နယူးဒေလီ၊ ဇူလိုင် ၂၇
နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး နန်ဒန် နိုင်းလ်ကာနီ ဦးဆောင်တဲ့ အမှုဆောင်အဖွဲ့က အိန္ဒိယနိုင်ငံရဲ့ စာမေးပွဲ စနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ ဝန်ကြီးချုပ် နာရန် ဒရာမိုဒီက ဇူလိုင် ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။
အိန္ဒိယမှာ လူကြိုက်များတဲ့ ဆေးကျောင်းဝင်ခွင့် စာမေးပွဲ မေးခွန်း ပေါက်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကျောင်းသားကျောင်းသူတွေ စာမေးပွဲ ထပ်ဖြေခဲ့ရပြီး မကျေနပ်သူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
လူငယ်အများစု ဦးဆောင်တဲ့ ဆန္ဒပြသူတွေကိုရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နှင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဆန္ဒပြပွဲ ဦးဆောင်တဲ့ ပိုးဟပ်ပါတီ ဦးဆောင်သူတွေက အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆွေးနွေးမှုအပြီး ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
ပညာရေးဝန်ကြီး ဒါမာမန်ဒရာ ပရက်ဟန် ရာထူးက နုတ်ထွက်သွားပြီး လူကြိုက် နည်းမှု ပိုများလာတဲ့ မိုဒီ အစိုးရ အဖွဲ့မှာ နောက်ဆုံး အနစ်နာခံရသူဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ် နေပါတယ်။
တတိယရာထူးသက်တမ်း ရွေးကောက်ခံရပြီး နောက်ပိုင်း ဝန်ကြီးချုပ် မိုဒီ အတွက် အကြီးမားဆုံး စိန်ခေါ်မှုအနေနဲ့ ထွက်ပေါ်လာတဲ့ အခု ဆန္ဒပြပွဲတွေကြောင့် အိန္ဒိယမှာ အပြောင်းအလဲ တချို့ ဖြစ်ပေါ်လာခဲ့ပါတယ်။
ကနဦး ကျင်းပခဲ့တဲ့ ဆေးကျောင်းဝင်ခွင့် စာမေးပွဲမှာ မေးခွန်းလွှာ ပေါက်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒုတိယအကြိမ် ကျင်းပချိန် လေတပ်က မေးခွန်းလွှာတွေ သယ်ပေးတာ၊ စစ်ဆေးမှုတွေ အများကြီး လုပ်ဆောင်ပေးတာတွေ ရှိခဲ့ပေမယ့် ပြည်သူအများ မကျေနပ် ဖြစ်ခဲ့တာပါ။
စာမေးပွဲ စနစ်တွေနဲ့ ပက်သက်လို့ အများပြည်သူ မကျေနပ်ချက် ပိုများလာနေပြီး လူငယ်ထုကြား အလုပ်လက်မဲ့ ဖြစ်မှုကြောင့် မကျေနပ်ချက်တွေ ပိုများလာနေချိန်မှာ ပိုးဟပ် အဖွဲ့ရဲ့ ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အိန္ဒိယမှာ ဟိန္ဒူအမျိုးသားရေးဝါဒ ကြီးစိုးလာနေပြီး ဒီမိုကရေစီ အခွင့်အလမ်းများ အားနည်းလာနေချိန် ပိုးဟပ် ပါတီဟာ ထောက်ခံမှု အလုံးအရင်းနဲ့ ဝန်ကြီးချုပ် မိုဒီအတွက် ခေါင်းခဲစရာ တစ်ခု ဖြစ်လာတယ်။
လောလောဆယ် ပိုးဟပ်ပါတီ ခေါင်းဆောင်တွေက အာဏာပိုင်တွေနဲ့ ညှိနှိုင်းထားပြီး သူတို့ရဲ့ ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းထားမယ်လို့ ပြောထားပါတယ်။
Ref:Reuters

