တီဟီရန်၊ ဇူလိုင် ၁၄

အမေရိကန်က အီရန်ကို တတိယမြောက် ဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန် ဟောမု့ဇ် ရေလက်ကြားရှိ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ရဲ့ သင်္ဘော နှစ်စီးကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ အိန္ဒိယ သင်္ဘောသား တစ်ဦး သေဆုံးပြီး တခြား သင်္ဘောသား ၈ ဦး ဒဏ်ရာရရှိကြောင်းနဲ့ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှု ဖြစ်ကြောင်း ယူအေအီးက ပြောပါတယ်။

ဂျော်ဒန်နဲ့ ဘာရိန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောပါတယ်။

စီးပွားဖြစ် သင်္ဘောတွေကို အီရန်က တိုက်ခိုက်နိုင်စွမ်းကို ကြိုတင် တားဆီးတဲ့ အနေနဲ့ အီရန်ရှိ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်က ပြောပါတယ်။

ဒီအတောအတွင်း ရေလက်ကြား ပိတ်ထားမှုနဲ့အတူ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာပြီး ဇူလိုင် ၁၄ ရက်က ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေအနေနဲ့ ဖြတ်သန်းခ ၂၀ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ကြောင်း အီရန်က ပြောထားပါတယ်။

အီရန်နဲ့ အမေရိကန်ကြား တိုက်ခိုက်မှုတွေ တတိယမြောက် အပြန်အလှန် ဖြစ်ပွားပြီးမြောက် အခုလို အီရန်က တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အခုလ စောစောပိုင်းက ရေနံစိမ်း ဈေးနှုန်း လျော့ကျသွားခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားနေချိန် ရေနံ ဈေးနှုန်းတွေ ပြန်လည် မြင့်တက်လာပါတယ်။

ရေနံဈေးနှုန်း ဆက်လက် မြင့်တက်နေပြီး ၃ ရာခိုင်နှုန်း မြင့်တက်နေပြီး တစ်စည်ကို ၈၆ ဒသမ ၀၇ နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

အိုမန်ရှိ လီးမား ကမ်ရိုးတန်းအလွန်မှာ ဗြိတိန် သင်္ဘောနှစ်စီး ပစ်ခတ် တိုက်ခိုက်ခံခဲ့ရကြောင်း ဗြိတိန် ရေကြောင်း ကုန်သွယ်ရေးဌာနက ပြောပါတယ်။

ဟောမု့ဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို အဖိုးအခ ၂၀ ရာခိုင်နှုန်း ကောက်ခံမှု လက်ခံနိုင်မှု မရှိကြောင်း သင်္ဘောကုမ္ပဏီတွေက တုံ့ပြန်ထားပါတယ်။

ဒီအတောအတွင်း အီရန်က ပင်လယ်ကွေ့ရှိ အမေရိကန် စစ်အခြေစိုက် စခန်းတွေကို အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.