May 2026

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ

ကလေး၊ မေ ၁၆ စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါးဟာ အကျဉ်းသားတွေ တန်းတူညီမျှခွင့်အတွက် အစာငတ်ခံဆန္ဒပြခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ “ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ တန်းတူညီမျှခွင့် ရရှိရေးအတွက် မေ ၂ ရက်နေ့မှာ ထောင်ကကျွေးတဲ့ ထမင်းကို မစားဘဲ တစ်နေ့လုံး ငြိမ်သက်စွာ…

သထုံမြို့ပေါ်မှာ ပျူစောထီး ခေါင်းဆောင် ဖိုးထူးတို့ သားအဖ ထင်တိုင်းကြဲနေ

သထုံ၊ မေ ၁၆ မွန်ပြည်နယ် သထုံမြို့ပေါ်မှာ စစ်တပ် သြဇာခံ ပျူစောထီး ခေါင်းဆောင် ဖိုးထူးတို့ သားအဖဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးငွေညှစ်တာနဲ့ ခြိမ်းခြောက်အကြမ်းဖက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။ ပျူစောထီး ခေါင်းဆောင် ဖိုးထူးတို့ သားအဖဟာ စစ်မှုထမ်းအကြောင်းပြပြီး ဒေသခံလူငယ်တွေကို ဖမ်းဆီးငွေညှစ်မှုတွေ ပိုမိုလုပ်ဆောင်နေပြီး လက်နက်တကားကားနဲ့ နေရာတိုင်းမှာ…

ပိုလန်သို့ တပ်ဖွဲ့ဝင် ၄၀၀၀ စေလွှတ်မယ့် အစီအစဉ် အမေရိကန် ဖျက်သိမ်း

ဝါရှင်တန်၊ မေ ၁၆ ပိုလန်နိုင်ငံမှာ အမေရိကန် အခြေစိုက် တပ်ဖွဲ့ဝင် ၄၀၀၀ ချထားမယ့် အစီအစဉ်ကို ပင်တဂွန်က ဖျက်သိမ်းလိုက်ကြောင်း အမေရိကန် အရာရှိ နှစ်ဦးက ပြောလိုက်ပါတယ်။ ဒီအမှတ်မထင် လုပ်ရပ်ကို လွှတ်တော်အမတ်တွေက ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဥရောပရှိ တပ်ဖွဲ့ဝင် အရေအတွက်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် လျှော့ချဖို့ မျှော်လင့်ထားတာနဲ့ ပတ်သက်လို့…

ကွန်ဂို အရှေ့ပိုင်းမှာ အီဘိုလာရောဂါကြောင့် လူ ၆၅ ဦး သေဆုံး

ရဝမ်ပါရာ၊ မေ ၁၆ ကွန်ဂို ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံ အရှေ့ပိုင်း အီတူရီပြည်နယ်မှာ အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့နေကြောင်း အာဖရိက ထိပ်တန်း ကျန်းမာရေးအေဂျင်စီက ကြေညာလိုက်ပါတယ်။ ရောဂါ ကူးစက်ခံထားရသူ ၂၄၆ ဦး ရှိပြီး ၆၅ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း အဓိကကတော့ ရွှေတူးဖော်ရာ မြို့တွေ ဖြစ်တဲ့ မွန်ဝါလူနဲ့ ရဝမ်ပါရာတို့မှာ…

စစ်အာဏာသိမ်း (၁၉၃၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၄၅) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၆ AAPP ရဲ့ မေ၁၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၃၀) ရက်အတွင်း ပြည်သူ (၈၀၄၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၉၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၉၁)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

စစ်မှုထမ်းအကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်မယ်

နေပြည်တော် ၊ မေ ၁၆ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှုထမ်းအကျုံးဝင်သူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စာရင်းပြုစုမှတ်ပုံတင်ထားဖို့ စီမံထားရှိရမယ်လို့ စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးက ညွှန်ကြားလာပါတယ်။ မေ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ အဖွဲ့ရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်က ဗဟိုအဖွဲ့ဝင်တွေကို ပြောကြားခဲ့တာပါ။ နေပြည်တော်ကောင်စီ…

ရေး-ထားဝယ် ရထားလမ်းကို ကမ်းခြေတလျှောက် ဖောက်လုပ်ဖို့ အာဏာသိမ်း သမ္မတ ညွှန်ကြား

နေပြည်တော် ၊ မေ ၁၆ ရေး-ထားဝယ် ရထားလမ်းပိုင်းတွေကို လက်ရှိလမ်းထက် ကောင်းမွန်ပြီး ပင်လယ်ကမ်းခြေတစ်လျှောက် မောင်းနှင်နိုင်တဲ့ ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ လမ်းတစ်ခု ဖြစ်အောင် ဖောက်လုပ်ဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား စက်မှုနဲ့ လျှပ်စစ်အင်ဂျင်နီယာဌာနရဲ့…

တနင်္သာရီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်သားငါးဦး သေဆုံး

တနင်္သာရီ၊ မေ ၁၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ လေးရက်ဆက် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ကနေ မေ ၁၄ ရက်နေ့အထိ ခြောက်မိုင်၊ ငါးမိုင်နဲ့ ဘန်လောကျေးရွာဘက်ကို အင်အားဖြည့်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား လေးရက်ဆက်…

တရုတ်ခရီးစဉ်ကြောင့် စီးပွားရေးအရ အနိုင်ရတယ်လို့ ထရန့် ပြော

ဘေဂျင်း၊ မေ ၁၅ မေ ၁၅ ရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နောက်ဆုံး ဆွေးနွေးမှုတွေ စတင်ချိန် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သူ့ရဲ့ တရုတ် ခရီးစဉ်ကြောင့် စီးပွားရေးအရ အနိုင်ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ တရုတ် ခရီးစဉ်ကြောင့် စီးပွားရေးအရ အနိုင်ရတာတွေ ရှိတယ်လို့သူက ပြောပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုထားတာ မတွေ့ရပါဘူး။…

မလေးရှားအတွက် ဒုံးကျည် လိုင်စင် ပယ်ဖျက်ကြောင်း ဆုံးဖြတ်ချက် နော်ဝေ အတည်ပြု

ကွာလာလမ်ပူ၊ မေ ၁၅ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အခြေအနေ ပြောင်းလဲလာနေချိန် နော်ဝေးရဲ့ အတိမ်းအစောင်း မခံနိုင်တဲ့ ကာကွယ်ရေး နည်းပညာ တချို့နဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ တင်းကြပ်လိုက်တာကြောင့် မလေးရှားအတွက် ရည်ရွယ်တဲ့ ရေတပ် တိုက်ခိုက်ရေး ဒုံးကျည်စနစ်နဲ့ ဆက်စပ်တဲ့ တင်ပို့မှု လိုင်စင်ကို ပယ်ဖျက်လိုက်ကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ မလေးရှားသို့ ပို့ဆောင်မယ့်…