ရန်ပုံငွေ အရှုပ်တော်ပုံနဲ့ပတ်သက်လို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ထောင် ၁၅ နှစ် ချမှတ်ခံရ
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၇ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပါဝင်တဲ့ နိုင်ငံတော် ရန်ပုံငွေ အရှုပ်တော်ပုံနဲ့ပတ်သက်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ကို အာဏာအလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုတို့နဲ့ ထောင် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ 1MDB လို့ လူသိများတဲ့ မလေးရှား အချုပ်အခြာအာဏာပိုင် ရန်ပုံငွေတွေထဲက ဒေါ်လာ ၅၉၆ သန်းကို အသက် ၇၂ နှစ်အရွယ်…
