2025

အမေရိကန်ရဲ့ လက်နက်ရောင်းချမှုကြောင့် ထိုင်ဝမ်နဲ့ စစ်ပွဲဖြစ်ဖို့ ပိုမြန်လာစေတယ်လို့ တရုတ် ပြော

ဘေဂျင်း၊ ဒီဇင်ဘာ ၂၆ ထိုင်ဝမ်သို့ အမေရိကန်ရဲ့ နောက်ဆုံး လက်နက် ရောင်းချမှုကို တရုတ်က ဒီဇင်ဘာ ၂၅ ရက်မှာ ဝေဖန်ပြီး ထိုင်ဝမ် ရေလက်ကြားမှာ စစ်ပွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ပိုမို မြန်ဆန်လာစေတယ်လို့ ပြောလိုက်ပါတယ်။ ထိုင်ဝမ်သို့ အကြီးမားဆုံး လက်နက် ရောင်းချမှုအဖြစ် အမေရိကန်က ဒေါ်လာ ၁၁ ဒသမ ၁…

ယူကရိန်းက ရုရှားကို ဗြိတိန်နိုင်ငံထုတ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်

ကိဗ်၊ ဒီဇင်ဘာ ၂၆ ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဆောက်အဦတွေကို ဗြိတိန်နိုင်ငံထုတ် Storm Shadow ခရု့ဇ် ဒုံးကျည်တွေ၊ ပြည်တွင်းထုတ် တာဝေး ဒရုန်းတွေနဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေးနဲ့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ မော်စကိုရဲ့စစ်ပွဲ ဆက်လက် ဆင်နွှဲနိုင်ဖို့ ကူညီပေးနေတဲ့ အခြေခံ အဆောက်အဦတွေကို…

စစ်အာဏာသိမ်း (၁၇၈၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၃၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၆ AAPP ရဲ့ ဒီဇင်ဘာ၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၈၉) ရက်အတွင်း ပြည်သူ (၇၆၃၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၉၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၀၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင် ၂၀ နီးပါး ခေါ်ယူစစ်ဆေးခံနေရ

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၆ မွန်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင် ၂၀ နီးပါးကို အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)က ခေါ်ယူစစ်ဆေးနေတယ်လို့ လုပ်ငန်းရှင်တွေအပါဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ခေါ်ယူစစ်ဆေးမှုကို မော်လမြိုင်မြို့ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ)မှာ လုပ်ဆောင်နေတာ ဖြစ်ပြီး လတ်တလော ရွှေဈေးနှုန်း မြင့်တက်လာတာအပါအဝင် အခွန်တိမ်းရှောင်မှု ရှိမရှိကအစ…

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချိရေးယန္တရားတွေ ဆက်တိုက်ဖယ်ရှားခံနေရ

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၆ စစ်ကော်မရှင် ဦးဆောင်တဲ့ အပိုင်းလိုက် အထွေထွေ‌ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းနီးကပ်လာတာနဲ့အမျှ ဝါဒဖြန့်ချီရေးယန္တရားတွေထဲက တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်တွေနဲ့ အွန်လိုင်းပလက်ဖောင်းတွေ တစ်ခုပြီးတစ်ခု ဖယ်ရှားခံနေရပါတယ်။ အခုနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း ကျင်းမယ့် ရွေးကောက်ပွဲအတွက် ပြည်သူတွေ မဲရုံကိုလာပြီး ဆန္ဒမဲပေးဖို့ စစ်ကော်မရှင်က နိုင်ငံပိုင် ရုပ်သံချန်နယ်တွေနဲ့ အွန်လိုင်းပလက်ဖောင်းအစုံကနေ စည်းရုံးလှုံ့ဆော်နေရတာပါ။ ဒီအခြေအနေမှာ အခုလအတွင်း…

ဖာပွန်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေ

ဖာပွန်၊ ဒီဇင်ဘာ ၂၆ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ စစ်ကော်မရှင်တပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ဆက် တိုက်လုပ်ဆောင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူး ကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုလ ဒီဇင်ဘာလအတွင်းမှာ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲက နေရာအများအပြားမှာ စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ…

ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ တစ်ပြေးနေသူ ပြည်တော်ပြန်လာ

ဒါကာ၊ ဒီဇင်ဘာ ၂၅ ပြည်ပမှာ ၁၇ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ တစ်ပြေးနေသူ တာရစ် ရာမန် မိခင်နိုင်ငံသို့ ပြန်လာပြီ ဖြစ်ပါတယ်။ အသက် ၆၀ အရွယ် ရာမန်ဟာ သြဇာကြီးမားတဲ့ ဇီယာမိသားစုရဲ့ အကြီးအကဲ ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာရဲ့ သားဖြစ်ပါတယ်။ သူဦးဆောင်နေတဲ့ ဘင်္ဂလားဒေ့ချ် အမျိုးသားရေးပါတီ…

ဥရောပ လုံခြုံရေးဟာ ယူကရိန်း အင်အားအပေါ်မှာ မူတည်နေတယ်လို့ နေတိုးအဖွဲ့ အကြီးအကဲ သတိပေး

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၅ ဥရောပအနေနဲ့ ဆုံးဖြတ်ချက် မှားရင် ကြီးမားတဲ့ လုံခြုံရေး အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း နေတိုးအဖွဲ့ အကြီးအကဲ မက်ခ် ရူတီက သတိပေးလိုက်ပါတယ်။ ၂၀၂၅ ခုနှစ်ကုန်တော့မယ့် အချိန်မှာ ယူကရိန်းကို ဆက်လက် ကူညီ ထောက်ပံ့ကြဖို့လည်း သူက ဥရောပနိုင်ငံတွေကို တိုက်တွန်း ပြောကြားပါတယ်။ နေတိုး အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို ရုရှားက…

ရေးတိုက်ပွဲမှာ မွန်ပြည်တော်လှန်ရေးတပ်က ရဲဘော်နှစ်ဦး ကျဆုံး

ရေး၊ ဒီဇင်ဘာ ၂၅ မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကူးတို့ဆိပ်နဲ့နှစ်ကရင်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က အင်အား ၁၅၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို မွန်ပြည်တော်လှန်ရေးတပ် MSRF က ပျောက်ကြားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

ရေဖြူမြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ

ရေဖြူ၊ ဒီဇင်ဘာ ၂၅ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇီးကျကျေးရွာအနီး ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီစခန်းကုန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၆ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၇…