May 2026

ငြိမ်းချမ်းရေး သဘောတူညီချက် လက်ခံရေး အီရန်ကို ထရန့် ပြင်းထန်စွာ သတိပေး

ဝါရှင်တန်၊ မေ ၁၈ အီရန်အနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် အလျင်အမြန် ရယူဖို့ လုပ်ဆောင်ရမှာ ဖြစ်ပြီး ဒါမှမဟုတ်ရင် သူတို့မှာ ဘာမှာ ကျန်ရစ်တော့မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မေ ၁၇ ရက်မှာ သတိထပ်ပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင်…

မော်လမြိုင် ကမ်းနားလမ်းမှာ အမှိုက်ပစ်ရင် တစ်သိန်း ဒဏ်ရိုက်ခံရမယ်

မော်လမြိုင်၊ မေ ၁၈ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက်မှာ အမှိုက်ပစ်ရင် ဒဏ်ငွေကျပ် တစ်သိန်း ဒဏ်ရိုက်ခံရမယ်လို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သတိပေးကြေညာပါတယ်။ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြစ်ကမ်းစပ်အတွင်း အမှိုက်စွန့်ပစ်တာ လုံးဝမပြုဖို့နဲ့ သတ်မှတ်ထားတဲ့ အမှိုက်ပုံး၊ အမှိုက်သိမ်းယာဉ်တွေမှာသာ စနစ်တကျ စွန့်ပစ်ကြဖို့ သတိပေးထားပါတယ်။ စည်းကမ်းမဲ့ အမှိုက်စွန့်မှုကို တွေ့ရှိပါက ဒဏ်ငွေကျပ် တစ်သိန်း ဒဏ်ရိုက်ရမယ်လို့…

ကော့သောင်းမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ကော့သောင်း၊ မေ ၁၈ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အေးမြသာယာကျေးရွာမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီးစဉ် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က ကော့သောင်းမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ အေးမြသာယာကျေးရွာက အသက် ၄၄ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်နဲ့ သူရဲ့ကားကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က…

တရုတ်က ဒေါ်လာ ၁၇ ဘီလီယံတန်ဖိုးရှိ အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေ နှစ်စဉ် ဝယ်ယူမယ်

ဝါရှင်တန်၊ မေ ၁၈ ၂၀၂၆၊ ၂၀၂၇နဲ့ ၂၀၂၈ ခုနှစ်တွေအတွင်း အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန် ဒေါ်လာ ၁၇ ဘီလီယံဖိုး ဝယ်ယူမယ်လို့ တရုတ်က ကတိပြုထားကြောင်း အိမ်ဖြူတော်က မေ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဘေဂျင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ တွေ့ဆုံချိန်တရုတ် သမ္မတ…

မြန်မာအခြေစိုက် မူးယစ်ရာဇာကို နယူးဒေလီမှာ ဖမ်းဆီး

နယူးဒေလီ၊ မေ ၁၈ မြန်မာ အခြေစိုက် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူ တစ်ဦးကို အိန္ဒိယ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရိုက နယူးဒေလီမြို့မှာ ဖမ်းဆီးလိုက်ပါတယ်။ သူ့ရဲ့အဖွဲ့ဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေကနေ ဘင်္ဂလားဒေ့ချ် နိုင်ငံထဲကို မက်သာဖက်တမင်းနဲ့ ဘိန်းဖြူတွေ မှောင်ခိုကူးနေတဲ့ အဖွဲ့ ဖြစ်တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးရမိထားတဲ့…

အရင်ဖျက်သိမ်းခဲ့တဲ့ ဥပဒေတွေကို စစ်အစိုးရလွှတ်တော် ပြန်စိစစ်မယ်

မကွေး ၊ မေ ၁၇ နိုင်ငံတော်လုံခြုံရေး၊ ပြည်သူလူထု အေးချမ်းသာယာရေးအတွက် အရင်ဖျက်သိမ်းခဲ့တဲ့ ဥပဒေတွေကို ပြန်လည်စိစစ်သွားရမယ်လို့ မေ ၁၄ ရက်နေ့မှာ မကွေးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခင်ရီက ပြောပါတယ်။ လွှတ်တော်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် သုံးသပ်ပြီး နေ့စဉ် ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ လုံခြုံစိတ်ချစွာ နေနိုင်တဲ့ ဥပဒေအသစ်တွေကိုလည်း…

ရေဖြူ ခမရ ၄၀၉ တပ်က ထွက်ပြေးလာတဲ့ တပ်သား ခုနှစ်ဦး ဖမ်းဆီးရမိ

ရေဖြူ၊ မေ ၁၆ တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၉ ခြေမြန်တပ်ရင်းက ထွက်ပြေးလာတဲ့ တပ်သား ခုနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။ အဲဒီတပ်သား ခုနှစ်ဦးကို ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့က တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ တပ်သား ခုနှစ်ဦးဟာ ပြည်သူ့စစ်မှုထမ်း…

ရေးမှာ ရေလုပ်သား ၅၀ ကျော် ဖမ်းဆီးငွေညှစ်ခံရ

ရေး၊ မေ ၁၇ မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ နေရပ်ပြန်မယ့် ရေလုပ်သား ၅၀ ကျော်ကို စစ်ကော်မရှင်တပ်နဲ့ြ ပည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးငွေညှစ်ခဲ့တယ်လို့ ရွာခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ဟိုက်ဂျက်ကား သုံးစီးနဲ့ နေရပ်ပြန်ကြမယ့် ရေလုပ်သား ၅၀ ကျော်ကို အစင်ကျေးရွာ မွေးမြူရေးဇုန်ဂိတ်အရောက်မှာ စစ်တပ်သြဇာခံ ပြည်သူ့စစ် စောနိုင်ထွေးဦးစီးတဲ့အဖွဲ့က…

ဆေးခြောက်ရောင်းချမှုဆိုင်ရာ ဥပဒေကို ထိုင်းအစိုးရ တင်းကြပ်

ဘန်ကောက်၊ မေ ၁၆ ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက်ပဲ သုံးစွဲရမယ်လို့ ဝန်ကြီးဌာနက ဥပဒေတစ်ရပ် တင်းတင်းကြပ်ကြပ် ပြဌာန်းလိုက်ပြီးနောက် ဆေးခြောက်ရောင်းချမှုအပေါ် ထိုင်း တိုင်ရင်းဆေးဝါးဌာနက တင်းကြပ်လိုက်ပါတယ်။ အခု အစီအစဉ်တွေက နိုင်ငံတဝှမ်းရှိ ဆေးခြောက်လုပ်ငန်းတွေကို အစိုးရရဲ့ မူဝါဒနဲ့ အညီ ပြန်လည် စုစည်းဖို့ အထောက်အကူပြုလိမ့်မယ်လို့ တိုင်းရင်းဆေးဝါးဌာန အကြီးအကဲ ဒေါက်တာ ဖွန်ဆက်ဟွန် ပွတ်ပမ်ဒီးက ပြောပါတယ်။…

အီရန်ကို သည်းခံစိတ် ကုန်လာပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ မေ ၁၅ အီရန်အနေနဲ့ သဘောတူညီမှု တစ်ခု ရယူသင့်ပြီး မိမိအနေနဲ့ အီရန်ကို သည်းခံစိတ်ကုန်လာပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ တီဟီရန်အနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးရမယ်ဆိုတာကို တရုတ် သမ္မတ ရှီကျင့်ဖျင်က သဘောတူကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောဆိုပေမယ့် တရုတ်က ဝင်ပါမယ်ဆိုတဲ့…