2025

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ နှစ်ကုန်ပိုင်းမှာ တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်ဆို

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ တိုက်ခိုက်ပြီး အနိုင်ယူလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန် အစီရင်ခံစာ တစ်ရပ်မှာ ဖော်ပြထားပါတယ်။ တရုတ်ကနေ ရေမိုင် ၂၀၀၀ အထိ တိုက်ခိုက်မှုတွေ လုပ်ဆောင်တာ အပါအဝင် သတ္တဝါဆိုး တစ်ကောင်လို အင်အားမျိုးကို သုံးပြီး ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်မယ့် အစီအစဉ်ကို တရုတ်က…

မုန်းမြို့နယ်မှာ စစ်မှုထမ်းတပ်သား သုံးဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

မုန်း၊ ဒီဇင်ဘာ ၂၄ ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား သုံးဦးဟာ KNLA ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ သူတို့ သုံးဦးဟာ ဒီဇင်ဘာ ၂၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၈)ထံ ဘက်ပြောင်းခိုလှုံလာတာ ဖြစ်ပါတယ်။ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားတွေဟာ အသက်…

ဗင်နီဇွဲလားရှိ သံတမန်တွေရဲ့ မိသားစုတွေကို ရုရှား ဘေးလွတ်ရာ ပြောင်းရွှေ့ပေး

ကာရာကတ်စ်၊ ဒီဇင်ဘာ ၂၄ အမေရိကန်ရဲ့စစ်ရေး လှုပ်ရှားမှုတွေ ပိုများလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ရုရှားက ဗင်နီဇွဲလားရှိ သံတမန်တွေရဲ့ မိသားစုတွေကို စတင်ပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေပြီ ဖြစ်ပါတယ်။ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ဗင်နီဇွဲလားရှိ အခြေအနေကို မကျေမနပ်နဲ့ လေ့လာနေတယ်လို့ ဥရောပ ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောပါတယ်။ ရုရှား သံတမန်တွေရဲ့ မိသားစုတွေကို…

စစ်အာဏာသိမ်း (၁၇၈၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၂၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၄ AAPP ရဲ့ ဒီဇင်ဘာ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၈၇) ရက်အတွင်း ပြည်သူ (၇၆၂၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၇၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၀၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ Facebook အကောင့်ပိုင်ရှင် ၉ ဦးကို ဖမ်းဆီးအမှုဖွင့်ခံရ

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၄ စစ်ကော်မရှင် ဦးဆောင်တဲ့ ရွေးကောက်ပွဲကို လူမှုကွန်ရက်စာမျက်နှာမှာ အများပြည်သူ အထင်အ မြင်လွဲမှားစေဖို့ ရေးသားဖြန့်ဝေသူတွေနဲ့ ပြန်လည်မျှဝေတဲ့ Facebook အကောင့်ပိုင်ရှင် ၉ ဦးကို ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာတွေကနေ သိရပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ၂၀၂၅ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး…

ပြည်တွင်းရွှေဈေး စံချိန်သစ် ထပ်တင်

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၄ ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းဟာ မြန်မာ့ ရွှေသမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ဖူးတဲ့ စံချိန်တင်ဈေးနှုန်း ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီဇင်ဘာပထမအပတ်က အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၈၇ သိန်းဝန်းကျင်သာ ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကျပ် ၉၂ သိန်းကျော်အထိ…

ရေဖြူတိုက်ပွဲမှာ သားအမိနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

ရေဖြူ၊ ဒီဇင်ဘာ ၂၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ညင်းထွေးနဲ့ဇီးကျကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း သားအမိ နှစ်ဦး သေဆုံးပြီး အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေး တပ်ဖွဲ့တွေထံကနေ သိရပါတယ်။ အင်အား ၄၀ ကျော်နဲ့ မိုးကုတ်ဝိပသနာကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ…

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် တရုတ်ထုတ် ဒရုန်းတွေကို အမေရိကန် တားမြစ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃ DJI နဲ့ Autel တို့လို ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ တရုတ်နိုင်ငံထုတ် ဒရုန်း အသစ်တွေ အမေရိကန် ဈေးကွက်ထဲ ဝင်ရောက်စေရေး တားဆီးမှုအနေနဲ့ အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင်က နိုင်ငံခြားထုတ် ဒရုန်း အသစ်တွေကို တားမြစ်သွားမယ်လို့ ဒီဇင်ဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်း၊…

ရုရှား လေတပ် အခြေစိုက်စခန်းထဲက ဒေါ်လာ သန်း ၁၀၀ တန် လေယာဉ် နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း ပြော

ကိဗ်၊ ဒီဇင်ဘာ ၂၃ ရုရှား လေတပ် အခြေစိုက် စခန်းတစ်ခုထဲကို မိမိတို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ခိုးဝင်ပြီး စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ တိုက်လေယာဉ် နှစ်စီးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။ ရှေ့တန်း စစ်မျက်နှာနဲ့ မိုင်ရာချီ အဝေးမှာ ရှိတဲ့ အခြေစိုက်စခန်းတွေကို မိမိတို့ ဝင်ရောက် တိုက်ခိုက်နိုင်စွမ်း…

လောင်းလုံးမှာ စစ်ကြောင်းက ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထား

လောင်းလုံး၊ ဒီဇင်ဘာ ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဒေသခံပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စခန်းကြီးကျေးရွာထဲ ဝင်ရောက်လာပြီးနောက် လမ်းမှာတွေ့တဲ့ ရွာခံ အမျိုးသား၊…