မော်စကို၊ ဒီဇင်ဘာ ၂၄

ရုရှားက သူတို့ရဲ့ လ အာကာသဆိုင်ရာ စီမံကိန်းနဲ့ ရုရှား-တရုတ် ပူးတွဲ သုတေသန စခန်းတို့ကို စွမ်းအင်ထောက်ပံ့ရေး လာမယ့် ဆယ်စုနှစ်အတွင်း လပေါ်မှာ နျူကလီးယား စွမ်းအင်သုံး စက်ရုံ တစ်ခု ထားရှိဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာကြီးရဲ့ တစ်ခုတည်းသော သဘာဝ ဂြိုဟ်တုကြီးကို လေ့လာဖို့ အဓိက အင်အားကြီး နိုင်ငံတွေက အလျင်အမြန် ကြိုးပမ်းနေကြချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၁၉၆၁ ခုနှစ်မှာ ဆိုဗီယက် အာကာသယာဉ်မှူး ယူရီ ဂါဂါရင်ဟာ အာကာသထဲသို့ သွားရောက်တဲ့ ပထမဆုံး လူသား ဖြစ်လာခဲ့ပြီးနောက် ရုရှားက အာကာသလေ့လာရေးမှာ ထိပ်ဆုံးက ရှိနေတဲ့ အင်အားကြီးနိုင်ငံအဖြစ် ရုရှားက သူကိုယ်သူ ဂုဏ်ယူနေပါတယ်။

ဒါပေမဲ့ မကြာသေးခင် ဆယ်စုနှစ်တွေက ရုရှားဟာ အမေရိကန် နောက်မှာ ကျန်ရစ်ခဲ့ပြီး တရုတ်ရဲ့ ပြိုင်ဆိုင်မှုကလည်း ပိုများလာပါတယ်။

ရုရှားရဲ့ ရည်မှန်းချက်တွေအတွက် ၂၀၂၃ ခုနှစ် သြဂုတ်လက ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ရှိခဲ့ပြီး သူတို့ရဲ့ လူမပါတဲ့ လူနာ-၂၅ ယာဉ်ဟာ ဆင်းသက်ဖို့ ကြိုးစားချိန် လမျက်နှာပြင်နဲ့ တိုက်မိခဲ့ပါတယ်။

ရုရှားနိုင်ငံပိုင် အာကာသလုပ်ငန်းစုကြီး Roscosmos က လစွမ်းအင် စက်ရုံကို ၂၀၃၆ မတိုင်ခင် တည်ဆောက်ဖို့ စီစဉ်ထားပြီး တည်ဆောက်ရေးအတွက် Lavochkin Association အာကာသကုမ္ပဏီနဲ့ စာချုပ် လက်မှတ်ရေးထိုးထားကြောင်း ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

စူစမ်းရေးယာဉ်တွေ လေ့လာရေး စခန်းနဲ့ ရုရှား တရုတ် ပူးတွဲ နိုင်ငံတကာ လသုတေသန စခန်း တို့ အပါအဝင် ရုရှားရဲ့ လစီမံကိန်းကို စွမ်းအင်ပေးဖို့ ရည်ရွယ်ပြီး အခုလို စီစဉ်တာ ဖြစ်တယ်လို့ Roscosmos က ပြောပါတယ်။

မိမိတို့ ကော်ပိုရေးရှင်းရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုကတော့ လပေါ်မှာ နျူကလီးယား စွမ်းအင်သုံး စက်ရုံတစ်ခု ထားရှိပြီး ကမ္ဘာရဲ့ ညီအစ်မဂြိုဟ်လို့ သိရတဲ့ ဗီးနပ်စ်ဂြိုလ်ကို လေ့လာဖို့ ဖြစ်တယ်လို့ Roscosmos ခေါင်းဆောင် ဒီမီထရီ ဘာကာနော့ဗ်က ဇွန်လအတွင်းမှာ ပြောထားပါတယ်။

ကမ္ဘာကနေ မိုင်ပေါင်း ၂၃၈၈၅၅ အကွာမှာ ရှိတဲ့ လကြောင့် ကမ္ဘာပေါ်မှာ လှိုင်းလုံးတွေ ဖြစ်စေနိုင်ပြီး ရာသီဥတု တည်ငြိမ်မှုနဲ့ အများကြီး သက်ဆိုင်နေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.