ဘီးလင်းမှာ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးသုံးဦးသေဆုံး
ဘီးလင်း၊ ဒီဇင်ဘာ ၂၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာရှိ ခေတ္တာဘုန်းကြီးကျောင်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ KNU သထုံခရိုင်အုပ်ချုပ်နယ်မြေဖြစ်တဲ့ အလူးကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး…
