အီရန်ရဲ့ စွမ်းအင်တည်နေရာတွေကို တိုက်ခိုက်မယ်လို့ ထရန့် ခြိမ်းခြောက်

ကိုင်ရို၊ ဒူဘိုင်း၊ ဝါရှင်တန်၊ ဇူလိုင် ၁၅

တီဟီရန်အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည် မစတင်ရင် လာမယ့် သီတင်းပတ်အတွင်း အီရန်ရဲ့ စွမ်းအင်တည်နေရာတွေနဲ့ တံတားတွေကို တိုက်ခိုက် ဖျက်ဆီးမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ပြီး ဇူလိုင် ၁၄ ရက်မှာ အီရန် ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့ထားမှု ပြန်လည် ပြုလုပ်လိုက်ပါတယ်။

ဟောမု့ဇ် ရေလက်ကြားက ဖြတ်သန်းသွားတဲ့ စီးပွားဖြစ် သင်္ဘောတွေအပေါ် အီရန်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ဆက်လက် လျှော့ချရေး အမေရိကန်က တိုက်ခိုက်မှုတွေကို ထပ်မံ ပြုလုပ်နေတယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားပြီးနောက် အီရန်က ဟောမု့ဇ် ရေလက်ကြားကို ထပ်ပြီး ပိတ်ထားလိုက်ပါတယ်။

လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ လများစွာကြာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လက နှစ်နိုင်ငံကြား ရက်ပေါင်း ၆၀ ကြာ အပစ်အခတ် ရပ်စဲရေး သဘောတညီမှု တစ်ရပ် ရယူခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အီရန်ရဲ့ စွမ်းအင်ပစ်မှတ်တွေကို နောက်ဆုံးအနေနဲ့ တိုက်ခိုက်မှာ ဖြစ်ပေမယ့် အဆုံးစွန်အနေနဲ့ အီရန် စွမ်းအင်ပစ်မှတ်တွေကို တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း Fox News သတင်းဌာနနဲ့ အင်တာဗျူးအတွင်း ထရန့်က ပြောပါတယ်။

နောက်သီတင်းပတ်မှာ စွမ်းအင် အဆောက်အဦတွေ ပစ်မှတ်ထားခံရမှာ ဖြစ်ပြီး အဲဒီနောက် သီတင်းပတ်ကျရင်တော့ တံတားတွေ ပစ်မှတ်ထားခံရပါလိမ့်မယ်လို့ ထရန့်က ဆိုပါတယ်။

၁၉၄၉ ဂျီနီဗာ သဘောတူညီမှု အရ စစ်ပွဲအတွင်း လူသားချင်း စာနာထောက်ထားရေးအနေနဲ့ အရပ်သားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ နေရာတွေ တိုက်ခိုက်မှုကို တားမြစ်ထားပါတယ်။

အမေရိကန် ညှိနှိုင်းရေးမှူးတွေက အီရန် အရာရှိတွေဆီ ဆက်သွယ်ထားပြီး သဘောတူညီမှု တစ်ရပ် ရယူရင် ပိုကောင်းလို့ ပြောဆိုထားကြောင်း ထရန့်က ပြောပါတယ်။

ဂျော်ဒန်နိုင်ငံ အဇာရက်မြို့ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း အီရန် စစ်တပ်က ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။’

ဘာရိန်းနဲ့ ကူဝိတ်မှာ ရှိတဲ့ လက်နက်များနဲ့ သိုလှောင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောထားပါတယ်။

ကူဝိတ်စစ်တပ်က အီရန်ရဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ ပြောကြားပြီး စစ်အခြေစိုက် စခန်းမှာ မီးလောင်ကျွမ်းမှုကို အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။

ရေလက်ကြားရှိ အီရန်မြို့ ဖြစ်တဲ့ ဘန်ဒါ အဘတ်စ်မြို့ကို အမေရိကန်က တိုက်ခိုက်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ရုံးက ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အမေရိကန်အနေနဲ့ မိမိတို့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် တင်းကြပ်ပြီး၊ စီးပွားရေးအရ ဆက်လက် ပိတ်ဆို့ရင် မိမိတို့ ညှိနှိုင်းဆွေးနွေးလာမယ်လို့ ထင်မှတ်ထားရင် မှားလိမ့်မှာ ဖြစ်ကြောင်း အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာဇန် ကာရီဘာဘာဒီက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဟောမု့ဇ် ရေလက်ကြားကနေ ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို အီရန်က တိုက်ခိုက်မှုကြောင့် သင်္ဘောသား ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း အမေရိကန်က ပြောထားပါတယ်။

Ref:The Strait Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.