျိုးရေး ထုတ်ကုန်တွေနဲ့ တခြား ထုတ်ကုန် တင်ပို့မှု ဒေါ်လာ ဘီလီယံနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။
Ref:Reuters/The Nation Thailand

