ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ တိုက်ခိုက်ပြီး အနိုင်ယူလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန် အစီရင်ခံစာ တစ်ရပ်မှာ ဖော်ပြထားပါတယ်။

တရုတ်ကနေ ရေမိုင် ၂၀၀၀ အထိ တိုက်ခိုက်မှုတွေ လုပ်ဆောင်တာ အပါအဝင် သတ္တဝါဆိုး တစ်ကောင်လို အင်အားမျိုးကို သုံးပြီး ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်မယ့် အစီအစဉ်ကို တရုတ်က အနည်းငယ် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ပင်တဂွန်ရဲ့ အစီရင်ခံစာမှာ ရေးပါတယ်။

ရိုက်တာသတင်းဌာနက ကြည့်ရှုခွင့် ရရှိခဲ့ပြီး တရုတ်ရဲ့ စစ်ရေး ရည်မှန်းချက်တွေကို လေ့လာထားတဲ့ အဲဒီအစီရင်ခံစာမှာ ဘေဂျင်းဟာ သူတို့ရဲ့မြေအောက်ကျီ အသစ် သုံးခုမှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အစင်း ၁၀၀ လောက် ဖြည့်တင်းထားဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။

ထိုင်ဝမ်နဲ့ပတ်သက်တဲ့ စစ်ပွဲ တစ်ပွဲ ဖြစ်လာရင် တရုတ်က အမေရိကန် စစ်တပ်ကို အနိုင်ရလိမ့်မယ်လို့ အမေရိကန် အစိုးရရဲ့ နိုဝင်ဘာလက လေ့လာချက်မှာ ပြောထားတာကြောင့် အခု အစီရင်ခံချက်နဲ့ ပတ်သက်လို့ ဝါရှင်တန်မှာ စိုးရိမ်မှုတွေ မြင့်တက်လာနိုင်ပါတယ်။

ထိုင်ဝမ်ကို သူတို့ ကိုယ်ပိုင်နယ်မြေ တစ်ခုလို့ ရှုမြင့်ထားတဲ့ တရုတ်က သူတို့ အုပ်ချုပ်မှု အောက်ထားရှိရေး အင်အားသုံးဖို့လိုရင် အင်အား သုံးမယ်လို့ ပြောထားပါတယ်။

စစ်အင်အား တည်ဆောက်နေတယ်ဆိုတဲ့ ဖော်ပြချက်တွေဟာ တရုတ်ကို အသရေဖျက်ဖို့ နိုင်ငံတကာကို တလွဲထင်မှတ်စေအောင် တမင်တကာ ကြိုးပမ်းမှု ဖြစ်တယ်လို့ တရုတ်က ပြောထားပါတယ်။

ဒါပေမဲ့ တရုတ်က ၂၀၂၇ ခုနှစ် အကုန်မှာ ထိုင်ဝမ်ကို တိုက်ခိုက်ပြီး အနိုင်ယူဖို့ ကြိုတင် ပြင်ဆင်နေတယ်လို့ ပင်တဂွန်က ပြောထားတာကြောင့် အာရှ-ပစိဖိတ်ဒေသတွင်း ပဋိပက္ခ တစ်ခုခုမှာ အမေရိကန် ဝင်ပါမှုအတွက် သိသာတဲ့ စိန်ခေါ်မှု အနှောင့်အယှက် ဖြစ်မှု ဖြစ်လာနိုင်ပါတယ်။

မွန်ဂိုးလီးယားနဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ် အနီးရှိ မြေအောက် ကျီတွေထဲမှာ တရုတ်က လောင်စာခဲသုံး တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် အစင်း ၁၀၀ ဖြည့်တင်းထားတယ်လို့ အမေရိကန် စစ်တပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပေမယ့် ပစ်မှတ်တွေ ဘာဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

အဲဒီလို ဒုံးကျည် ပစ်လွှတ်ဖို့ ဖြည့်တင်းထားတဲ့ နေရာတွေ တရုတ်မှာ ရှိနေကြောင်း ပင်တဂွန်က အရင်ကလည်း ပြောကြားခဲ့ပေမယ့် ဖြည့်တင်းထားတဲ့ ဒုံးကျည် အရေအတွက်နဲ့ ပတ်သက်လို့ အခုလို ပြောကြားတာ မရှိခဲ့ပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က တရုတ်၊ ရုရှားတို့နဲ့ နျူကလီးယား လက်နက် ကင်းစင်ရေး အစီအစဉ် တစ်ရပ် စတင်ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်တယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်က ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားပုံ မရဘူးလို့ အမေရိကန် စစ်တပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို အစီအစဉ်မျိုး ဒါမှမဟုတ် ပိုပြီးပြည့်စုံတဲ့ လက်နက် ထိန်းချုပ်ရေး အစီအစဉ်တွေကို ဘေဂျင်းက လိုလားတဲ့ လက္ခဏာ မတွေ့ရဘူးလို့ အမေရိကန်က ပြောပါတယ်။

တရုတ်ရဲ့ နျူကလီးယား ထိပ်ဖူး အရေအတွက်ဟာ ၂၀၂၄ က ၆၀၀ ကျော် လောက်မှာပဲ ရှိသေးတာကြောင့် အရင်နှစ်ကထုတ်လုပ်မှု နှုန်းနဲ့ ယှဉ်ရင် ထုတ်လုပ်မှု နှေးကွေးနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ တရုတ်က နျူကလီးယား လက်နက်တွေ တိုးချဲ့ ထုတ်လုပ်နေပြီး ၂၀၃၀ ခုနှစ်ရောက်ရင် နျူကလီးယား ထိပ်ဖူး ၁၀၀၀ ကျော် ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပင်တဂွန်က ပြောပါတယ်။

တရုတ်က ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရေးနဲ့ ကိုယ်က အရင်ဆုံး အသုံးမပြုဆိုတဲ့ နျူကလီးယား ဗျူဟာကို လိုက်နာနေတယ်လို့ ပြောထားပါတယ်။

သမ္မတဒေါ်နယ် ထရန့်ကတော့ နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ပြန်လည် စတင်စေလိုတယ်လို့ ပြောထားပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.